International Organizations
ပီအက်စ်ဗီ တိုက်စစ်ကစားသမား နိုအာလန် စီးရီးအေချန်ပီယံ နာပိုလီအသင်းထံ ပြောင်းရွှေ့

သည်ဟိတ်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ပီအက်စ်ဗီ တိုက်စစ်ကစားသမား နိုအာလန်၏ နာပိုလီအသင်းထံ ပြောင်းရွှေ့မှုကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပီအက်စ်ဗီနှင့် နာပိုလီအသင်းတို့က ဇူလိုင် ၁၇ ရက်၌ အသီးသီးကြေညာခဲ့သည်။
အသက် ၂၆ နှစ်အရွယ် ဘယ်တောင်ပံကစားသမားဖြစ်သူ နိုအာလန်မှာ အီတလီစီးရီးအေချန်ပီယံ နာပိုလီအသင်းနှင့် ၂၀၃၀ ပြည့်နှစ် နှစ်လယ်ပိုင်းအထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ ပြောင်းရွှေ့ကြေးပမာဏမှာ ယူရို ၂၈ သန်းနီးပါး (ဒေါ်လာ ၃၂.၄ သန်း) ရှိကြောင်း သိရသည်။
နယ်သာလန် လက်ရွေးစင်အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားထားသည့် လန်မှာ ၂၀၂၃ ခုနှစ်တွင် ကလပ်ဘရုဂေးအသင်းမှ ပီအက်စ်ဗီအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ နှစ်ရာသီအတွင်း ပီအက်စ်ဗီအတွက် ၆၃ ပွဲ ကစားခဲ့ရာတွင် ၁၈ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ ပီအက်စ်ဗီအသင်း နှစ်နှစ်ဆက်တိုက် ပြည်တွင်းအမှတ်ပေးဖလား ဆွတ်ခူးနိုင်စေရန် ၎င်းက ကူညီစွမ်းဆောင်ပေးခဲ့သည်။
“ဘောလုံးရာသီနှစ်ခုမှာ ဆုဖလားနှစ်လုံး ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အချိန်တန်ပါပြီ” ဟု လန်က ပီအက်စ်ဗီအသင်း ဝက်ဘ်ဆိုက်တွင် မှတ်ချက်ပြုခဲ့သည်။
ယခုအပြောင်းအရွှေ့အား ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်ခန့်မှန်းထားပြီးဖြစ်ကာ ပီအက်စ်ဗီအသင်းကလည်း ၎င်း၏နေရာကို အစားထိုးရန်အတွက် အေဇက် အယ်ခမာအသင်းမှ ရူဘင် ဗန်ဘွန်းမဲလ်ကို ခေါ်ယူထားပြီးဖြစ်သည်။ (Xinhua)
………………….
(English Version)
PSV forward Lang joins Italian champions Napoli
THE HAGUE, July 17 (Xinhua) — PSV and Napoli announced on Thursday that they have completed the transfer of Noa Lang from Eindhoven to Italy.
The 26-year-old left winger signed a contract with the Italian champions until mid-2030. The transfer fee was approximately 28 million euros (32.4 million U.S. dollars).
Lang, a fourteenth-time Dutch international, joined PSV in 2023 from Club Bruges. Over two seasons, he played 63 official matches for PSV, scoring 18 goals and providing 14 assists. He helped the team win the league title in both years.
“After two seasons with two titles, it’s time for me to take the next step in my career,” Lang said on the PSV website.
The transfer had been widely anticipated. PSV had already prepared for Lang’s departure by signing Ruben van Bommel from AZ.
English Caption
Noa Lang of the Netherlands celebrates scoring during the football match of Group 4 in League A of the UEFA Nations League between the Netherlands and Wales in Rotterdam, the Netherlands, June 14, 2022. (Xinhua/Zheng Huansong)