Connect with us

China

ဝမ်ရိနှင့် အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် Adam Smith ဦးဆောင်သော အမေရိကန်နိုင်ငံ အောက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ စက်တင်ဘာ ၂၃ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် Adam Smith ဦးဆောင်သော အမေရိကန်နိုင်ငံ အောက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၂၃ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက်အနေဖြင့် ညှိနှိုင်းဆွေးနွေးဖလှယ်မှုများ တစ်ဆင့်တိုးမြှင့်ရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်၊ ကောင်းမွန်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်နှင့်စပ်လျဉ်း၍ ပွင့်လင်းနက်ရှိုင်းစွာ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက နိုင်ငံ့အကြီးအကဲ သံတမန်ရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အစားထိုးမရသည့် အရေးကြီးဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့် တို့သည် ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်း၍ သုံးကြိမ်ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြရာ တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်ရန်အတွက် အခြေခံကို အတိအလင်း သတ်မှတ်ခဲ့ကြသလို ဦးတည်ချက် လမ်းညွှန်ပေးခဲ့ကြောင်း၊ လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးသည် တည်ငြိမ်သည့်အနေအထား ဖြစ်ပေါ်လာသည်မှာ ခဲယဉ်းရာ တန်ဖိုးထားသင့်ကြောင်း အလေးထားပြောကြားခဲ့သည်။
နိုင်ငံကြီးနှစ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန်သည် ဆွေးနွေးဖလှယ်မှုများ မြှင့်တင်ရန်လိုအပ်သလို နားလည်မှုလွဲမှား၍ မှားယွင်းစွာ ဆုံးဖြတ်မှုများအား ရှောင်ရှားရန်၊ ထိပ်တိုက်ရင်ဆိုင်မှုများကို ကာကွယ်တားဆီးရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ နိုင်ငံကြီးတာဝန်ကို အတူတကွထမ်းဆောင်ရန် လိုအပ်ကြောင်း ဝမ်ရိက ထောက်ပြပြောကြားခဲ့သည်။ (Xinhua)


———————
(Chinese Version)
王毅会见美国国会众议员代表团
新华社北京9月23日电 中共中央政治局委员、外交部长王毅23日在北京会见美国国会众议员代表团史密斯一行。双方就进一步加强沟通交流、推动中美关系稳定健康可持续发展坦诚、深入交换了意见。
王毅强调,元首外交对中美关系发挥着不可替代的重要引领作用。习近平主席同特朗普总统保持接触、三次通话,为改善发展中美关系确定了基调、指明了方向。当前中美关系出现企稳态势,来之不易,值得珍惜。
王毅指出,作为两个大国,中美需要加强交流对话,避免误解误判,防止对立对抗,推进互利合作,共担大国责任。(完)
1. 9月23日,中共中央政治局委员、外交部长王毅在北京会见美国国会众议员代表团史密斯一行。 新华社记者 才扬 摄