China
ဝန်ကြီးချုပ် လီချန်၏ အရှေ့တောင်အာရှ ခရီးစဉ် သက်ဆိုင်ရာအစီအစဉ်အကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မိတ်ဆက်ပြောကြား

ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မေ ၂၄ ရက်မှ ၂၆ ရက်အထိ အင်ဒိုနီးရှားနိုင်ငံအား တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မေ ၂၆ ရက်မှ ၂၈ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူ၌ ကျင်းပသည့် အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေး တက်ရောက်သွားမည်ဖြစ်သည်။ အဆိုပါ သက်ဆိုင်ရာ အခြေအနေအား တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က မေ ၂၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မိတ်ဆက်ပြောကြားခဲ့သည်။
မော်နင်က တရုတ်နှင့် အင်ဒိုနီးရှားသည် ပင်လယ်ခြားတည်ရှိနေသော ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံ၊ အေးအတူပူအမျှသည့် ရင်းနှီးသောမိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်-အင်ဒိုနီးရှား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် တည်ငြိမ်စွာ တိုးတက်လာလျက်ရှိပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ များစွာရရှိထားကာ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုသည်လည်း ပြည်သူများ စိတ်နှလုံးတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယမန်နှစ်က သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ပရာဘိုဝို ဆူဘီယန်တို တို့သည် နှစ်ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးတွင် လွှမ်းမိုးမှုရှိသော တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အရေးကြီး သဘောတူညီချက်များ ရရှိခဲ့ကာ နှစ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ တက်ရောက်ရေးအတွက် ဦးဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ် ခရီးစဉ်အတွင်း ဝန်ကြီးချုပ် လီချန်သည် သမ္မတ ပရာဘိုဝို ဆူဘီယန်တို စသည့် အင်ဒိုနီးရှား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး၍ တရုတ်-အင်ဒိုနီးရှား အဆင့်မြင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် ထဲထဲဝင် ကူးလူးဖလှယ်မှုများ လုပ်ဆောင်သွားပြီး စက်မှုစီးပွားကဏ္ဍ လှုပ်ရှားမှုအခမ်းအနားများကိုလည်း တက်ရောက်သွားမည်ဖြစ်ကြောင်း မော်နင်က မိတ်ဆက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ယခုအကြိမ် ခရီးစဉ်မှတစ်ဆင့် အင်ဒိုနီးရှားနှင့်အတူ အစဉ်အလာချစ်ကြည်ရေး တိုးတက်ပြန့်ပွားအောင်လုပ်ဆောင်ပြီး စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှု၊ ပင်လယ်ရေကြောင်း၊ လုံခြုံရေး “မဏ္ဍိုင်ကြီးငါးရပ်” ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းအား ဆက်လက်ခိုင်မြဲအောင် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း၊ ကိုယ်စီ၏ ခေတ်မီအသွင်ပြောင်းရေးလမ်းကြောင်းကို အတူလက်တွဲ ကောင်းမွန်စွာလျှောက်လှမ်း၍ တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှအသိုက်အဝန်း၏ ခေတ်ကာလအနှစ်သာရကို အဆက်မပြတ်ဖြည့်တင်းကာ ဒေသတွင်းနှင့် ကမ္ဘာကြီး တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုအတွက် ပိုမိုကြီးမားသော အကျိုးဆောင်ကြဉ်းပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မကြာမီ ပထမဆုံးအကြိမ်ကျင်းပမည့် အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေးနှင့် စပ်လျဉ်း၍ အာဆီယံနှင့် GCC နိုင်ငံများသည် အာရှတိုက် ထွန်းသစ်စ စီးပွားရေးအစုအဖွဲ့နှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အရေးပါသောအဖွဲ့ဝင်ဖြစ်သလို “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်သည့် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ မလေးရှားက တရုတ်-အာဆီယံ-GCC ထိပ်သီးအစည်းအဝေး ကျင်းပရန် အဆိုပြုမှုအား ထောက်ခံအားပေးကြောင်း၊ လက်ရှိနိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေ နောက်ခံတွင် သုံးဖက်အနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှု အစီအစဉ်အား အတူဆွေးနွေး၍ ဒေသဖြတ်ကျော် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် အရေးပါသည့်အနက်အဓိပ္ပာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ အာဆီယံ၊ GCC နိုင်ငံများနဲ့အတူ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ပြီး အားသာချက် အပြန်အလှန်ဖြည့်တင်းပေးမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်မှုကို အကောင်အထည်ဖော်ကာ နိုင်ငံစုံကုန်သွယ်ရေးစနစ်နဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများရဲ့ ဘုံအကျိုးစီးပွားကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားဖို့ မျှော်လင့်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
外交部发言人介绍李强总理东南亚之行相关安排
新华社北京5月22日电(记者袁睿、刘杨)应印度尼西亚共和国总统普拉博沃邀请,国务院总理李强将于5月24日至26日对印度尼西亚进行正式访问。应东盟轮值主席国马来西亚总理安瓦尔邀请,国务院总理李强将于5月26日至28日出席在马来西亚吉隆坡举行的东盟—中国—海合会峰会。外交部发言人毛宁22日在例行记者会上介绍了相关情况。
毛宁说,中国和印度尼西亚是隔海相望的友好邻邦、命运与共的亲密伙伴。今年是中印尼建交75周年。两国关系持续稳步发展,务实合作成果丰硕,传统友好深入人心。去年习近平主席同普拉博沃总统两度会晤,就构建具有地区和全球影响力的中印尼命运共同体达成重要共识,引领双边关系迈上新台阶。
毛宁介绍,此访期间,李强总理将同普拉博沃总统等印尼领导人会谈、会见,就深化中印尼高水平全方位战略合作深入交流,并出席工商界活动。中方期待通过此访,同印尼弘扬传统友谊,深化团结协作,持续夯实政治、经济、人文、海上、安全“五大支柱”合作格局,携手走好各自现代化道路,不断丰富中印尼命运共同体的时代内涵,为地区和世界的和平稳定与发展繁荣作出更大贡献。
就即将首次举行的东盟—中国—海合会峰会,毛宁说,东盟和海湾阿拉伯国家合作委员会国家都是亚洲新兴经济体和全球南方重要成员,也是共建“一带一路”重要合作伙伴。中方支持今年东盟轮值主席国马来西亚倡议举办东盟—中国—海合会峰会。在当前国际和地区形势背景下,三方共商团结合作、发展繁荣大计,促进跨区域互利合作,具有重要意义。
“中方期待同东盟、海合会国家拓展各领域务实合作,实现优势互补、互利共赢,共同维护多边贸易体制,捍卫全球南方共同利益。”毛宁说。(完)