International Organizations
ဖာဘီယန်ရုဇ်၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ယူ၍ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ တက်ရောက်

နယူးယောက်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ဇူလိုင် ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်အား ဖာဘီယန်ရုဇ်၏ ပထမပိုင်းသွင်းဂိုးနှစ်ဂိုး အပါအဝင် ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ရုဇ်၊ အူစမန် ဒမ်ဘီလီတို့၏ သွင်းဂိုးများဖြင့် ပီအက်စ်ဂျီက စောစောစီးစီး ၃ ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သလို ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် သုံးမိနစ်အလိုတွင် လူစားဝင်ကစားသမား ဂွန်ကာလို ရာမို့စ်က စတုတ္ထဂိုး ထပ်မံသွင်းယူခဲ့သည်။
ပြင်သစ်အမှတ်ပေးချန်ပီယံနှင့် ဥရောပချန်ပီယံ ပီအက်စ်ဂျီအနေဖြင့် ဗိုလ်လုပွဲအဖြစ် ဇူလိုင် ၁၃ ရက်တွင် အဆိုပါ အားကစားကွင်း၌ပင် ချဲလ်ဆီးနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။
ဥရောပကလပ်အသင်းချင်း ထိပ်တိုက်တွေ့ဆုံခဲ့သည့် အဆိုပါ ဆီမီးဖိုင်နယ်ပွဲစဉ်၌ ပီအက်စ်ဂျီက ပွဲအစကတည်းကပင် ကစားကွက်အသာဖြင့် ထိန်းချုပ်ထားခဲ့ပြီး ကွင်းလယ်ကစားသမား ရုစ် အတွင်းသို့ချိုးဝင်ကာ ကန်သွင်းမှုကို ဂိုးသမား ကော်တိုအာ ဒိုင်ဗင်ပစ်၍ ကာကွယ်ခဲ့ရသည်။
ပွဲကစားချိန် ၆ မိနစ်တွင် ရီးရဲလ်ခံစစ်ကစားသမား ရာအူးလ် အဆန်စီယို ဂိုးဧရိယာအတွင်း ဘောလုံးရှင်းထုတ်ရန် တုံ့ဆိုင်းနေစဉ် ကော်တိုအာ ရှေ့တက်၍ကာကွယ်ရာမှ လျှံထွက်လာသည့် ဘောလုံးကို ရုဇ်က ပိတ်သွင်းခဲ့သဖြင့် ပီအက်စ်ဂျီ ဦးဆောင်ဂိုးရရှိခဲ့သည်။
ထို့နောက် ရီးရဲလ်ကွင်းဘက်ခြမ်းတွင် နောက်ခံလူ အန်တိုနီယို ရူဒီဂါ၏ အမှားကို အခွင့်ကောင်းယူ၍ ဒမ်ဘီလီက ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်ကာ ဂိုးထပ်မံသွင်းယူနိုင်ခဲ့သည်။ ဘာစီလိုနာ ကစားသမားဟောင်းဖြစ်သူ ဒမ်ဘီလီမှာ ၂၀၂၅ ခုနှစ်အတွင်း ပီအက်စ်ဂျီအတွက် ၃၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၇ ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်သည်။
ပီအက်စ်ဂျီကပင် ဆက်တိုက်ဖိအားပေးကစားခဲ့ရာ ဒမ်ဘီလီ၏ ဖြတ်တင်ဘောပေးပို့မှုမှတစ်ဆင့် ရုစ်က ရီးရဲလ်ဂိုးသမား ကော်တိုအာကိုကျော်၍ အနိမ့်ဘောကန်သွင်းကာ တတိယဂိုးသွင်းယူခဲ့သည်။
ယခုပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အတွက် ထူးခြားသော အခိုက်အတန့်အနည်းငယ်ထဲမှ တစ်ခုမှာ ယမန်နှစ် နိုဝင်ဘာလက ရရှိခဲ့သည့် အရှေ့ဘက် ကြက်ခြေခတ်အရွတ်ဒဏ်ရာမှ သက်သာပျောက်ကင်းပြီးနောက် ပါဝင်ကစားခဲ့သည့် အီဒါ မီလီတို ပုံစံကောင်းပြသခဲ့ခြင်းပင်ဖြစ်သည်။
အဆိုပါ ဘရာဇီးနောက်ခံလူမှာ ပွဲချိန် ၆၄ မိနစ်တွင် လူစားဝင်လာပြီးနောက် ရီးရဲလ်ခံစစ်ပိုင်း ပိုမိုကျစ်လျစ်သွားအောင် စွမ်းဆောင်နိုင်ခဲ့သလို ပွဲချိန်နှောင်းပိုင်းတွင်လည်း ဂိုးသွင်းယူနိုင်ရန် နှစ်ကြိမ်တိုင်တိုင် နီးစပ်ခဲ့သည်။
သို့သော် ပီအက်စ်ဂျီ၏ ခံစစ်ပိုင်းက အလွန်မာကျောခဲ့သလို တိုက်စစ်ပိုင်း၏ သွင်းဂိုးဆာလောင်မှုကလည်း လျော့နည်းသွားခြင်းမရှိပေ။ ပွဲပြီးခါနီးတွင် ရာမို့စ်က ဘရက်ဒလေ ဘာကိုလာ၏ ပေးပို့မှုကို လက်ခံရယူပြီး ပြိုင်ဘက်နောက်ခံလူများကြားမှ သေသေသပ်သပ် လှည့်ထွက်ကာ အပြင်းကန်သွင်း၍ ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။ (Xinhua)
………………………………………………………………………………..
(English Version)
Ruiz brace sends PSG into Club World Cup final
NEW YORK, July 9 (Xinhua) — Fabian Ruiz scored two first-half goals as Paris Saint-Germain reached the FIFA Club World Cup final on Wednesday with a 4-0 rout of Real Madrid.
Ruiz struck either side of an assured Ousmane Dembele finish as PSG raced to an early 3-0 lead before substitute Goncalo Ramos added a fourth goal three minutes from time.
The reigning French and European champions will meet Chelsea in the final at the same venue on Sunday.
PSG took control from the outset in the all-European semifinal, with Ruiz cutting inside and forcing a diving save from goalkeeper Thibaut Courtois.
The Parisian outfit went ahead in the sixth minute when Raul Asencio dithered inside Real Madrid’s box and the ball fell to Ruiz, who slotted into an empty net after Courtois rushed off his line.
Dembele then finished clinically after Antonio Rudiger gave the ball away in his own half. The former Barcelona forward has now scored 27 goals in 33 games for his club in 2025.
PSG was in rampant form and Ruiz made it 3-0 by firing low past Courtois following Dembele’s cross.
One of the few highlights for Real Madrid was the encouraging form of Eder Militao, fit again after suffering the second anterior cruciate ligament injury of his career in November last year.
The Brazilian defender, who replaced Asencio in the 64th minute, helped tighten Madrid’s defense and twice went close to scoring late on.
But Paris Saint-Germain’s defense proved unbreakable, while at the other end, its appetite for goals remained undimmed. Ramos completed the rout by receiving Bradley Barcola’s pass and turning superbly out of trouble before rifling a shot past Courtois.