Connect with us

International Organizations

နှစ်သင်းပေါင်း ၉ ဂိုးသွင်းယူခဲ့သည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပီအက်စ်ဂျီ-ဘိုင်ယန် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် ပီအက်စ်ဂျီက ကျဉ်းမြောင်းသည့်ရလဒ်ဖြင့် အနိုင်ရရှိ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ပါ့ခ် ဒီပရင့်စ် အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်က ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ပီအက်စ်ဂျီအသင်းမှ ဝေါ်ရင် ဇိုင်ရာ-အမ်မရီ (ဝဲ) နှင့် ဘိုင်ယန်မြူးနစ်အသင်းမှ ဂျမားလ် မူစီယာလာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ဧပြီ ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရသများ ပေးစွမ်းနိုင်ခဲ့သော ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်၌ ပီအက်စ်ဂျီက ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်း၌ ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမအကျော့တွင် နှာတစ်ဖျား အသာစီးယူနိုင်ခဲ့သည်။
ယခုပွဲစဉ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် သွင်းဂိုးအများဆုံး ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ပွဲချိန် ၁၇ မိနစ်တွင် ဟယ်ရီကိန်းက ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သော်လည်း ပီအက်စ်ဂျီက ပထမပိုင်းတွင် ခဗစ်ချာ ခဗာရက်စကယ်လီယာ၊ ဂျာအို နဲဗက်စ်၊ အူစမန် ဒမ်ဘီလီတို့၏ သွင်းဂိုးများဖြင့် တုံ့ပြန်နိုင်ခဲ့သည်။

လူးဝစ်စ် ဒီယက်ဇ်အား ဝီလီယန် ပါချို လျှောထိုးဖျက်ထုတ်ရာမှ ဘိုင်ယန်အသင်း ပင်နယ်တီရရှိခဲ့ရာ ကိန်းက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။ သို့သော် ပီအက်စ်ဂျီက မကြာမီ ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ ဘိုင်ယန်ဂိုးသမား မာနူအယ် နော်ယာနှင့် တစ်ဦးချင်းအတွေ့တွင် ဒမ်ဘီလီ အခွင့်အရေးကို အသုံးမချနိုင်ခဲ့သော်လည်း ခဗာရက်စကယ်လီယာက ဘိုင်ယန်နောက်ခံလူ ဂျိုဆစ် စတန်နီဆစ်ကို ကျော်ဖြတ်ကာ အဝေးထောင့်ဆီသို့ ကန်သွင်း၍ ချေပဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပွဲချိန် ၃၃ မိနစ်တွင် ဒမ်ဘီလီကန်တင်ပေးသည့် ထောင်ကန်ဘောမှတစ်ဆင့် နဲဗက်စ်က ခေါင်းတိုက်၍ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ပထမပိုင်းပြီးဆုံးရန် ၄ မိနစ်အလိုတွင် မိုက်ကယ် အိုလစ်ဆေးက နေရာလွတ်ထဲသို့ ဆွဲဝင်ကာ ဂိုးဧရိယာအစပ်မှ ကန်သွင်း၍ ဘိုင်ယန်အတွက် ပြန်လည်ချေပခဲ့သည်။ သို့သော် ပထမပိုင်းပြီးခါနီးတွင် ပီအက်စ်ဂျီက ဦးဆောင်ဂိုးပြန်လည်ရရှိသွားပြီး ဒမ်ဘီလီ၏ ဖြတ်တင်ဘောပေးပို့မှုကို အယ်လ်ဖွန်ဆို ဒေးဗီးစ် ရှင်းထုတ်ရာတွင် လက်ထိခဲ့သဖြင့် VAR ပြန်ကြည့်ပြီးနောက် ပီအက်စ်ဂျီကို ပင်နယ်တီကန်သွင်းခွင့်ပြုခဲ့ရာ ဒမ်ဘီလီက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ပီအက်စ်ဂျီက ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်တွင် ညာခြမ်း၌ နေရာလွတ်ရရှိထားသည့် အက်ချ်ရက်ဖ် ဟာကီမီ၏ ဖန်တီးပေးမှုကို ခဗာရက်စကယ်လီယာက ယခုပွဲစဉ်၌ ၎င်းအတွက် ဒုတိယဂိုးကို သွင်းယူခဲ့သလို နှစ်မိနစ်အကြာတွင်လည်း ဒမ်ဘီလီက ဒါယော့ အူပါမီကာနိုကို ကျော်ဖြတ်ကာ ပဥ္စမဂိုးသွင်းယူခဲ့သည်။

သို့သော် ဘိုင်ယန်ကလည်း အကြိတ်အနယ် တုံ့ပြန်ကစားလာခဲ့သည်။။ ပွဲကစားချိန် ၆၅ မိနစ်တွင် ဂျိုရှူအာ ကင်းမစ်ချ်၏ ဖရီးကစ်ကန်တင်ပေးမှုကို အူပါမီကာနိုက ခေါင်းတိုက်၍ ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သလို ၃ မိနစ်အကြာတွင် ကိန်း၏ အဝေးဘောပေးပို့မှုကို ဒီယက်ဇ်က တစ်ချက်ထိန်း၍ မာကွင်ဟိုစ်ကို ကျော်ဖြတ်ကာ နောက်ထပ်ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည်။။ အဆိုပါဂိုးအား VAR ပြန်ကြည့်ပြီးနောက် ဂိုးအဖြစ်ခွင့်ပြုခဲ့သည်။
ပွဲချိန်နှောင်းပိုင်းတွင် ဆန်နီ မာယူလူ၏ ကန်ချက်မှာ ဂိုးဘားတန်းနှင့်ထိခဲ့သလို ထပ်ဆောင်းအချိန်ပိုတွင် ကင်းမစ်ချ်၏ ခေါင်းတိုက်ချက်ကိုလည်း ပီအက်စ်ဂျီနောက်ခံလူ ပါချိုက ဂိုးစည်းအနီးမှ ရှင်းထုတ်နိုင်ခဲ့သည်။ သို့ဖြစ်၍ ပီအက်စ်ဂျီအနေဖြင့် မြူးနစ်သို့ သွားရောက်ကစားမည့် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ သွင်းဂိုးတစ်ဂိုး အသာရရှိထားမည်ဖြစ်သည်။

