Connect with us

Africa & Middle East

အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲမတိုင်မီ ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ဆော်ဒီအာရေဗျနိင်ငံ ဂျက်ဒါမြို့တွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်မန် အယ်လ်ဆော့ဒ် (ယာ) နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ ၂၀၂၅ ခုနှစ် မတ် ၁၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ- Saudi Press Agency/Handout via Xinhua)

ဂျက်ဒါ၊ ဆော်ဒီအာရေဗျ၊ မတ် ၁၁ ရက် (ဆင်ဟွာ)
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်မန် အယ်လ်ဆော့ဒ်က ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့၌ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုအား မတ် ၁၀ ရက်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း Al-Arabiya ရုပ်သံက ထုတ်လွှင့်ဖော်ပြခဲ့သည်။
ရူဘီယိုမှာ အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့၏ တွေ့ဆုံဆွေးနွေးပွဲအတွက် ပင်လယ်ကမ်းခြေမြို့ဖြစ်သည့် ဂျက်ဒါသို့ မတ် ၁၀ ရက် အစောပိုင်းက ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုမှာ မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ဂျက်ဒါမြို့တွင် ရှိနေမည်ဖြစ်ကာ ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်မည့် သမ္မတထရမ့်၏ ရည်ရွယ်ချက်ကို ဆက်လက်အကောင်အထည်ဖော်ရန် ၎င်းအနေဖြင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၉ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)
……………………………………………………………………..
(English Version)
Saudi crown prince meets with Marco Rubio ahead of U.S.-Ukraine talks
JEDDAH, Saudi Arabia, March 10 (Xinhua) — Saudi Crown Prince Mohammed bin Salman Al Saud met visiting U.S. Secretary of State Marco Rubio in Jeddah, Saudi Arabia, on Monday, Al-Arabiya TV reported.
Earlier on Monday, Rubio arrived in the coastal city for a meeting between U.S. and Ukrainian delegations.
The U.S. State Department said in a statement on Sunday that Rubio would stay in Jeddah from Monday to Wednesday, during which he would meet with a Ukrainian delegation “to advance the President (Trump)’s goal to end the Russia-Ukraine war.”
English Caption
Saudi Crown Prince Mohammed bin Salman Al Saud (R) meets with U.S. Secretary of State Marco Rubio in Jeddah, Saudi Arabia, on March 10, 2025. (Saudi Press Agency/Handout via Xinhua)