Connect with us

Environment, Disasters & Accidents

မိုင်းခတ်မြို့ ၏ မြောက်ဘက် (၁၈)မိုင်ခန့်အကွာ တွင် အင်အား၄.၄အဆင့်ရှိငလျင်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့ ၏ မြောက်ဘက် (၁၈)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁.၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၃၆ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၅၅)မိနစ်၊ (၂၉)စက္ကန့် အချိန်တွင် ငလျင်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး အဆိုပါငလျင်လှုပ်ရှားမှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးကဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.