International Organizations
၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့တွင် အင်တာမီလန်က ဘိုင်ယန်မြူးနစ်ကို အနိုင်ယူ
ဧပြီ ၈ ရက်က ဘိုင်ယန်မြူးနစ်၏အိမ်ကွင်း Allianz Arena တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဘိုင်ယန်အသင်းက အင်တာမီလန်အား ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် အိမ်ကွင်း ၂၂ ပွဲ၌ ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့သည်။
ပွဲကစားချိန် မိနစ် ၃၀ တွင် ဘိုင်ယန်အသင်း၏ အားထားရသော တိုက်စစ်မှူး ဟယ်ရီကိန်း အနီးကပ် အပိုင်အခွင့်အရေး လွဲချော်မှုက ပွဲ၏အရှိန်အဟုန်ကို အလှည့်အပြောင်းဖြစ်စေခဲ့ပုံရသည်။ ဘိုင်ယန်အနေဖြင့် ဂိုးသွင်းခွင့်များ ဖြုန်းတီးခဲ့သည့်ဒဏ်ကို ပထမပိုင်းမပြီးဆုံးမီ၌ ခံစားခဲ့ရပြီး မားကပ်စ်သူရမ်၏ ခြေဖနောင့်ဖြင့်ပေါက်၍ ဖန်တီးပေးမှုကို လော်တာရို မာတီနက်ဇ်က ဂိုးဧရိယာအစပ်မှ လှလှပပ အဆုံးသတ်ကာ အင်တာအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ဟယ်ရီကိန်း၏ကန်ချက် လွဲချော်ခဲ့သလို ယန်းဆွမ်မာကလည်း ဂိုးကာကွယ်မှု ပြုလုပ်နိုင်ခဲ့သော်လည်း ပွဲကစားချိန် ၈၅ မိနစ်တွင် သောမတ်စ်မူလာက ကွန်ရက်ဒ် လိုင်မာ၏ ဖြတ်တင်ဘောပေးပို့မှုကို အနီးကပ်ပိတ်သွင်း၍ ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ သို့သော် ဘိုင်ယန်အနေဖြင့် ခဏသာ ပျော်ရွှင်ခွင့်ရခဲ့ပြီး သုံးမိနစ်အကြာမှာပင် ဒါဗစ်ဒီ ဖရက်တီစီက ကားလို့စ် အော်ဂတ်စတို၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂိုးသမားမရှိတော့သည့် ဂိုးပေါက်ထဲသို့ အပိုင်ကန်သွင်းကာ အင်တာအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။
သို့ဖြစ်ရာ ဘိုင်ယန်အနေဖြင့် ချန်ပီယံလိဂ်ဆုဖလား မျှော်လင့်ချက်များကို အသက်ဆက်နိုင်ရန်အတွက် အင်တာမီလန်၏အိမ်ကွင်း ဆန်စီရို၌ အနိုင်ရလဒ် ရယူနိုင်ရန် လိုအပ်နေပြီဖြစ်သည်။
…..
— မန်ချက်စတာယူနိုက်တက်အသင်း ဟောင်ကောင်၌ သရုပ်ပြပွဲ လာရောက်ကစားမည်
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းမှာ ဟောင်ကောင်အားကစားကွင်း၌ တရုတ် (ဟောင်ကောင်) အသင်းနှင့် သရုပ်ပြပွဲကစားရန် မေလအတွင်း ဟောင်ကောင်သို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲစဉ်အား မေ ၃၀ ရက် ဒေသစံတော်ချိန် ည ၈ နာရီတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားကာ အသေးစိတ် အကြောင်းအရာများကိုမူ ဟောင်ကောင်အသင်း မန်နေဂျာ အက်ရှ်လေ ဝက်စ်ဝုဒ်၊ တရုတ် (ဟောင်ကောင်) ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Fok Kai Shan နှင့် မန်ချက်စတာယူနိုက်တက်အသင်း ဂန္ထဝင်ကစားသမား ဒွိုက်ယော့ခ်တို့ တက်ရောက်မည့် ဧပြီ ၁၀ ရက် သတင်းစာရှင်းလင်းပွဲ၌ ကြေညာသွားမည်ဖြစ်သည်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ ယခုနွေရာသီ၌ ဟောင်ကောင်သို့ လာရောက်မည့် စတုတ္ထမြောက် ပရီးမီးယားလိဂ်ကလပ် ဖြစ်လာမည်ဖြစ်ပြီး အာဆင်နယ်၊ လီဗာပူးလ်နှင့် တော့တင်ဟမ်တို့ကမူ ရာသီကြို အစီအစဉ်အဖြစ် ဇူလိုင်လအတွင်း ဟောင်ကောင်သို့ လာရောက်မည်ဟု မကြာမီက ကြေညာထားပြီးဖြစ်သည်။
မန်ချက်စတာယူနိုက်တက်၏ အာရှခရီးစဉ်၌ ကွာလာလမ်ပူသို့လည်း သွားရောက်မည်ဖြစ်ပြီး ကွာလာလမ်ပူရှိ ပရိသတ် ၈၄,၀၀၀ ဆံ့သော ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်းတွင် မေ ၂၈ ရက်၌ ASEAN All Stars အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
…..
