Media
ညာဘက်ပေါင်တွင် အရွတ်ဒဏ်ရာရရှိသဖြင့် ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ဖာလန်မန်ဒီက ရာသီကုန်အထိ အနားယူရမည်
မက်ဒရစ်၊ မေ ၅ ရက် (ဆင်ဟွာ)
အက်စ်ပန်ညိုအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော မေ ၃ ရက်က ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ဖာလန် မန်ဒီအနေဖြင့် ပေါင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ကလပ်အသင်းက အတည်ပြုပြီးနောက် ၎င်းမှာ ရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲချိန် ၁၅ မိနစ်ခန့်အကြာ၌ မန်ဒီက ကွင်းမှ ထွက်ခွာခဲ့ရပြီး ဖရန် ဂါစီယာက အစားထိုးဝင်ရောက်ကစားခဲ့သည်။
“ကျွန်တော်တို့ရဲ့ကစားသမား ဖာလန် မန်ဒီရဲ့ညာဘက်ခြေထောက်မှာ အရွတ်ဒဏ်ရာရသွားကြောင်း ရီးရဲလ်မက်ဒရစ် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေကနေ ယနေ့ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုတွေအရ စစ်ဆေးတွေ့ရှိခဲ့ပါတယ်” ဟု ကလပ်အသင်းက ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်တွင် မေ ၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
ယင်းမှာ နောက်ခံလူ မန်ဒီ၏ ရာသီတစ်ခုအတွင်း ပဉ္စမမြောက်ဒဏ်ရာဖြစ်ပြီး ယခုရာသီတွင် ၎င်းက ပထမအသင်းအတွက် ကိုးပွဲသာ ကစားခဲ့ရသည်။ ၂၀၁၉ ခုနှစ်တွင် အိုလံပစ်လိုင်ယွန်မှ ပြောင်းရွှေ့လာပြီးကတည်းက ဘယ်နောက်ခံလူ မန်ဒီအတွက် ဒဏ်ရာပြဿနာများ ဆက်တိုက်ဖြစ်လာခဲ့ပြီး ခုနစ်နှစ်အတွင်း ၂၁၀ ပွဲသာ ကစားနိုင်ခဲ့ကာ တစ်ရာသီတည်းတွင် လိဂ်ပွဲ ၂၆ ပွဲထက်ပို၍ ကစားနိုင်ခြင်းမရှိခဲ့ပေ။
ရီးရဲလ်မက်ဒရစ်အသင်းက နောက်ခံလူ မန်ဒီအနေဖြင့် မည်မျှကြာကြာ အနားယူရဖွယ်ရှိသည်နှင့်ပတ်သက်၍ မကြေညာခဲ့သော်လည်း အရွတ်ထိခိုက်ဒဏ်ရာရပါက ၎င်းအနေဖြင့် ပြန်လည်ကောင်းမွန်လာရန် အချိန်ကြာကြာ လိုအပ်ပြီး တံကောက်ကြောအရွတ်ဒဏ်ရာအား ခွဲစိတ်ကုသပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရသော အီဒါ မီလီတာအိုကဲ့သို့ ခွဲစိတ်ကုသမှုပင် လိုအပ်နိုင်ကြောင်း သိရသည်။
လာမည့် မေ ၁၀ ရက်၌ ဘာစီလိုနာနှင့် ကစားရမည့် ချန်ပီယံရှစ်အဆုံးအဖြတ်ဖြစ်နိုင်ခြေရှိသော အဝေးကွင်းပွဲစဉ်မတိုင်မီ ရီးရဲလ်မက်ဒရစ်အသင်းတွင် အာဒါ ဂူလာ၊ ကိုင်လီယန် အမ်ဘာပေ၊ သီဘော့ထ် ကော်တိုအာနှင့် ဒါနီ ကာဗာဂျယ်တို့ကလည်း ဒဏ်ရာကြောင့် အနားယူနေရကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Real Madrid defender Mendy out for season with injured tendon in right thigh
MADRID, May 4 (Xinhua) — Real Madrid left back Ferland Mendy will miss the rest of the season after the club confirmed that he suffered a serious thigh injury in Sunday’s 2-0 win away to Espanyol.
Mendy had to leave the field after just 15 minutes of Sunday’s game and was replaced by Fran Garcia.
“Following tests carried out today on our player Ferland Mendy by the Real Madrid Medical Services, he has been diagnosed with a tendon injury in the rectus femoris of his right leg,” the club said on its official website on Monday.
It is the defender’s fifth injury of a season in which he has made just nine first-team appearances. Injuries have been a constant problem for the left back since he joined from Olympique Lyon in 2019, limiting him to 210 appearances in seven years and preventing him from making more than 26 league appearances in a single season.
Real Madrid did not say how long the defender is likely to be out, but if the tendon is affected, he will need a lengthy recovery and could even require an operation, like Eder Militao, who will miss the World Cup after undergoing surgery on a damaged hamstring tendon.
Real Madrid also has Arda Guler, Kylian Mbappe, Thibaut Courtois and Dani Carvajal sidelined through injury ahead of next Sunday’s possible title decider away to FC Barcelona. ■
