Connect with us

Africa & Middle East

စူးအက်တူးမြောင်း စီးပွားရေးဇုန်အတွင်းရှိ တရုတ်နှင့် တူကီယဲ စက်ရုံများအား အီဂျစ် ဖွင့်လှစ်ပေး

အီဂျစ်နိုင်ငံ၊ စူးအက်မြို့ရှိ တရုတ်-အီဂျစ် TEDA စူးအက် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (SETC-Zone) ကို ၂၀၂၃ ခုနှစ်၊ မေ ၂၉ ရက်က ရိုက်ကူးခဲ့သော ဓါတ်ပုံမှတစ်ဆင့် တွေ့ရစဥ် (ဓာတ်ပုံ- SETC-Zone/Handout via Xinhua)

ကိုင်ရို၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံဝန်ကြီးချုပ် မိုစတာဖာ မက်ဘူလီသည် တရုတ်နှင့် တူကီယဲ ရင်းနှီးမြှပ်နှံသူများက တည်ဆောက်ခဲ့သော စက်ရုံများအပါအဝင် စူးအက်တူးမြောင်းစီးပွားရေးဇုန် (SCZone ) အတွင်းရှိ ဖွံ့ဖြိုး တိုးတက်မှုနှင့် စက်မှုလုပ်ငန်းစီမံကိန်းသစ်များကို စက်တင်ဘာ ၂၀ ရက်က တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း အီဂျစ်အစိုးရ၏ထုတ်ပြန်ကြေညာချက်တစ်ခုအရသိရသည်။ဖွင့်လှစ်ပေးခဲ့သည့် စီမံကိန်းများထဲတွင် စုစုပေါင်း ရင်းနှီးမြှပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၇၀ ရှိ သည့် တရုတ်အထည်အလိပ်နှင့် အဝတ်အထည်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သော Hengsheng (အီဂျစ်) အထည်အလိပ်နည်းပညာကုမ္ပဏီလီမိတက်ပိုင်စက်ရုံလည်း ပါဝင်ခဲ့သည်။

ကိုင်ရိုမြို့၏အရှေ့မြောက်ပိုင်းရှိ အစ္စမေလီယာမြို့၏ အနောက်ကန်တာရာစက်မှုလုပ်ငန်းဧရိယာတွင် တည်ရှိသော အဆိုပါစက်ရုံစီမံကိန်းမှာ စတုရန်းမီတာ ၂၀၀,၀၀၀ ကျယ်ဝန်းပြီး အဆင့်နှစ်ဆင့်ဖြင့် ပြီးစီးအောင်တည်ဆောက်ရန် စီစဉ်ထားကြောင်းသိရသည်။ စက်ရုံစီမံကိန်းမှ တိုက်ရိုက်အလုပ်အကိုင် နေရာ ၁,၃၀၀ ခန့် ခန့်အပ်နိုင်မည်ဟုမျှော်လင့်ထားကြောင်း Hengsheng (အီဂျစ်) ၏ ဥက္ကဋ္ဌဖြစ်သူ Chen Songfu က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် မက်ဘူလီကလည်း စက်ရုံစီမံကိန်းကြောင့် အနောက်ကန်တာရာ စက်မှုလုပ်ငန်းဧရိယာကို ဒေသတွင်း၌ အကြီးဆုံး ထွန်းသစ်စအထည်အလိပ်အချက်အချာနေရာအဖြစ် အဆင့်မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများမြှင့်တင်ရေး၊ ထုတ်လုပ်မှုတိုးချဲ့ရေး၊ ပြည်ပပို့ကုန် ပမာဏတိုးမြှင့်ရေးအတွက် ရည်မှန်းထားသည့် အီဂျစ်၏မဟာဗျူဟာတွင်လည်း ရှေ့သို့လှမ်းချီနိုင်မည့် အဓိကကျသောခြေလှမ်းတစ်ရပ်အဖြစ် သတ်မှတ်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူကီယဲပိုင် Eroglu Global Holding Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Eroglu အထည်ချုပ်စက်ရုံ ကိုလည်း ဝန်ကြီးချုပ်မက်ဘူလီက ဖွင့်လှစ်ပေးခဲ့သည်။ မြေဧရိယာ စတုရန်းမီတာ ၆၄,၀၀၀ ပေါ်တွင် တည်ဆောက်ထားသော အဆိုပါစက်ရုံစီမံကိန်း၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၀ ရှိပြီး တိုက်ရိုက်အလုပ်အကိုင်နေရာပေါင်း ၂,၇၅၀ ခန့်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံစီမံကိန်းများမှာ လုပ်သားအင်အားအမြောက်အမြားလိုအပ်သော စက်မှုလုပ်ငန်းများကို ဆွဲဆောင်ရန်၊ တိုက်ရိုက်နှင့် သွယ်ဝိုက်အလုပ်အကိုင်နေရာပေါင်း ထောင်နှင့်ချီ၍ ဖန်တီးပေးရန်၊ အီဂျစ်ပြည်ပပို့ကုန်များ၏ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် စသည့် အီဂျစ်နိုင်ငံ၏ အားထုတ်မှုများ၏ အစိတ်အပိုင်းဖြစ်ကြောင်း ဝန်ကြီးချုပ်မက်ဘူလီက အလေးအနက်ထား ပြောကြား ခဲ့သည်။

၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်းက စတင်တည်ထောင်ခဲ့သော SCZone စီးပွားရေးဇုန်မှာ စူးအက် တူးမြောင်းတစ်လျှောက် ဧရိယာ ၄၆၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ဆိပ်ကမ်း ခြောက်ခုနှင့် ဖွံ့ဖြိုးတိုးတက်မှုဧရိယာ လေးခု ပါဝင်ပြီး အနောက်ကန်တာရာ စက်မှုလုပ်ငန်းဧရိယာကလည်း SCZone ၏ စီမံခန့်ခွဲမှုအောက်ရှိ အဓိကကျသောစက်မှုဇုန်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)
(English Version)

——————————-
Egypt inaugurates Chinese, Turkish factories in SCZone
CAIRO, Sept. 20 (Xinhua) — Egyptian Prime Minister Mostafa Madbouly on Saturday inaugurated a series of new development and industrial projects within the Suez Canal Economic Zone (SCZone), including factories built by Turkish and Chinese investors, according to a government statement.
Among the projects was the factory of Hengsheng (Egypt) Textile Technology Co., Ltd, a Chinese textile and garment manufacturing facility with a total investment of 70 million U.S. dollars.
Located in the West Qantara industrial area of Ismailia, northeast of Cairo, the project spans 200,000 square meters and is scheduled to be completed in two phases. It is expected to generate about 1,300 direct jobs, said Chen Songfu, chairperson of Hengsheng (Egypt).
Madbouly said the project strengthens West Qantara’s position as the region’s largest emerging textile hub and marks a major step forward in Egypt’s strategy to boost domestic manufacturing, expand production, and increase exports.
The prime minister also inaugurated the Eroglu Garment factory, a subsidiary of the Turkish Eroglu Global Holding Group. Located on 64,000 square meters, the project’s total investment is valued at 40 million U.S. dollars and will provide 2,750 direct jobs.
Madbouly stressed that such projects are part of Egypt’s efforts to attract labor-intensive industries, create thousands of direct and indirect jobs, and enhance the global competitiveness of Egyptian exports.
Established in August 2015, the SCZone covers 461 square kilometers along the Suez Canal and includes six ports and four development areas. West Qantara is one of the key industrial zones under its jurisdiction. ■
Photo:
This photo taken on May 29, 2023 shows the China-Egypt TEDA Suez Economic and Trade Cooperation Zone (SETC-Zone) in Suez, Egypt. (SETC-Zone/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.