China
ကျောက်တောင်တက် အားကစားပြိုင်ပွဲ ပထမနေ့တွင် အိုလံပစ်အဆင့် ယှဉ်ပြိုင်မှုများပေါ်ထွက်၊ တရုတ်အဖွဲ့က အမျိုးသား၊ အမျိုးသမီး ကျောက်တောင်အမြန်တက်နည်း တစ်ကိုယ်ရေပြိုင်ပွဲ ရွှေတံဆိပ်ဆုများ ဆွတ်ခူး

ချိန်တူး၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပသည့် ချိန်တူးကမ္ဘာ့အားကစားပြိုင်ပွဲတွင် ကျောက်တောင်တက် အားကစားပြိုင်ပွဲကို ဩဂုတ် ၁၄ ရက်က စတင်ယှဉ်ပြိုင်ခဲ့သည်။ ကမ္ဘာ့ထိပ်တန်းအဆင့် ယှဉ်ပြိုင်မှုတွင် တရုတ်အဖွဲ့က အမြန်တက်မှု တစ်ကိုယ်ရေပြိုင်ပွဲ ဆုတံဆိပ် ၆ ခုအနက် ၅ ခုကို ဆွတ်ခူးရရှိခဲ့ပြီး အမျိုးသားနှင့် အမျိုးသမီး ရွှေတံဆိပ်ဆုများကို ဆွတ်ခူးခဲ့သည်။
ယခုအကြိမ် ကမ္ဘာ့အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ များပြားအင်အားတောင့်တင်းလှသည်။ ပြိုင်ပွဲတွင် ပဲရစ် အိုလံပစ်အားကစားပြိုင်ပွဲ၌ အမျိုးသားငွေတံဆိပ်ဆုရှင် ဝူဖုန်နှင့် အမျိုးသမီး ရွှေတံဆိပ်ဆုရှင်၊ ပိုလန်ပြိုင်ပွဲဝင် Aleksandra Mirosław တို့ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိသည်မှလွဲ၍ အမြန် ကျောက်တောင်တက်လောကမှ ထိပ်တန်းပြိုင်ပွဲဝင်အားလုံး နာမည်စာရင်းပေးသွင်းခဲ့သည်။
ပဲရစ် အိုလံပစ်အားကစားပြိုင်ပွဲ ဆုတံဆိပ်ရရှိသူ ၆ ဦးအနက် ၄ ဦး ပြိုင်ပွဲဝင်ခဲ့ပြီး ၎င်းအနက် အမျိုးသား ရွှေတံဆိပ်ဆုရှင်၊ အင်ဒိုနီးရှားပြိုင်ပွဲဝင် Veddriq Leonardo ၊ အမျိုးသား ကမ္ဘာ့စံချိန် ထိန်းထားသူ၊ အိုလံပစ် ကြေးတံဆိပ်ဆုရှင် Sam Watson စသည်တို့ပါဝင်သည်။ ထို့အပြင် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်များလည်း ချိန်တူးမြို့၌ လာရောက်စုစည်းခဲ့ကြသည်။
ကျောက်တောင်တက် အားကစားနည်းသည် အိုလံပစ်အားကစားပြိုင်ပွဲ၏ တရားဝင်ကစားနည်း ဖြစ်လာပြီဖြစ်ကာ ယခုအကြိမ် ကမ္ဘာ့အားကစားပြိုင်ပွဲတွင် ကျောက်တောင် အမြန်တက်နည်းသာ ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းကစားနည်းတွင် အမျိုးသား၊ အမျိုးသမီး တစ်ကိုယ်ရေနှင့် လမ်းကြောင်း ၄ ခု တစ်ကိုယ်ရေနှင့် လက်ဆင့်ကမ်းမှု ဟူ၍ စုစုပေါင်း ပြိုင်ပွဲ ၆ ခု ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ၎င်းအနက် ဩဂုတ် ၁၄ ရက်တွင် ကျင်းပသည့် တစ်ကိုယ်ရေပြိုင်ပွဲသည် အိုလံပစ်အားကစားပြိုင်ပွဲ ကစားနည်းဖြစ်သည်။ ပြိုင်ပွဲဝင်များသည် ယှဉ်တွဲတည်ရှိသည့် စံချိန်မီယှဉ်ပြိုင်လမ်းနှစ်ခုတွင် ကျောက်တောင်တက်ရမည်ဖြစ်သည်။ လမ်းကြောင်း ၄ ခုနှင့် လက်ဆင့်ကမ်းမှုကမူ အိုလံပစ်အားကစားပြိုင်ပွဲ ကစားနည်းများ မဟုတ်ပေ။
