Connect with us

International Organizations

ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာသူ အရေအတွက် သမိုင်းစံချိန်သစ်တင်ဟု ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း (IOM) ဆို

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂါဇာမြို့တွင် နေရပ်စွန့်ခွာခဲ့ရသော ကလေးငယ်အား ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မေ ၁၄ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာသူ အရေအတွက်မှာ ၈၃.၄၀ သန်းအထိရှိလာရာ သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း (IOM) က ပြည်တွင်းနေရပ်စွန့်ခွာမှု အခြေအနေ စောင့်ကြည့်ရေးစင်တာ၏ မေ ၁၃ ရက်က ထုတ်ပြန်သော “၂၀၂၅ ခုနှစ် ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာမှုဆိုင်ရာ အစီရင်ခံ” ကို ကိုးကား၍ အဆိုပါနေ့တွင် ပြောကြားခဲ့သည်။

စဉ်ဆက်မပြတ်သော ပဋိပက္ခနှင့် အကြမ်းဖက် လှုပ်ရှားမှုများသည် လူအများ နေရပ်စွန့်ခွာရခြင်း၏ အဓိကအကြောင်းရင်းများပင် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပဋိပက္ခနှင့် အကြမ်းဖက် လှုပ်ရှားမှုများကြောင့် နေရပ်စွန့်ခွာသူ အရေအတွက်မှာ ၆ နှစ်တာကာလအတွင်း ၈၀ ရာခိုင်နှုန်း တိုးမြှင့်လာပြီး ၇၃.၅၀ သန်းရှိလာကြောင်း၊ ဆူဒန်နိုင်ငံတွင် ပဋိပက္ခများကြောင့် လူဦးရေ ၁၁.၆၀ သန်း နေရပ်စွန့်ခွာရပြီး ယင်းကလည်း ထိုနိုင်ငံအား လက်ရှိ ကမ္ဘာတစ်ဝန်းတွင် နေရပ်စွန့်ခွာသူ အရေအတွက်အများဆုံးနိုင်ငံဖြစ်လာစေခဲ့ကြောင်း၊ ထို့အပြင် လွန်ခဲ့သောနှစ် နှစ်ကုန်ပိုင်းအထိ ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေအားလုံးနီးပါးသည် နေရပ်စွန့်ခွာနေရသည့် အခြေအနေတွင်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာသူ အရေအတွက်မှာ လွန်ခဲ့သည့် ၁၀ နှစ်တာ ကာလ ပျမ်းမျှတန်ဖိုး၏ နှစ်ဆရှိရာ ၄၅.၈၀ သန်း အထိရှိလာကြောင်း၊ ယင်းအနက် လူအများစုမှာ ထိုနှစ်တွင်ပင် နေရပ်သို့ ပြန်နိုင်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ လူဦးရေ ၉.၈၀ သန်းနီးပါးမှာ သဘာဝဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာနေရဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ထပ်မံဖော်ပြထားခဲ့သည်။

“တကယ်လို့ ရဲရင့်ပြီး ညှိနှိုင်းဆောင်ရွက်မှုတစ်သားတည်းရှိတဲ့ လုပ်ဆောင်မှုမျိုး ချမှတ်လုပ်ဆောင်တာမရှိဘူးဆိုရင် ပြည်တွင်း နေရပ်စွန့်ခွာသူ အရေအတွက်က ဆက်ပြီး လျင်မြန်စွာ တိုးမြှင့်လာမှာဖြစ်တယ်ဆိုတာကို ဒီကိန်းဂဏန်းတွေက အတိအလင်း သတိပေးထားတယ်” ဟု IOM ညွှန်ကြားရေးမှူးချုပ် Amy Pope က ပြောကြားခဲ့သည်။ (Xinhua)

သဲဖုန်ထူထပ်သော ရာသီဥတုအောက်တွင် ဂါဇာမြို့ရှိ နေရပ်စွန့်ခွာသူများ စုဝေးနေထိုင်သောနေရာတစ်ခုကို ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
国际移民组织:全球境内流离失所人数创历史新高
新华社日内瓦5月13日电(记者石松)国际移民组织13日援引境内流离失所情况监测中心当日发布的《2025年全球境内流离失所报告》表示,截至2024年年底,全球境内流离失所者达8340万,创历史新高。
报告显示,持续的冲突和暴力活动仍是导致人员流离失所的主要原因。截至2024年年底,因冲突和暴力活动导致流离失所的人数6年来增长了80%,达到7350万人。在苏丹,冲突导致1160万人流离失所,这也使该国成为目前全球境内流离失所人数最多的国家。此外,截至去年年底,加沙地带几乎所有人口都处于流离失所状态。
报告还显示,2024年,灾害造成的流离失所人数约为过去10年平均值的两倍,达到4580万人。虽然其中大部分人在当年得以返回家园,但截至2024年年底,仍有约980万人因灾害而流离失所。
国际移民组织总干事艾米·波普表示:“这些数字发出了明确警告:如果不采取大胆且协调一致的行动,境内流离失所者的数字将继续迅速增长。”(完)
图说1:这是4月7日在加沙地带北部加沙城拍摄的流离失所的儿童。新华社发(马哈茂德·扎基摄)
图说2:这是4月30日在加沙城拍摄的沙尘天气下的流离失所者聚集区。新华社发(里泽克·阿卜杜勒贾瓦德摄)