— အမျိုးသမီး နေးရှင်းလိဂ်ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ စပိန်က ပေါ်တူဂီကို ဂိုးပြတ်အနိုင်ယူ
ဧပြီ ၈ ရက် ညပိုင်းက ဆယ်လ်တာဗီဂိုအသင်း၏ Balaidos အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ အမျိုးသမီး နေးရှင်းလိဂ်ပြိုင်ပွဲတွင် စပိန်အသင်းက ပေါ်တူဂီအသင်းအား အိမ်ကွင်း၌ ၇-၁ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပြီး အုပ်စုတွင်းပြိုင်ဘက် အင်္ဂလန်အသင်းအား ဖိအားပေးနိုင်ခဲ့သည်။
လက်ရှိကမ္ဘာ့ချန်ပီယံ စပိန်အမျိုးသမီးအသင်းမှာ ဧပြီ ၄ ရက် အဝေးကွင်းပွဲစဉ်တွင် ပေါ်တူဂီအား ၄-၂ ဂိုးဖြင့် အနိုင်ယူရန် ခက်ခက်ခဲခဲ ကစားခဲ့ရသော်လည်း ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင်မူ သိသိသာသာ ကွာခြားသွားခဲ့ပြီး စပိန်အသင်းက ပထမပိုင်းမှာပင် ၄-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
အမျိုးသမီး Ballon d’Or ဆုရှင် အိုင်တာနာ ဘွန်မာတီက ၎င်းအနေဖြင့် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမားအဖြစ် အဘယ်ကြောင့် သတ်မှတ်ခံရသနည်းဆိုသည်ကို သက်သေပြခဲ့ပြီး ပွဲကစားချိန် ၈ မိနစ်အကြာတွင် ပေါ်တူဂီဂိုးဧရိယာအပြင်ဘက်၌ နေရာလွတ်ရရှိချိန်တွင် ဘယ်ခြေဖြင့် ဝေ့ဝိုက်ကန်သွင်း၍ သွင်းဂိုးရယူနိုင်ခဲ့သည်။
…..
— ၂၀၂၈ လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရယူနိုင်ရန် တရုတ်အမျိုးသမီး ဘော်လီဘောအသင်း ရည်မှန်း
ယမန်နှစ် ပဲရစ် အိုလံပစ်ပြိုင်ပွဲတွင် ပဥ္စမရရှိခဲ့သည့် တရုတ်အမျိုးသမီး ဘော်လီဘောအသင်းအနေဖြင့် လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပမည့် ၂၀၂၈ နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရယူနိုင်ရန် ရည်မှန်းထားကြောင်း အမျိုးသမီးဘော်လီဘောအသင်း၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ဧပြီ ၈ ရက်၌ ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ကာ လက်ရွေးစင်အသင်း၏ တိုးတက်မှုများကို မြှင့်တင်ရန် အရေးကြီးကြောင်း တရုတ်နိုင်ငံ အားကစားရေးရာ အထွေထွေစီမံခန့်ခွဲရေးဌာန၏ ဘော်လီဘောအားကစား စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး Lai Yawen က ဧပြီ ၈ ရက်၌ ပြုလုပ်သည့် တရုတ်ဘော်လီဘောပြိုင်ပွဲ စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)
…………………
(English Version)
Inter stuns Bayern in UEFA Champions League quarterfinal first leg
Bayern Munich suffered its first Champions League home defeat in 22 matches, falling 2-1 to Inter Milan in the first leg of their quarterfinal at the Allianz Arena on Tuesday.
The usually reliable Kane missed a golden opportunity from close range on the half-hour mark, a moment that seemed to shift the momentum. Inter punished Bayern’s wastefulness just before the break, when Lautaro Martinez finished brilliantly from the edge of the area after Marcus Thuram’s backheel assist.
Kane fired wide and was later saved by Sommer, but it was Muller who finally drew Bayern level in the 85th minute, converting Konrad Laimer’s cross from close range. But their joy was short-lived. Just three minutes later, Inter caught Bayern on the break and Carlos Augusto found Davide Frattesi, who slotted the winner into an empty net.
Bayern now heads to the San Siro needing a comeback to keep its Champions League hopes alive.
…..
Manchester United to play exhibition match in Hong Kong
English Premier League side Manchester United will visit Hong Kong in May to play an exhibition match against China’s Hong Kong team at the Hong Kong Stadium.
The match is scheduled to kick off at 8 PM on May 30. Specific details will be revealed during a press conference on April 10, which will feature the Hong Kong team manager Ashley Westwood, Hong Kong China Football Association president Fok Kai Shan, and Manchester United legend Dwight Yorke.
Manchester United will be the fourth Premier League team to visit Hong Kong this summer, following Arsenal, Liverpool, and Tottenham Hotspur, who recently announced their pre-season plans to come in July.
The Red Devils’ Asia tour will also include a fixture in Kuala Lumpur where they will take on ASEAN All Stars in the 84,000-capacity Bukit Jalil National Stadium in Kuala Lumpur on May 28.
…..
World champion Spain thrashes Portugal in Women’s Nations League
Spain put the pressure on England in its UEFA Women’s Nations League group with a comfortable 7-1 win at home to Portugal at Celta Vigo’s Balaidos Stadium on Tuesday night.
The reigning world champion had had to work hard to beat Portugal 4-2 away on Friday, but the return fixture was a very different story as Spain was 4-0 ahead at half-time.
Women’s Ballon d’Or holder Aitana Bonmati then showed why she is considered the best female player in the world when she was given space outside the Portugal area to curl in a left-footed shot after eight minutes.
…..
Chinese women’s volleyball team aims for podium at LA28
After a fifth-place finish at the Paris Olympics last year, the Chinese women’s volleyball team is now setting its sights on a podium finish at Los Angeles 2028, said a senior volleyball official on Tuesday.
At the Chinese volleyball league’s summary and planning conference held on Tuesday, Lai Yawen, director of the volleyball management center of the General Administration of Sport of China, highlighted the importance of bolstering the national team’s development in anticipation of the Los Angeles Olympic cycle.