China
ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး ၈ နှစ်တာ – အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်၏ ကုန်စည်ပို့ဆောင်မှုပမာဏ ၂၈၃ ဆ တိုးတက်လာ

နန်နင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ် ဧပြီ ၂၈ ရက်တွင် “တရုတ်နိုင်ငံ ချုံချင့်-ကွမ်ရှီး-စင်ကာပူ” စမ်းသပ်ပြေးဆွဲသော ရထားတွဲသည် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ချင်းကျိုးမြို့ ချင်းကျိုးတုန်းဘူတာမှ ချုံချင့်သို့ စတင်ထွက်ခွာခဲ့ရာ အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ် ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေးအတွက် ကန့်လန့်ကာဖွင့်လှစ်ပေးခဲ့သည်။
၈ နှစ်တာကာလအတွင်း အစအသစ်မှသည် အကျွမ်းတဝင်ရှိလာသည်အထိ ပေပုပင်လယ်ကွေ့၏ ဆိပ်ကမ်းအချက်အချာ လုပ်ဆောင်ချက်သည် အရှိန်မြှင့် သိသာထင်ရှားလာရာ ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေးသည် အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်ကို အရေးကြီးအခန်းကဏ္ဍမှပါဝင်ရန် တွန်းအားပေးလျက်ရှိသည်။
တရုတ်နိုင်ငံ ရထားလမ်း နန်နင်းအုပ်စု ကုမ္ပဏီလီမိတက်မှ စာရင်းပြုစုထားသော အချက်အလက်များအရ အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ် ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး ရထားတွဲဖြင့် ကွန်တိန်နာများ ပို့ဆောင်မှုသည် ၂၀၁၇ ခုနှစ်တွင် TEU ၃,၃၈၂ ခုမှ ၂၀၂၄ ခုနှစ်တွင် TEU ၉၆၀,၀၀၀ အထိ ၈ နှစ်တာကာလအတွင်း ၂၈၃ ဆ တိုးတက်လာခဲ့သည်။
၂၀၂၅ ခုနှစ် ဩဂုတ်လကုန်အထိ အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ် ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး ရထားတွဲဖြင့် ပို့ဆောင်သော ကုန်ပစ္စည်းအမျိုးအစားသည် ကနဦးကာလတွင် ကြွေထည်၊ သစ်သားပြား စသည့် ဆောက်လုပ်ရေးပစ္စည်းများ အမျိုးအစား ၅၀ ကျော်မှ လက်ရှိတွင် စားနပ်ရိက္ခာ၊ ကားအပိုပစ္စည်း၊ ကွန်ပျူတာ အပိုပစ္စည်း စသည့် အမျိုးအစားပေါင်း ၁,၃၁၆ မျိုးအထိ တိုးပွားလာပြီး တရုတ်နိုင်ငံ ပြည်နယ် (ဒေသမြို့) ၁၈ ခု မြို့ပေါင်း ၇၅ မြို့၊ တည်နေရာပေါင်း ၁၆၃ ခုအထိ ဖြန့်ကြက်ထားကာ နိုင်ငံနှင့် ဒေသပေါင်း ၁၂၇ ခု၏ ဆိပ်ကမ်းပေါင်း ၅၇၇ သို့ ပို့ဆောင်ရောက်ရှိနိုင်ကြောင်း သိရသည်။ (Xinhua)

တရုတ်-စင်ကာပူ အပြန်အလှန် ချိတ်ဆက်မှု လမ်းကြောင်း ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး၏ ပုံမှန်ရထား (ပေပုပင်လယ်ကွေ့-ချုံချင့်) သည် စတင်ထွက်ခွာရာ တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ချင်းကျိုးမြို့ရှိ ချင်းကျိုးတုန်းဘူတာမှ စတင်ထွက်ခွာနေသည်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
铁海联运8年:西部陆海新通道货运量增长283倍
新华社照片,南宁,2025年9月18日
2017年4月28日,“渝桂新”测试班列从广西钦州港东站出发重庆,拉开西部陆海新通道铁海联运序幕。8年来,从青涩到成熟,北部湾港门户枢纽功能加速凸显,铁海联运正在撬动西部陆海新通道发挥重要作用。
国铁南宁局的统计数据显示:西部陆海新通道铁海联运班列集装箱发送从2017年的3382标箱到2024年的96万标箱,8年增长了283倍。截至2025年8月底,西部陆海新通道铁海联运班列货物运输品类由最初的陶瓷、板材等50多种增加至目前的粮食、汽配件、电脑配件等1316种,辐射我国18省(区市)75市163个站点,通达全球127个国家及地区577个港口。
1、海轮在钦州港码头装卸货物(9月16日摄,无人机照片)。 新华社记者 张爱林 摄
2、这是中新互联互通南向通道铁海联运常态化班列(北部湾—重庆)在钦州港东站首发(2017年9月28日摄)。新华社记者 张爱林 摄