China
တရုတ်-ဥရောပ ရထား “အရှေ့လမ်းကြောင်း” တွင် ယခုနှစ် ပထမငါးလအတွင်း စုစုပေါင်း ရထားအစီးရေ ၂,၀၀၀ ကျော် ပြေးဆွဲခဲ့

ဟားအယ်ပင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)
ယခုနှစ် ပထမငါးလ၌ တရုတ်-ဥရောပရထား “အရှေ့လမ်းကြောင်း” တွင် မောင်းနှင်ခဲ့သော ရထားအစီးရေ ၂,၀၀၀ ကျော် ရှိပြီး ဖြတ်သန်းသွားလာသော ပမာဏမှာ တရုတ်တစ်နိုင်ငံလုံး စုစုပေါင်းပမာဏ၏ ၂၆.၃ ရာခိုင်နှုန်း ရှိကြောင်း၊ ၎င်းတို့အနက် အပြန်ခရီးစဉ် ရထားသွားလာမှုပမာဏမှာ တစ်နိုင်ငံလုံးအပြန်ခရီးစဉ် စုစုပေါင်းပမာဏ၏ ၃၁.၉ ရာခိုင်နှုန်း ရှိရာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေး ဝန်ဆောင်မှုအတွက် စွမ်းအားသစ်များ ပိုမိုဖြည့်တင်းခဲ့ကြောင်း China Railway Harbin Group မှ သိရသည်။
တရုတ်-ဥရောပရထား “အရှေ့လမ်းကြောင်း” သည် မန်ကျိုးလီ၊ ဆွေဖန်းဟော်၊ ထုန်ကျန်း ရထားလမ်း နယ်စပ်ဂိတ်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လက်ရှိအချိန်အထိ ဖြတ်သန်းသွားလာနိုင်သော လမ်းကြောင်း ၂၇ ကြောင်း ရှိပြီဖြစ်ရာ ပိုလန်၊ ဂျာမနီ၊ နယ်သာလန် စသည့် နိုင်ငံ ၁၄ နိုင်ငံသို့ ရောက်ရှိနိုင်ပြီး တရုတ်နိုင်ငံ ချန်ရှား၊ ကျိန့်ကျိုး၊ ချိန်တူး၊ စူးကျိုး စသည့် မြို့ပေါင်း ၆၀ ကျော်နှင့် ချိတ်ဆက်ထားရာ တရုတ်နိုင်ငံနှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” လမ်းကြောင်းတစ်လျှောက်နိုင်ငံများနှင့် အပြန်အလှန် ချိတ်ဆက်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှု၏ အရေးကြီးသော ဆောင်ကြဉ်းရာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

China Railway Harbin Group ဆွေဖန်းဟယ်ဘူတာ ကွန်တိန်နာ ပြောင်းလဲတင်ဆောင်သည့် နေရာတွင် အပြန်ခရီးစဉ် တရုတ်-ဥရောပရထားက ပြောင်းလဲတင်ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

China Railway Harbin Group ဆွေဖန်းဟယ်ဘူတာမှ ဆန်းတုန်းပြည်နယ်သို့ မောင်းနှင်သွားသော အပြန်ခရီးစဉ် တရုတ်-ဥရောပ ရထားအား ၂၀၂၅ ခုနှစ် ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————
(Chinese Version)
中欧班列“东通道”今年前五个月累计开行超2000列
新华社照片,哈尔滨,2025年6月2日
记者从中国铁路哈尔滨局集团有限公司了解到,今年前5个月,经中欧班列“东通道”通行班列突破2000列,通行量占全国总量26.3%,其中回程班列通行量占全国回程总量31.9%,为服务高质量共建“一带一路”注入更多动能。 中欧班列“东通道”由满洲里、绥芬河、同江铁路口岸组成,截至目前,通行线路已达27条,可通达波兰、德国、荷兰等14个国家,联通我国长沙、郑州、成都、苏州等60余个城市,成为中国与“一带一路”沿线国家互联互通互惠的重要载体。
1. 6月2日,中国铁路哈尔滨局集团有限公司绥芬河站北场,一列入境换装后的回程中欧班列缓缓驶出(无人机照片)。 新华社发(曲艺伟摄)
2. 6月2日,中国铁路哈尔滨局集团有限公司绥芬河站集装箱换装场,回程中欧班列在进行换装作业(无人机照片)。
3. 6月2日,一回程中欧班列从中国铁路哈尔滨局集团有限公司绥芬河站驶向山东方向(无人机照片)。