Connect with us

Europe

ပင်လယ်ပြင်ကိုဖြတ်၍ ဥရောပတိုက်သို့ဝင်ရောက်လာသော ရွှေ့ပြောင်းအခြေချသူ သုံးသိန်းခွဲ အထိရှိလာရောင်း IOM ထုတ်ပြန်

မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပတိုက်သို့ ဝင်ရောက်လာသော ရွှေ့ ပြောင်းအခြေချသူများအားတွေ့ ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဒီဇင်ဘာ ၄ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ်အတွင်း မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပတိုက်သို့ဝင်ရောက်လာသော ရွှေ့ပြောင်းအခြေချသူ နှင့် ဒုက္ခသည် ဦးရေမှာ ၃၅ဝ,၅၇၃ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများအဖွဲ့(IOM) က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အီတလီနိုင်ငံကမ်းခြေသို့ဆိုက်ရောက်လာသူဦးရေမှာ စံချိန်တင်ပမာဏ ၁၇၃,၁၈၈ ဦး ရှိကြောင်း ၊ ဂရိနိုင်ငံထဲသို့ဝင်ရောက်လာသည့် ရွှေ့ပြောင်းအခြေချသူမှာ ၁၇၁,၇၅၁ ဦး ရှိကြောင်း သိရသည်။ထို့ပြင် စပိန်နိုင်ငံသို့၅,၄၄၅ ဦး နှင့် ဆိုက်ပရက်စ်နိုင်ငံသို့၁၈၉ ဦး အသီးသီးရောက်ရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ မှ လက်ရှိအချိန်အထိ ဥရောပတိုက်သို့ဝင်ရောက်ခဲ့သော ရွှေ့ပြောင်းအခြေချသူဦးရေသည် ၂ဝ၁၅ ခုနှစ် ကာလတူအချိန်အတွင်း ( ၈၈၃,ဝဝဝ ဦး) ဖြင့်နှိုင်းယှဉ်ပါက လျော့နည်းသွားကြောင်း ၊ ယခုနှစ်အတွင်း ရွှေ့ပြောင်းအခြေချသူများ သေဆုံးမှု ဦးရေသည် မြင့်တက်ခဲ့ကြောင်း သိရသည်။

IOM ၏ ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း ဥရောပတိုက်သို့ဝင်ရောက်နိုင်ရန် မြေထဲပင်လယ်ကို ကူးဖြတ်စဉ် ရေနစ်သေဆုံးခဲ့ရသော ကလေးငယ်၊အမျိုးသမီး နှင့် အမျိုးသားဦးရေ မှာ ၄,၆၉၉ ဦးရှိကြောင်း ၂ဝ၁၅ ခုနှစ်ယင်းကာလအတွင်း သေဆုံးသူဦးရေမှာ ၃,၅၆၇ ဦးရှိခဲ့ကြောင်း သိရသည်။အာဖရိကတိုက် မြောက်ပိုင်းမှ မြေထဲပင်လယ်ကိုဖြတ်၍ အီတလီနိုင်ငံသို့ဝင်ရောက်မည့် လမ်းကြောင်းပေါ်တွင် သေဆုံးခဲ့ရသည့် ရွှေ့ပြောင်းအခြေချ ဦးရေမှာ ၄,၂၀၇ ဦး ရှိကြောင်း သိရသည်။မြေထဲပင်လယ် အရှေ့ဘက် လမ်းကြောင်းတွင် သေဆုံးခဲ့သူ ဦးရေမှာ ၄၂၉ ဦးရှိပြီး အနောက်ဘက် လမ်းကြောင်းတွင် သေဆုံးသူ ဦးရေမှာ ၆၃ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.