“ဒီလိုအပြန်အလှန် သူတင်ကိုယ်တင် ကစားတာမျိုးကို မျှော်လင့်ထားပြီးသား ဖြစ်နိုင်ပေမဲ့ ဒီလောက်အထိ တိုက်စစ်ဖွင့်ကစားလိမ့်မယ်လို့တော့ ထင်ကြမှာမဟုတ်ပါဘူး။ သုံးဂိုးရှုံးနေပြီးမှ တစ်ဂိုးတည်းကပ်ရှုံးခဲ့တာကတော့ ထူးဆန်းပါတယ်။ အထူးသဖြင့်တော့ ပွဲပြီးခါနီးမှာ ကျွန်တော်တို့ ချေပဂိုးရခဲ့သင့်တယ်။ ပီအက်စ်ဂျီက ကစားအားကျနေပြီလေ” ဟု ကင်းမစ်ချ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ဒမ်ဘီလီကလည်း “တိုက်စစ်အားကောင်းတဲ့ အသင်းနှစ်သင်း ရင်ဆိုင်တွေ့ခဲ့တဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲပါပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ကျွန်တော်တို့ အာရုံစူးစိုက်မှုအပြည့်နဲ့ တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့တယ်။ ဘိုင်ယန်က ဘယ်အချိန်မှာမဆို ပြန်လာနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ အရေးအကြီးဆုံးအရာကတော့ တစ်သမတ်တည်း အာရုံစိုက်နိုင်ဖို့ပါပဲ” ဟု ဆိုသည်။ (Xinhua)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ပါ့ခ် ဒီပရင့်စ် အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်က ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ပီအက်စ်ဂျီအသင်းမှ ခဗစ်ချာ ခဗာရက်စကယ်လီယာ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ပါ့ခ် ဒီပရင့်စ် အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်က ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းမှ ဟယ်ရီကိန်း ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

……………….
(English Version)
PSG edges Bayern in nine-goal Champions League semifinal thriller
PARIS, April 28 (Xinhua) — Paris Saint-Germain took a narrow advantage in the UEFA Champions League semifinals after a thrilling 5-4 home win over Bayern Munich in the first leg on Tuesday.
It was the highest-scoring semifinal in the competition’s history. Harry Kane’s 17th-minute penalty gave Bayern the lead, but PSG responded through Khvicha Kvaratskhelia, Joao Neves and Ousmane Dembele before halftime.
Kane converted after Willian Pacho’s sliding challenge on Luis Diaz. PSG soon hit back. After Dembele missed a one-on-one chance against goalkeeper Manuel Neuer, Kvaratskhelia equalized by beating Josip Stanisic and finishing into the far corner.
Neves then headed in Dembele’s corner in the 33rd minute. Michael Olise restored parity for Bayern four minutes before halftime, driving into space and scoring from the edge of the area. PSG regained the lead on the stroke of halftime when Alphonso Davies handled Dembele’s cross and Dembele converted from the spot after a VAR review.
PSG continued to press after the break. Achraf Hakimi found space on the right and Kvaratskhelia completed his double in the 56th minute, before Dembele beat Dayot Upamecano and struck in off the inside of the post two minutes later.
Bayern, however, fought back to keep the tie alive. Upamecano headed in Joshua Kimmich’s free kick in the 65th minute, and Diaz reduced the deficit again three minutes later after controlling Kane’s long pass, escaping Marquinhos and finishing. The goal stood after a VAR check.
Senny Mayulu struck the woodwork late on and Pacho cleared a Kimmich header near the line in stoppage time. PSG will take a one-goal lead to Munich for the return leg.
“It was the kind of exchange you could expect, but not that it would be so open. It feels strange to lose by one goal after being three goals down. Especially in the end, we should have equalized. Paris was tired,” said Kimmich.
“It was a good game between two teams with strong attacking qualities, but in the end, we decided it in our favor. We managed to stay calm and focused. We know Bayern can always come back. The most important thing is to stay focused,” said Dembele.
English Caption 1
PSG’s Warren Zaire-Emery (L) vies with Bayern Munich’s Jamal Musiala during the UEFA Champions League semi-final first leg football match between Paris Saint-Germain (PSG) and Bayern Munich at the Parc des Princes in Paris, France, April 28, 2026. (Photo by Henri Szwarc/Xinhua)
English Caption 2
PSG’s Khvicha Kvaratskhelia celebrates after scoring during the UEFA Champions League semi-final first leg football match between Paris Saint-Germain (PSG) and Bayern Munich at the Parc des Princes in Paris, France, April 28, 2026. (Photo by Henri Szwarc/Xinhua)
English Caption 3
Bayern Munich’s Harry Kane celebrates after scoring during the UEFA Champions League semi-final first leg football match between Paris Saint-Germain (PSG) and Bayern Munich at the Parc des Princes in Paris, France, April 28, 2026. (Photo by Henri Szwarc/Xinhua)