Connect with us

North America

ထရမ့်၏ “အမေရိကန် အိပ်မက်” က အိပ်မက်ဆိုးဟု ဆိုနိုင်၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍက”အမေရိကန် အန္တရာယ်ကို ဖယ်ရှားရန်” စဉ်းစားလျက်ရှိ ဟု ဂျပန်မီဒီယာ ဖော်ပြ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ မတ် ၁၅ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့် စတင်သည့် စည်းကြပ်ခွန်စစ်ပွဲက ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေး စနစ်ကို ကျဉ်းထဲကျပ်ထဲသို့ ကျရောက်စေကြောင်း၊ ၎င်း၏ “အမေရိကန် အိပ်မက်” က ကမ္ဘာအတွက် အိပ်မက်ဆိုးဟုပင် ဆိုနိုင်ကြောင်း ဂျပန်စီးပွားရေးသတင်းစာ Nikkei ဝက်ဘ်ဆိုက်၌ မကြာမီရက်ပိုင်းက Nikkei အဆင့်မြင့် သုံးသပ်သူ၊ အယ်ဒီတာအဖွဲ့ဝင် Toru Takahashi အမည်ဖြင့်ရေးသားဖော်ပြသည့် ဆောင်းပါးတွင် ထောက်ပြထားသည်။ ဆောင်းပါး၏ အကျဉ်းချုပ်အကြောင်းအရာမှာ –

ထရမ့်သည် ယခုလ ဟောပြောပွဲတစ်ခုတွင် သမ္မတ တာဝန်ယူပြီးနောက် “အောင်မြင်မှု ရလဒ်များ” ကို ကြွားလုံးထုတ်ခဲ့ပြီး “အမေရိကန် အိပ်မက်က ယခင်က မကြုံစဖူး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတယ်” ဟု ဆိုခဲ့ကြောင်း၊ သို့သော် “ထရမ့် ၂.၀” ၏ “အမေရိကန် အိပ်မက်” သည် ကမ္ဘာအတွက်ဆိုလျှင် အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး စည်းကြပ်ခွန်စစ်ပွဲက ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေးစနစ်ကို ကျဉ်းထဲကျပ်ထဲသို့ ကျရောက်စေသည်မှာ သိသာထင်ရှားမှု အရှိဆုံးသော ဥပမာဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ဧပြီ ၂ ရက်မှစ၍ အမေရိကန်က “အလားတူ စည်းကြပ်ခွန်” စတင်မည် ဖြစ်ကြောင်း၊ “အလားတူ စည်းကြပ်ခွန်” ၏ ပစ်မှတ်ဖြစ်သွားသည်မှာ အမေရိကန်အပေါ် ကုန်သွယ်ရေးပိုငွေ ကွာဟမှု များပြားပြီး စည်းကြပ်ခွန်နှုန်းထား မြင့်မားသော နိုင်ငံနှင့်ဒေသများ ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ ၂၀၂၄ ခုနှစ် ကုန်သွယ်ရေး ကိန်းဂဏန်းများကို ကြည့်မည်ဆိုလျှင် လိုငွေပြပမာဏများသော ထိပ်တန်းနိုင်ငံနှင့် ဒေသ ၁၅ ခုတွင် ၉ ခုက အာရှတိုက်တွင် ရှိကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကိန်းဂဏန်းများအရ အမေရိကန် ကျင့်သုံးသော အခွန်နှုန်းထားကို ကျော်လွန်သည့် နိုင်ငံများမှာ အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ် စသည်တို့ ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။

ယင်းမှာ ကမ္ဘာ့စီးပွားရေးစည်းစနစ်သည် လမ်းဆုံလမ်းခွတွင် ရှိနေပြီး လွတ်လပ်သော ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုသည့် အမေရိကန်အပေါ် နိုင်ငံအသီးသီးအနေဖြင့် မည်သို့ ကိုင်တွယ်ဖြေရှင်းမည့်နည်းလမ်းမှာ နိုင်ငံတကာ စည်းစနစ်ကို ဧရာမ အပြောင်းအလဲကြီး ဖြစ်စေမည်ဟု ဆိုနိုင်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

အမေရိကန် ယခင်အစိုးရက ထောက်ပံ့ရေးကွင်းဆက် “အန္တရာယ်ဖယ်ရှားရေး” ကို အကြီးအကျပ် ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် ယနေ့တွင် “ကုန်သွယ်ရေးလိုငွေ ဟူသော ဆိုးရွားသည့် သီအိုရီ” ကို လက်လွတ်စပယ် မြှင့်တင်ဆောင်ရွက်ခြင်း၊ စည်းကြပ်ခွန်စစ်ပွဲ အဆက်မပြတ် အရှိန်မြှင့်ဆောင်ရွက်ခြင်း တို့အား လုပ်ဆောင်နေသော အမေရိကန် အစိုးရသစ်သည် ကမ္ဘာ့စီးပွားရေးလုံခြုံမှုကို ခြိမ်းခြောက်သည့် အန္တရာယ်ဖြစ်နေကြောင်း၊ ဤကဲ့သို့ ကြီးမားသည့် မရေရာမှုများကို ရင်ဆိုင်ရာတွင် ကမ္ဘာတစ်ဝန်း ကုမ္ပဏီလုပ်ငန်းများက ဤအကြောင်းရင်းကြောင့် “အမေရိကန် အန္တရာယ် ဖယ်ရှားရေး” အတွေးဖြစ်ပေါ်လာခြင်းမှာလည်း အံဩဖွယ်မရှိကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။ (Xinhua)
———————
(Chinese Version)
全球瞭望|日媒:特朗普“美国梦”堪称噩梦 产业界考虑“去美国风险”
新华社东京3月15日电(记者刘春燕)《日本经济新闻》网站日前刊登日经高级评论员、编委高桥彻的署名文章指出,美国总统特朗普发起的关税大战使全球自由贸易体制陷入危机,他的“美国梦”对世界来说堪称一场噩梦。文章摘要如下:
特朗普在本月的一次演讲中夸耀就任以来的“成果”,称“美国梦正前所未有地蓬勃发展”。然而,“特朗普2.0”的“美国梦”对世界来说是一场噩梦,发动关税战让全球自由贸易体制陷入危机就是最明显的例子。
4月2日起,美国将发起“对等关税”。成为“对等关税”目标的是所谓对美贸易顺差巨大且关税税率较高的国家和地区。从美国2024年贸易数据来看,逆差额靠前的15个国家和地区,有9个位于亚洲。根据世界贸易组织数据,超过美国执行关税税率的国家有印度、韩国、泰国和越南等。
可以说,世界经济秩序正处于十字路口,对于无视自由贸易规则的美国,各国采取怎样的应对方式将会使国际秩序发生巨大变化。
美国上一届政府大搞所谓供应链“去风险”,而如今,大肆宣扬“贸易逆差恶性论”、不断升级关税战的美国新一届政府已成为威胁世界经济安全的风险。面对如此大的不确定性,全球企业由此产生“去美国风险”的想法也不足为奇。(完)
1. 2025年2月13日,美国总统特朗普在华盛顿白宫出席记者会。新华社记者 胡友松 摄