Connect with us

China

တရုတ်နိုင်ငံက လက်တွေ့လုပ်ဆောင်မှုများဖြင့် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို ဆက်လက်၍ တိုးချဲ့သွားဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ဇူလိုင် ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်နှင့် ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာခွင့်မူဝါဒ အကျိုးခံစားခွင့်ရှိသောနိုင်ငံအရေအတွက်ကို ၄၇ နိုင်ငံနှင့် ၅၅ နိုင်ငံအထိ အသီးသီးတိုးချဲ့လာခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လက်တွေ့လုပ်ဆောင်မှုများဖြင့် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို ဆက်လက်၍ တိုးချဲ့သွားပြီး နိုင်ငံအသီးသီးနှင့် အခွင့်အလမ်းများ အတူမျှဝေခံစားကာ အနာဂတ်ကို အတူဖန်တီးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တရုတ်၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် နိုင်ငံ၏ ရှည်ကြာသောသမိုင်းကြောင်းနှင့် ”ဆိုက်ဘာပန့်ခ် (Cyberpunk)” ခေတ်မီဆန်းပြားမှုကို ဖော်ပြရန် အထောက်အကူပြုပြီး တရုတ်၏ လန်းဆန်းတက်ကြွမှုကို ကမ္ဘာကြီးထံ ပြသခဲ့သည်ဟု အမေရိကန် “The Washington Post” ၊ Travel And Tour World ဝက်ဘ်ဆိုက်စသည့် မီဒီယာအချို့က မကြာသေးမီက ဆောင်းပါးများတွင် ဖော်ပြခဲ့ကြောင်း၊ ယင်းသည် လတ်တလောတွင် နိုင်ငံအချို့က ဗီဇာများ တင်းကျပ်လာမှု၊ တစ်နေ့တစ်ခြား တံခါးပိတ်မှု ဖြစ်လာသည့် အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်ရာ ဤအပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ရှုမြင်ပါသနည်းဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းနှင့် ပတ်သက်၍ မော်နင်က တရုတ်နိုင်ငံ၏ တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်နှင့် ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာခွင့်မူဝါဒ အကျိုးခံစားခွင့်ရှိသောနိုင်ငံအရေအတွက်ကို ၄၇ နိုင်ငံနှင့် ၅၅ နိုင်ငံအထိ အသီးသီးတိုးချဲ့လာခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဗီဇာလျှောက်ထားမှုလုပ်ငန်းစဉ်များအား ဆက်လက် ရိုးရှင်းလွယ်ကူစေပြီး “One-Stop” ပြည်ဝင်ခွင့်ဝန်ဆောင်မှုနှင့် “ယခုဝယ်ယူ ယခုပြန်အမ်းသော” ပြည်တွင်းမှ ပြန်လည်ထွက်ချိန်တွင် အခွန်ပြန်အမ်းမှုကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ ပြည်ပမိတ်ဆွေများ၏ “Travel China” ပိုမိုအဆင်ပြေချောမွေ့စေခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကွင်းဆက် ပြတ်တောက်ခြင်း”၊ တံခါးပိတ်၍ အခြားသူအား ဖယ်ကြဉ်ခြင်းသည် တရုတ်နိုင်ငံ၏ ရွေးချယ်ရာအချက် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် လက်တွေ့ လုပ်ဆောင်မှုများဖြင့် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို ဆက်လက်၍ တိုးချဲ့သွားပြီး နိုင်ငံအသီးသီးနှင့် အခွင့်အလမ်းများ အတူမျှဝေခံစားကာ အနာဂတ် အတူဖန်တီးသွားမည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
…………………………………
(Chinese Version)
外交部:中国将继续以实际行动扩大高水平对外开放
新华社北京7月11日电(记者冯歆然、袁睿)外交部发言人毛宁11日说,中国单方面免签和过境免签国家已分别扩大到47个和55个。中国将继续以实际行动扩大高水平对外开放,与各国共享机遇、共创未来。
当日例行记者会上,有记者问:美国《华盛顿邮报》、“旅行与旅游世界”网站等媒体日前刊文称,中国免签政策有助于展示悠久历史和“赛博朋克”的炫酷,向世界展现了中国的活力。这与近期一些国家收紧签证、日趋封闭形成对比。发言人对此有何看法?
毛宁说,中国单方面免签和过境免签国家已分别扩大到47个和55个。中方持续简化签证申请手续,实施“一站式”入境服务和离境退税“即买即退”。外国朋友“中国游”更加顺畅丝滑。
毛宁表示,“脱钩断链”、封闭排他不是中国的选项。中国将继续以实际行动扩大高水平对外开放,与各国共享机遇、共创未来。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.