အိမ်ရှင်နိုင်ငံ တရုတ်အဖွဲ့က အားကောင်းသည့် အဖွဲ့လိုက်အားသာချက်ကိုဖော်ပြခဲ့ပြီး ပြိုင်ပွဲဝင် ၈ ဦးတွင် ၇ ဦးက အမျိုးသား၊ အမျိုးသမီး ထိပ်တန်း ၁၆ ဦး ရှုံးထွက်ပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် အမျိုးသားပြိုင်ပွဲဝင် ၂ ဦးနှင့် အမျိုးသမီးပြိုင်ပွဲဝင် ၃ ဦးတို့က ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခဲ့သည်။
အမျိုးသမီးဘက်တွင် ပဲရစ် အိုလံပစ်အားကစားပြိုင်ပွဲ ငွေတံဆိပ်ဆုရှင် တိန့်လိကျွမ်းနှင့် လူသစ်အဖွဲ့ဝင် ထန်ယွီမဲ့တို့က ဖိုင်နယ်ပြိုင်ပွဲတွင် တွေ့ဆုံခဲ့ရာ တိန့်လိကျွမ်းသည် ၆.၄၀ စက္ကန့် ကြာချိန်ဖြင့် တက်နိုင်ခဲ့ကာ တစ်စက္ကန့်၏ ၁၀၀ ပိုင်း ၁ ပိုင်း အားသာချက်ဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ အခြားတရုတ်ပြိုင်ပွဲဝင် ကျိုးယဖေးကမူ ကြေးတံဆိပ်ဆုပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သောကြောင့် တရုတ်အဖွဲ့သည် ရွှေငွေကြေးဆုတံဆိပ်များ အားလုံးဆွတ်ခူးရရှိခဲ့သည်။
“နိုင်ငံတော်သီချင်းသံ ပေါ်ထွက်လာချိန်မှာ နိုင်ငံတော်အလံသုံးခုမြင်ရတော့ ကျွန်မစိတ်ထဲမှာ အလွန်စိတ်လှုပ်ရှားသလို သိပ်ပြီးလည်းဝမ်းသာတယ်” ဟု တိန့်လိကျွမ်းက ဆိုသည်။ ထိုနေ့ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် သော့ချက်နှင့်စပ်လျဉ်း၍ တိန့်လိကျွမ်းက “ကျွန်မ အများကြီးမစဉ်းစားဘူး၊ ကိုယ့်ကျောက်တောင်တက်မှု အကြိမ်တိုင်းကို အာရုံစိုက်လုပ်တယ်” ဟု ဆိုသည်။
အမျိုးသားဖိုင်နယ်ပွဲသည် အမေရိကန် နာမည်ကျော်အားကစားသမား Samuel Ryan Watson နှင့် တရုတ်ပြိုင်ပွဲဝင် ချူစိုဟုန်တို့အကြား ဗိုလ်လုပွဲဆင်နွှဲခဲ့သည်။ Samuel Ryan Watson သည် ချိန်တူးမြို့သို့ မထွက်ခင် ရက်အနည်းငယ်အလိုတွင် ဝဲဘက်ပခုံး ဒဏ်ရာရရှိခဲ့သော်လည်း ပြိုင်ပွဲတစ်လျှောက် Veddriq Leonardo ၊ တရုတ်ပြိုင်ပွဲဝင် လုံကျန့်ကော် စသည့် နာမည်ကျော်ပြိုင်ပွဲဝင်များကို အနိုင်ယူ၍ ဖိုင်နယ်ပွဲအထိ တက်ရောက်နိုင်ခဲ့သည်။ သို့သော် ရွှေတံဆိပ်ဆု ဆွတ်ခူးရေး ယှဉ်ပြိုင်ပွဲတွင် ချူစိုဟုန်က ၄.၈ စက္ကန့် ရလဒ်ကောင်းဖြင့် တက်နိုင်ခဲ့ရာ ထိုညတွင် ဒုတိယအကြိမ်အဖြစ် တစ်ကိုယ်ရေအကောင်းဆုံး ရလဒ် စံချိန်သစ်တင်၍ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။
ယခုနှစ်သည် ချူစိုဟုန်က နိုင်ငံတကာပြိုင်ပွဲများ၌ ပထမဆုံးပါဝင်ယှဉ်ပြိုင်မှုဖြစ်သည်။ ပြိုင်ပွဲပြီးနောက် ၎င်းက ပြိုင်ဘက်အား ကျေးဇူးတင်စကားဆိုခဲ့ရာ “ပြိုင်ဘက်က တော်လွန်းလို့လည်း ကျွန်တော်က ကိုယ့်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ထိုးဖောက်နိုင်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
