Connect with us

Europe

ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့၏ အဓိက အဖွဲ့ဝင်များကို ဇယ်လန်းစကီး ကြေညာ

ကိဗ်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများအတွက် နိုင်ငံတကာမှ မိတ်ဖက်များနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ရန် တာဝန်ပေးထားသော ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းသည့် အမိန့်ကြေညာချက်တစ်ရပ်အား ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက မတ် ၁၅ ရက်၌ လက်မှတ်ရေးထိုးခဲ့သည်။အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရန် ယူကရိန်းသမ္မတရုံး အကြီးအကဲ အန်ဒရေ ယာမက်ခ်အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း အွန်လိုင်းမှ ထုတ်ပြန်သော အမိန့်ကြေညာချက်အရ သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့ရှိ ဘုရင်အဗ္ဗဒူလာဇစ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (ဝဲ) အား ၂၀၂၅ ခုနှစ် မတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Saudi Press Agency/Handout via Xinhua)

ယင်းကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဗီဟာ၊ ကာကွယ်ရေးဝန်ကြီး ရူစတမ် အူမာရော့ဗ်နှင့် သမ္မတရုံး ဒုတိယအကြီးအကဲ ပက်ဗလို ပါလစ်ဆာတို့လည်း ပါဝင်ကြောင်း သိရသည်။ ယာမက်ခ်၊ ဆီဘီဟာ၊ အူမာရော့ဗ်နှင့် ပါလစ်ဆာတို့မှာ ယခုသီတင်းပတ် အစောပိုင်းက ဆော်ဒီအာရေဗျနိုင်ငံတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ (Xinhua)

—————————-
(English Version)
Zelensky unveils key members of Ukrainian delegation for peace talks
KIEV, March 15 (Xinhua) — Ukrainian President Volodymyr Zelensky on Saturday signed an order on the makeup of a delegation tasked with interacting with international partners on peace efforts.
According to the order published online, Andriy Yermak, head of Zelensky’s office, has been appointed to lead the delegation.
The team also includes Foreign Minister Andrii Sybiha, Defense Minister Rustem Umerov and Deputy Head of the President’s Office Pavlo Palisa. Earlier this week, Yermak, Sybiha, Umerov and Palisa had a meeting with a U.S. delegation in Saudi Arabia. ■
English Caption 1
Ukrainian President Volodymyr Zelensky (2nd L) is seen at King Abdulaziz International Airport in Jeddah, Saudi Arabia, on March 10, 2025. (Saudi Press Agency/Handout via Xinhua)
English Caption 2
Ukrainian President Volodymyr Zelensky (L) arrives at King Abdulaziz International Airport in Jeddah, Saudi Arabia, on March 10, 2025. (Saudi Press Agency/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.