China
ဝမ်ရိနှင့် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi တွေ့ဆုံဆွေးနွေး

ကဘူးလ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက အာဖဂန်နစ္စတန်နိုင်ငံသို့ နောက်တစ်ကြိမ် ထပ်မံခရီးစဉ် လာရောက်မှုအတွက် အလွန်ဝမ်းမြောက်ကြောင်း၊ အိမ်နီးချင်းနှင့် မိတ်ဖက်အနေဖြင့် တရုတ်နိုင်ငံက အာဖဂန်နစ္စတန် နိုင်ငံတည်ဆောက်မှုတွင် အောင်မြင်မှုအသစ်များ ရရှိခြင်းအတွက် ဂုဏ်ပြုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန် ပြည်သူတစ်ရပ်လုံးအပေါ် ချစ်ကြည်ရင်းနှီးသည့် မူဝါဒကို ကျင့်သုံး၍ အာဖဂန်နစ္စတန်နှင့် ဆက်ဆံရေး တိုးတက်အောင်ဖော်ဆောင်ရာတွင် ကမ္ဘာ့နိုင်ငံကြီးများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ရှေ့တန်းတွင်ရှိကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံ အစိုးရက တည်ငြိမ်စွာ အုပ်ချုပ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအား အာရုံစိုက်ဖော်ဆောင်ခြင်း၊ အကြမ်းဖက်မှုများအား ပြတ်သားစွာတိုက်ဖျက်ခြင်း၊ အိမ်နီးချင်းများနှင့် ချစ်ကြည်ရင်းနှီးခြင်းဖြင့် ရေရှည်တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်မှုအား ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ဆက်နွှယ်မှုအား ကောင်းမွန်စွာ စီမံရမည်ဖြစ်ကြောင်း၊ တရုတ်-အာဖဂန်နစ္စတန်က လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အာမခံမှုပံ့ပိုးပေးမည်ဖြစ်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်းသည်လည်း အာဖဂန်နစ္စတန်၏ လုံခြုံရေးစွမ်းရည်ကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်အနေဖြင့် အရှေ့တာကစ္စတန် အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) အကြမ်းဖက်အင်အားကို ဆက်လက်အစွမ်းကုန် တိုက်ဖျက်၍ တရုတ်-အာဖဂန်နစ္စတန်ဆက်ဆံရေး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရန် အတားအဆီးများဖယ်ရှားပြီး တွန်းအားများ ဖြည့်တင်းပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-အာဖဂန်နစ္စတန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်က “စီးပွားရေးကို ဗဟိုပြုသည့်” မူဝါဒ ကျင့်သုံးမှုကို ထောက်ခံအားပေးကြောင်း၊ အာဖဂန်နစ္စတန်နှင့်အတူ ကြိုးပမ်း၍ တရုတ်-အာဖဂန်နစ္စတန် ချစ်ကြည်ရေးကို လက်ဆင့်ကမ်းကာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုအား နက်ရှိုင်းစေကာ နှစ်ဖက်က ကုန်သွယ်စီးပွားရေး၊ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းမှု၊ အပြန်အလှန် ချိတ်ဆက်မှု၊ ပြည်သူအချင်းချင်း ဖလှယ်မှု စသည့်ကဏ္ဍများတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားလိုကြောင်း၊ တရုတ်-အာဖဂန်နစ္စတန် ချစ်ကြည်ရေးသစ်ပင်ကြီး အဆက်မပြတ် ခိုင်မာစွာရှင်သန်ကြီးထွားလာပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးထမ်းဆောင်မှု အသစ်များ လုပ်ဆောင်သွားလိုကြောင်း ဝမ်ရိက အလေးထား ပြောကြားခဲ့သည်။
