China
မီလုသမင် “အိမ်ပြန်ရောက်ခြင်း” နှစ် ၄၀ ပြည့်၊ ဒေသရင်း မျိုးသုဉ်းလုနီးပါးအခြေအနေမှ သမင်သံ မြည်ဟိန်းလာသည်အထိ

ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
မီလုသမင်များကို “တိရစ္ဆာန် လေးမျိုးလုံးနှင့် မတူသောကြောင့် ‘လေး မတူ’” ဟူ၍ အလွယ်ခေါ်ဝေါ်ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၏ သီးသန့်မျိုးစိတ်တစ်ခုဖြစ်ပြီး ယခင်က တရုတ်နိုင်ငံ ယန်ဇီမြစ်နှင့် မြစ်ဝါမြစ်ဝှမ်းဒေသများ၏ မြစ်ဖျားပိုင်းဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကျက်စားခဲ့ကြသည်။ နောက်ပိုင်းတွင် သဘာဝအခြေအနေပြောင်းလဲမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် လူသားတို့၏ နှောင့်ယှက်မှု စသည့် အကြောင်းရင်းများကြောင့် တရုတ်နိုင်ငံအတွင်းက မီလုသမင်မျိုးစိတ်များသည် ယေဘုယျအားဖြင့် မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့သည်။
၁၉၈၅ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် နိုင်ငံခြားမှ မီလုသမင်များ ပြန်လည်စတင် တင်သွင်းခဲ့ပြီး ဤမျိုးစိတ်များအား မူရင်းဒေသတွင် မျိုးစိတ်အုပ်စုပြန်လည်ထူထောင်ရေး စတင်ခဲ့သည်။ လွန်ခဲ့သော နှစ် ၄၀ အတွင်း ကာကွယ်ထိန်းသိမ်းခြင်းနှင့် သုတေသနပြုခြင်းများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ မီလုသမင်များသည် ဒေသရင်း မျိုးသုဉ်းခါနီးအခြေအနေမှ အရေအတွက် တစ်သောင်းကျော်ရှိလာခဲ့ပြီး မျိုးစိတ်အုပ်စုသည် စဉ်ဆက်မပြတ်ကြီးထွားလာခဲ့သလို နေထိုင်ကျက်စားရာ ဒေသအရေအတွက်မှာလည်း အဆက်မပြတ် တိုးပွားလာခဲ့ကာ ကမ္ဘာ့မျိုးသုဉ်းလုနီးပါး သတ္တဝါများကို အရေးပေါ်ကယ်ဆယ် ကာကွယ်စောင့်ရှောက်ခဲ့သည့် အောင်မြင်မှု စံနမူနာတစ်ခုဖြစ်လာသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မီလုသမင်ဥယျာဉ်တွင် မီလုသမင်များအား ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
麋鹿“回家”40载 从本土灭绝到呦呦鹿鸣
新华社照片,北京,2025年8月24日
麋鹿,俗称“四不像”,是我国特有物种,曾广泛分布在我国长江、黄河流域中下游地区。后来由于自然变迁、气候变化、人为干扰等因素,麋鹿在我国基本绝迹。
1985年开始,我国重新从海外引进麋鹿,开始了这一物种在原生地的种群恢复。40年来,通过不断保护与研究,麋鹿从本土灭绝到数量过万,种群持续壮大,栖息地数量不断增长,成为世界濒危物种抢救性保护的成功典范。
图说1:8月24日,北京麋鹿苑举行系列活动庆祝麋鹿回家四十周年。 新华社记者 张晨霖 摄
图说2:8月24日在北京麋鹿苑拍摄的麋鹿。 新华社记者 张晨霖 摄