International Organizations
၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းကောက်နုတ်ချက်
– ကိုရီးယားစစ်ပွဲတွင် ကျဆုံးခဲ့သော တရုတ်အာဇာနည်စစ်သည် ၁၂ ဦး၏ ရုပ်ကြွင်းပစ္စည်းများ တောင်ကိုရီးယားနိုင်ငံမှ အမိမြေသို့ ပြန်လည်ရောက်ရှိလာ
– ဒိန်းမတ်နိုင်ငံတွင် ရထားတိုက်မိမှုကြောင့် လူ ၄ ဦး စိုးရိမ်ဖွယ်အခြေအနေရှိ
– ထရမ့်က အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးလိုက်သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ နုတ်ထွက်ကြောင်း ဆုံးဖြတ်ချက်မှာ “ခိုင်မာ” ကြောင်း အီရန် ပြော
– ဟော်မုဇ်ရေလက်ကြားအနီး အီရန်သင်္ဘောများအား ဖမ်းဆီးမှုမှာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဟု မရှုမြင်ကြာင်း အိမ်ဖြူတော်ပြောကြား
– အမေရိကန်နိုင်ငံ အနောက် ဗာဂျီးနီးယားစက်ရုံတွင် ဓာတုယိုစိမ့်မှုဖြစ်ပွားပြီးနောက် လူ ၂ ဦး သေဆုံးပြီး ၁၉ ဦး ဆေးရုံတက်ကုသမှုခံယူ
– SpaceX က ဉာဏ်ရည်တုလုပ်ငန်း Cursor နှင့် သဘောတူညီမှုရရှိ
– ယူကရိန်းအတွက် ချေးငွေ ယူရို ဘီလီယံ ၉၀ ကို ဥရောပသမဂ္ဂ အတည်ပြု၊ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်
– တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က “2+2” မဟာဗျူဟာ ဆွေးနွေးညှိနှိုင်းမှုယန္တရားအရ ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ကျင်းပ
– ဂါဇာမြောက်ပိုင်းတွင် အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၅ ဦး သေဆုံး
– တစ်နေ့တည်းတွင် နေရပ်ပြန်ကြသည့် အာဖဂန်ဒုက္ခသည်အိမ်ထောင်စု ၁,၀၀၀ နီးပါးရှိ
– ငလျင်အတွက် ကြိုတင်ပြင်ဆင်မှု အားကောင်းရန် ဂျပန်နိုင်ငံရှိ နိုင်ငံသားများကို တရုတ်သံရုံး တိုက်တွန်း
– ဟော်မုဇ်ရေလက်ကြား မိုင်းရှင်းလင်းရေးမှာ အချိန်ခြောက်လခန့် ကြာနိုင်မည်ဟု ပင်တဂွန် အကဲဖြတ်
– ပါကစ္စတန်နိုင်ငံက အရှေ့အလယ်ပိုင်းပဋိပက္ခ ဖြေရှင်းရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိ
– အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် နေအိမ်ပြိုကျမှုကြောင့် လူ ၂ ဦး သေဆုံး
– တရုတ်နိုင်ငံ ဆန်းရမြို့တွင် ဆဋ္ဌမအကြိမ်မြောက် အာရှကမ်းခြေအားကစားပွဲ ဖွင့်လှစ်
– ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ
– ဟော်မုဇ်ရေလက်ကြားတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင် အီတလီနိုင်ငံ ပါဝင်ရန် အသင့်ရှိဟုဆို
– ဩစတြေးလျနိုင်ငံတွင် ၂၀၂၅ ခုနှစ်က ဆယ်စုနှစ်အတွင်း ဒုတိယမီးလောင်မှုအများဆုံးနှစ်အဖြစ် စံချိန်တင်
– လေပိုင်နက် ပြန်လည်ဖွင့်လှစ်ပြီးနောက် အမေရိကန်နိုင်ငံသားများ အီရန်မှ ထွက်ခွာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း
– အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် ရေကာတာအတွင်း မော်တော်ယာဉ်ပြုတ်ကျမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
– ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၆ ခုနှစ်အထိ လျှပ်စစ်ကား ၁၁,၆၅၆ စီး မှတ်ပုံတင်ထား
– ဩစတြေးလျ ဉာဏ်ရည်တု (AI) အခြေခံအဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၇.၉ ဘီလီယံ စံချိန်တင်ရောက်ရှိဟု မိုက်ခရိုဆော့ဖ် ကြေညာ
– အာရှ-ပစိဖိတ် စားနပ်ရိက္ခာဖိုရမ်ကို ဘရူနိုင်းနိုင်ငံ လက်ခံကျင်းပမည်
– တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက ရုရှား၊ ကာဂျစ္စတန်သို့ သွားရောက်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်မည်
– ၂၀၃၀ ပြည့်နှစ်နှင့် ၂၀၃၁ ခုနှစ် ကမ္ဘာ့ဖလား ဘတ်စကက်ဘောပြိုင်ပွဲများကို ဂျပန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
– အီရန်နှင့် စစ်ပွဲအဆုံးသတ်ရေးအတွက် “အချိန်ဇယားမရှိ” ဟု ထရမ့် ပြော
– ဂျော်ဂျီယာနိုင်ငံ၏ လူဦးရေ ၄ သန်းနီးပါးအထိ ရောက်ရှိလာကြောင်း သန်းခေါင်စာရင်း၌ ဖော်ပြ (Xinhua)

……………………
(English Version)
– Remains of 12 Chinese martyrs in Korean War returned to homeland from ROK
– 4 in critical condition after train collision in Denmark
– Iran says decision to rule out peace talks “definitive” as Trump extends truce
– Trump not viewing Iran’s ships seizure near Hormuz Strait as breach of ceasefire: White House
– 2 dead, 19 hospitalized after chemical leak at U.S. West Virginia plant
– SpaceX reaches deal with AI startup Cursor
– EU ambassadors approve 90-bln-euro loan for Ukraine, new sanctions on Russia: reports
– China, Cambodia hold 1st meeting between foreign, defense ministers under “2+2” strategic dialogue mechanism
– 5 Palestinians killed in Israeli strike in northern Gaza
– Nearly 1,000 Afghan refugee families return home in single day
– Chinese embassy urges citizens in Japan to strengthen earthquake preparedness
– Pentagon assesses clearing Hormuz mines could take 6 months: report
– Pakistan making all-out efforts to resolve Mideast conflict: minister
– House collapse claims 2 lives in E. Afghanistan
– 6th Asian Beach Games opens in Sanya
– Cambodian PM meets with Chinese foreign minister, defense minister
– Italy ready to join mine-clearing operations in Strait of Hormuz: report
– Australia records second-largest fire year in decade in 2025
– U.S. State Department urges Americans to leave Iran after airspace reopening
– 2 killed, 4 injured as vehicle plunges into water dam in N. Afghanistan
– Cambodia registers 11,656 electric cars by March 2026
– Microsoft announces record 17.9-bln-USD investment in Australian AI infrastructure
– Brunei hosts Asia-Pacific food forum
– China’s defense minister to visit Russia, Kyrgyzstan, attend SCO defense ministers’ meeting
– Basketball: Japan, France to host 2030, 2031 World Cups
– Trump says there is “no time frame” for ending war with Iran
– Georgia’s population close to 4 mln: census
