China
၂၀၂၅ ခုနှစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မိန်းကလေးများနှင့် အမျိုးသမီးများ ပညာရေးဆု ချီးမြှင့်ခြင်း အခမ်းအနားနှင့် ဆုတံဆိပ် တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ဖုန်လိယွမ် တက်ရောက်

ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မိန်းကလေးများနှင့် အမျိုးသမီးများ ပညာရေးဆု ချီးမြှင့်ခြင်း အခမ်းအနားနှင့် ဆုတံဆိပ် တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းတွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး၊ ယူနက်စကို မိန်းကလေးများနှင့် အမျိုးသမီးများ ပညာရေး မြှင့်တင်ရေး အထူးသံတမန် ဖုန်လိယွမ်နှင့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Audrey Azoulay တို့ ယင်းအခမ်းအနားသို့ အတူတကွတက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပေကျင်းမြို့ရှိ ကုလသမဂ္ဂစနစ် အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ နိုင်ငံများမှ သံတမန်များ၊ တရုတ်နှင့် နိုင်ငံရပ်ခြားမှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ကိုယ်စားလှယ်များ၊ ပညာရေးကဏ္ဍမှ ကိုယ်စားလှယ်များ လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့သည်။
တရုတ်နိုင်ငံသည် ယူနက်စကိုနှင့်အတူ ၂၀၁၅ ခုနှစ်တွင် မိန်းကလေးများနှင့် အမျိုးသမီးများ ပညာရေးဆု ပူးပေါင်းဆောင်ရွက်ကာ ထူထောင်ချိန်မှစ၍ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ စီမံကိန်းဆု ၂၀ ရရှိခဲ့ပြီးဖြစ်သည်။ (Xinhua)
………………………….
(Chinese Version)
彭丽媛出席2025年联合国教科文组织女童和妇女教育奖颁奖仪式暨奖项设立十周年庆祝活动
新华社北京9月19日电(记者温馨、冯歆然)9月19日下午,2025年联合国教科文组织女童和妇女教育奖颁奖仪式暨奖项设立十周年庆祝活动在北京举行,国家主席习近平夫人、联合国教科文组织促进女童和妇女教育特使彭丽媛同联合国教科文组织总干事阿祖莱共同出席并致辞。
联合国系统在京机构代表、有关国家驻华使节、中外师生代表、教育界代表等约300人参加活动。
中国同联合国教科文组织于2015年合作设立女童和妇女教育奖以来,已有来自19个国家的20个项目获奖。(完)
图说1:这是颁奖仪式前,彭丽媛会见阿祖莱。 新华社记者 丁林 摄