ပြိုင်ပွဲပထမနေ့တွင်ပင် ရလဒ်ကောင်းများ ရရှိခဲ့မှုနှင့်စပ်လျဉ်း၍ တရုတ်အဖွဲ့ နည်းပြချုပ် ကျုံးချီရှင်းက “ဒီလိုမျိုး ဖြစ်လာဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တကယ်ဖြစ်လာမယ်လို့ မထင်ထားမိဘူး။ ဒါက ကျောက်တောင်အမြန်တက်ခြင်းရဲ့ ဆွဲဆောင်မှုအားပဲ” ဟု ဆိုသည်။
ရွှေတံဆိပ်ဆု ၅ ဆုပိုင်ဆိုင်ရရှိမှုနှင့်စပ်လျဉ်း၍ ကျုံးချီရှင်းက “လေးနက်တယ်လို့လည်း ပြောလို့ရသလို မလေးနက်ဘူးလို့လည်း ပြောလို့ရတယ်” ၊ “ဒါက အစအသစ်တစ်ခုပါ။ ကမ္ဘာ့အားကစားပြိုင်ပွဲက ဒီအိုလံပစ်အားကစားပြိုင်ပွဲနှစ်ခုကြားကာလမှာ ပထမဆုံး ဘက်စုံအားကစားပြိုင်ပွဲဖြစ်ပြီး လူငယ်ပြိုင်ပွဲဝင်တွေအတွက် သိပ်ကောင်းတဲ့ လေ့ကျင့်ဖို့ ပလက်ဖောင်း ဖြစ်တယ်” ဟု ဆိုခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့၌ကျင်းပသည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ကျောက်တောင်တက် အားကစား အမျိုးသမီး ကျောက်တောင်အမြန်တက်နည်း တစ်ကိုယ်ရေပြိုင်ပွဲ ဝင်ခွင့်ပြိုင်ပွဲပြီးနောက် တရုတ်ပြိုင်ပွဲဝင် တိန့်လိကျွမ်းအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့၌ကျင်းပသည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ကျောက်တောင်တက် အားကစား အမျိုးသား ကျောက်တောင်အမြန်တက်နည်း တစ်ကိုယ်ရေပြိုင်ပွဲတွင် တရုတ်ပြိုင်ပွဲဝင် ချူစိုဟုန်က ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိပြီးနောက် အောင်ပွဲခံနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
成都世运会 | 攀岩首日现奥运级对抗 中国队包揽速度个人赛男、女金牌
新华社成都8月14日电(记者王沁鸥、许东远)成都世运会攀岩项目14日开赛,在世界顶级的较量中,中国队在速度个人赛中拿到了6枚奖牌中的5枚,包揽了男子、女子冠军。
本届世运会参赛阵容强大,除巴黎奥运会男子银牌得主伍鹏和女子冠军、波兰选手米罗斯瓦夫没有参赛外,速度攀岩界的顶尖选手悉数报名。巴黎奥运会6名奖牌获得者中有4人参赛,其中包括男子冠军、印尼选手莱昂纳多,男子世界纪录保持者、奥运铜牌得主塞缪尔·沃森等,此外还有多名世锦赛、亚运会金牌得主汇聚成都。
攀岩已是奥运会正式项目,本届世运会仅比拼速度攀岩,下设男女个人、四条道个人和接力共六个项目。其中14日进行的个人赛是奥运会项目,选手在两条并行的标准赛道上攀爬。四条道个人和接力均为非奥项目。
东道主中国队展现了强大的集团优势,8名选手有7人晋级男、女16强后的淘汰赛,并最终有两名男选手、三名女选手晋级四强。女子方面,巴黎奥运会银牌得主邓丽娟和新人队友覃于妹会师决赛,邓丽娟爬出6秒40,以百分之一秒的优势夺金。另一名中国选手周娅菲则在铜牌赛中取胜,中国队包揽了前三名。
“当国歌响起,看到三面国旗,我内心很激动,也很开心。”谈到今天致胜的法宝,邓丽娟表示,“我没去想过多东西,就是专注于自己的每一趟攀爬。”
男子决赛成为美国名将沃森和中国小将储守宏之间的对决。沃森在出发成都之前几天拉伤左肩,但依旧一路战胜莱昂纳多、中国选手龙见国等一众名将闯入决赛。但在金牌战中,储守宏爬出4秒80的佳绩,当晚第二次刷新个人最好成绩夺金。
今年是储守宏首度征战国际赛场。赛后,他大方感谢了对手:“是对手的强大让我一次又一次突破自己,刷新极限。”
对于首日取得“开门红”,中国队主教练钟齐鑫表示:“想象过这个结局,没想到真能实现。这就是速度攀岩的魅力。”对于5枚奖牌的分量,钟齐鑫表示“说重也重,说不重也不重”:“这是一个新的开始。世运会是这个奥运周期第一个综合性运动会,对年轻选手是个很好的历练平台。”(完)
1、8月14日,冠军中国选手储守宏(中)、亚军美国选手沃森(左)和季军中国选手龙见国在攀岩男子速度个人赛颁奖仪式上合影。新华社记者 陈诚 摄
2、8月14日,中国选手邓丽娟在攀岩女子速度个人资格赛后。新华社记者 丁增尼达 摄
3、8月14日,中国选手储守宏在攀岩男子速度个人赛金牌赛后庆祝夺冠。新华社记者 陈诚 摄