Connect with us

Media

ရုရှား- ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ရှိ အကြောင်းအရာများစွာ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်း ထရမ့် ဆို

ဝါရှင်တန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် မတ် ၁၈ ရက်တွင် ရုရှား သမ္မတ ပူတင်နှင့် အတူ ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်း၍ဆွေးနွေးရန် ဖုန်းဖြင့်ဆက်သွယ်သွားမည်ဖြစ်ကြောင်း လူမှုမီဒီယာ “Truth Social” ၌ မတ် ၁၇ ရက်က ရေးသားဖော်ပြခဲ့သည်။ နောက်ဆုံး သဘောတူညီမှုစာချုပ်ရှိ အကြောင်းအရာများစွာသည် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် မဖြေရှင်းရသေးသော ကိစ္စရပ်များစွာ ရှိနေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထောင်နှင့်ချီသော လူငယ်တပ်သားများ ရုရှား- ယူကရိန်း စစ်မြေပြင်တွင် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကာ ထိုပဋိပက္ခမှာ ယခု အဆုံးသတ်ရမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
၎င်းအနေဖြင့် ပူတင်နှင့် ဖုန်းပြောဆိုရန် “အလွန်ပင် မျှော်လင့်” ကြောင်း ပြောကြားခဲ့သည်။
ပူတင်နှင့် ထရမ့်သည် ဖေဖော်ဝါရီ ၁၂ ရက်က ဖုန်းဖြင့်ဆက်သွယ်ကာ ယူကရိန်းအခြေအနေစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ဖူးသည်။ (Xinhua)
……………………………..
(Chinese Version)
特朗普说俄乌停火协议许多内容已达成一致
新华社华盛顿3月18日电 美国总统特朗普17日在社交媒体平台“真实社交”上发文说,他将于18日同俄罗斯总统普京通话,讨论结束乌克兰危机问题。特朗普说,最终协议的许多内容已经达成一致,但仍有许多问题尚未解决。
特朗普说,数千名年轻的士兵正在俄乌战场上丧生,冲突现在必须结束。
特朗普说,他“非常期待”同普京的通话。
普京与特朗普曾于2月12日通电话,讨论乌克兰局势等问题。(完)
图说:这是2019年6月28日在日本大阪拍摄的参加G20峰会的美国总统特朗普(右)和俄罗斯总统普京。新华社/美联

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.