Amir Khan Muttaqi က ဝမ်ရိ ခရီးစဉ် လာရောက်မှုကို ကြိုဆိုခဲ့ပြီး အာဖဂန်နစ္စတန်က ပြည်ပမှ မိမိပြည်တွင်းရေးအား ဝင်ရောက်စွက်မှုကို ကန့်ကွက်ရာတွင် တရုတ်နိုင်ငံက အဖိုးတန်သော ပံ့ပိုးကူညီမှုပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအား ကာကွယ်ထိန်းသိမ်းရန်အတွက် အရေးကြီးအကျိုးထမ်းဆောင်မှုများကို တန်ဖိုးထား ချီးကျူးကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုသည် အာဖဂန်နစ္စတန် နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ကူညီမှု အကျိုးကျေးဇူးကြောင့် အာဖဂန်နစ္စတန်က အဆင်ပြေချောမွေ့စွာ နိုင်ငံစီမံအုပ်ချုပ်နိုင်ခြင်းဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေ ကြီးမားသော ပြောင်းလဲမှုများနှင့် ရင်ဆိုင်ရာတွင် အာဖဂန်စ္စတန်-တရုတ်က နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် အချိန်သင့်အခါသင့်ဖြစ်ကြောင်း Amir Khan Muttaqi က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်အနေဖြင့် တန်းတူညီမျှသော၊ အပြန်အလှန်လေးစားသော အခြေခံပေါ်တွင် နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းစေပြီး အလွှာစုံသွားလာဆက်ဆံမှု မြှင့်တင်ကာ ကုန်သွယ်စီးပွားရေးဆိုင်ရာ ပုံမှန် တွေ့ဆုံဆွေးနွေးမှု ယန္တရား တည်ဆောက်၍ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုနှင့် ပိုမိုများပြားသော အပြန်အလှန် အကျိုးပြုသည့် ရလဒ်များ ရရှိရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်အနေဖြင့် တရုတ်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ဂရုပြုချက်များကို များစွာအလေးထားကြောင်း၊ မည်သည့်လူပုဂ္ဂိုလ်နှင့် မည်သည့်အင်အားစုမဆို အာဖဂန်နစ္စတန်၏ နယ်မြေပိုင်နက်အား အသုံးပြု၍ တရုတ်နိုင်ငံကို အန္တရာယ်ပြုသော လှုပ်ရှားမှု လုပ်ဆောင်ခြင်းအား လုံးဝခွင့်မပြုကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ လုံခြုံရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားပြီး ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းမှုအား အတူတကွ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
王毅同阿富汗外长穆塔基会谈
新华社喀布尔8月20日电(记者聂新宇 李昂)当地时间2025年8月20日,中共中央政治局委员、外交部长王毅在喀布尔同阿富汗外长穆塔基会谈。
王毅表示,很高兴再次访问阿富汗。作为邻居和伙伴,中方对阿国家建设取得新成就表示祝贺。中方奉行面向全体阿富汗人民的友好政策,在发展对阿关系方面一直走在世界大国和邻国的前列,将继续支持阿政府稳健施政、聚焦发展、坚决打恐、睦邻友好,实现长治久安。我们要处理好安全与发展的关系。中阿加强安全合作将为经济合作提供保障,深化经济合作也将提升阿安全能力。希望阿方继续全力打击“东伊运”恐怖势力,为中阿关系深入发展清除障碍,注入动力。
王毅强调,今年是中阿建交70周年。中方支持阿方奉行“以经济为中心”的政策,愿同阿方一道努力,传承中阿友好,深化政治互信,加强双方在经贸、农业、减贫、水利、互联互通、人文等领域交流合作,让中阿友谊之树不断茁壮成长,更好造福两国和两国人民,为地区和平稳定发展作出新的贡献。
穆塔基欢迎王毅到访,感谢中方为阿富汗反对外部干涉提供的宝贵支持,赞赏中方为维护地区和平与发展所作的重要贡献。穆塔基表示,对华友好是阿富汗外交政策的基石,正是得益于中方帮助,阿方才能顺利施政治国。面对当前国际地区形势的重大变化,阿中深化合作正当其时。阿方愿在平等、相互尊重基础上深化两国关系,加强各层级交往,建立经贸定期对话机制,推动务实合作取得更多互惠成果。阿方高度重视中方安全关切,决不允许任何人和任何势力利用阿领土从事危害中国的活动,愿同中方加强安全反恐合作,共同维护地区持久和平稳定。(完)
图说:8月20日,中共中央政治局委员、外交部长王毅在喀布尔同阿富汗外长穆塔基会谈。 新华社记者 李昂 摄