China
တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် ဂုဏ်ပြုပွဲ ယဉ်ကျေးမှုအနုပညာ ညဖျော်ဖြေပွဲအား သမ္မတ ရှီကျင့်ဖိန် ကြည့်ရှုအားပေး၊ ဝမ်ဟုနင်နှင့် ချိုက်ချီတို့ တက်ရောက်ကြည့်ရှု

ဝူးလူမုချီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့ရှိ ဝူးလူမုချီယဉ်ကျေးမှုစင်တာ ပြဇာတ်ရုံကြီးတွင် စက်တင်ဘာ ၂၄ ရက် ညပိုင်းက ပျော်ရွှင်ကြည်နူးဖွယ် မင်္ဂလာအငွေ့အသက်များနှင့် ပြည့်လျှံလျက်ရှိသည်။ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် ဂုဏ်ပြုပွဲ ယဉ်ကျေးမှုအနုပညာ ညပိုင်းဖျော်ဖြေပွဲ “သာယာလှပသော ရှင်းကျန်း” ကို ယင်းနေရာတွင် ကျင်းပခြင်း ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းရင်းသားအသီးသီး ကေဒါပြည်သူလူထုနှင့်အတူတကွ ဖျော်ဖြေပွဲအား ကြည့်ရှုအားပေးခဲ့သည်။
ယဉ်ကျေးမှုအနုပညာညဖျော်ဖြေပွဲကို “ဒို့အတူ” ဟူသော အဆိုအကများဖြင့် ဖွင့်လှစ်ခဲ့သည်။ ဖျော်ဖြေပွဲတွင် စုစုပေါင်း အပိုင်း သုံးပိုင်းပါရှိသည်။ ပထမအပိုင်းတွင် “အောင်မြင်မှုဟစ်ကြွေးသံနှင့်အတူ ရှင်းကျန်းသို့ ချီတက်လာ”၊ “ဆိုင်းသံဗုံသံများနှင့် သီဆိုကြမယ်”၊ “တက်ကြွလန်းဆန်းသည့် ဘဝ၏နေ့ရက်များ” စသည့် အဆိုအကများဖြင့် ရှင်းကျန်း ဆိုရှယ်လစ်ဝါဒ တည်ဆောက်မှု၏ နွေးထွေးတောက်ပသည့် မြင်ကွင်းများအား ပြသခဲ့သည်။
ဒုတိယအပိုင်းတွင် သရုပ်ဖော်မြင်ကွင်းနောက်ခံ အဆိုအကများဖြစ်သော “ထျန်းဆန်း၏ တောင်နှင့်မြောက်”၊ “ထျန်းဆန်း အစိမ်းရောင်ထင်းရှူးပင် အမြစ်ချင်းအတူဆက်နွှယ်နေ”၊ သရုပ်ပြတေးသီချင်း “ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်ခြင်း၏ မင်္ဂလာ” တို့ဖြင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်ခြင်းက ရှင်းကျန်းဒေသအတွက် ရှင်သန်တက်ကြွမှုများ ဆောင်ကြဉ်းလာပေးခြင်းအား သရုပ်ပြဖျော်ဖြေခဲ့ကြသည်။
တတိယအပိုင်းအနေဖြင့် “တစ်မူထူးခြားသည့် ကရုဏာမေတ္တာ”၊ “မျှော်မှန်းတမ်းတ”၊ “မိမိချစ်သော အမိမြေ”၊ “ထျန်းဆန်းအား ကာကွယ်ထိန်းသိမ်းခြင်း”၊ “ပိုးလမ်းမ၏ ပန်းများပွင့်လန်းနေ”၊ “ခေတ်ကာလ၏ သံစုံတီးဝိုင်း” စသည့် အစီအစဉ်များဖြင့် ရှင်းကျန်း တိုင်းရင်းသားပြည်သူအသီးသီး၏ ညီညွတ်သည့်စိတ်ဓာတ်ဖြင့် ခေတ်သစ် သာယာလှပသော အနာဂတ်မျှော်မှန်းချက် တည်ဆောက်မှုကို ပုံဖော်ခဲ့သည်။
“သာယာလှပသော ရှင်းကျန်း” အဆိုအကဖျော်ဖြေတင်ဆက်မှုသည် အခမ်းအနား၏ စည်ကားသိုက်မြိုက်မှုကို အထွတ်အထိပ်သို့ ရောက်စေခဲ့သည်။ ညပိုင်းဖျော်ဖြေပွဲအခမ်းအနားသည် စိတ်အားထက်သန်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ပေါင်း ၇၀ ကာလ၏ ထွန်းလင်းတောက်ပသည့် သမိုင်းဖြစ်စဉ်ကို ပြသလိုက်သလို ရှင်းကျန်းတိုင်းရင်းသားအသီးသီး ကေဒါ၊ ပြည်သူလူထုက အထွေထွေအတွင်းရေးမှူးချုပ်အပေါ် ချစ်မြတ်နိုးမှု၊ ပါတီနှင့် နိုင်ငံအပေါ် ကျေးဇူးတင်ရှိမှု၊ သာယာချမ်းမြေ့သည့် နေထိုင်မှုဘဝအပေါ် ပျော်ရွှင်ကြည်နူးမှုများကို ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။
ဝမ်ဟုနင်၊ ချိုက်ချီ၊ လီကန့်ကျယ်၊ ဟယ်လိဖုန်း၊ ဝမ်ရှောင်ဟုန်၊ ရွှယ်ခဲ့လိုင်ထီ ကျားခဲ့အယ်၊ ရှန့်ရှီချင်၊ ဝမ်တုန်းဖုန်းနှင့် လျိုကျန့်လိ၊ ရှင်းကျင်းဒေသ၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ရဲဘော်ဟောင်းများ၊ ဗဟိုနှင့် အစိုးရအဖွဲ့အစည်း သက်ဆိုင်ရာဌာနမှ တာဝန်ခံရဲဘော်များ၊ ဗဟိုကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်အားလုံးတို့က အဆိုပါဖျော်ဖြေပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
习近平观看庆祝新疆维吾尔自治区成立70周年文艺晚会《美丽新疆》 王沪宁蔡奇出席观看
新华社乌鲁木齐9月24日电 24日晚,乌鲁木齐文化中心大剧院洋溢着喜庆热烈的氛围。庆祝新疆维吾尔自治区成立70周年文艺晚会《美丽新疆》在这里举行。中共中央总书记、国家主席、中央军委主席习近平,同新疆维吾尔自治区各族干部群众共同观看演出。
文艺晚会在载歌载舞的《我们在一起》中拉开帷幕。演出共3个篇章。第一篇章通过《凯歌进新疆》《打起手鼓唱起歌》《燃情岁月》等歌舞,展现新疆社会主义建设的火热场景。第二篇章情景歌舞《天山南北》、歌舞《天山青松根连根》、表演唱《改革开放亚克西》,表现改革开放给新疆带来的蓬勃生机。第三篇章《一份特殊的关爱》《牵挂》《我的爱献给祖国母亲》《守护天山》《丝路花开》《时代交响》等节目,描绘新疆各族儿女同心筑梦新时代的美好图景。歌舞《美丽新疆》将晚会推向高潮。整台晚会情感浓烈、精彩纷呈,展现了新疆维吾尔自治区70年来的光辉历程,表达了新疆各族干部群众对总书记的爱戴之情、对党和国家的感恩之情、对幸福生活的喜悦之情。
王沪宁、蔡奇、李干杰、何立峰、王小洪、雪克来提·扎克尔、谌贻琴、王东峰和刘振立,在新疆工作过的老同志,以及中央和国家机关有关部门负责同志、中央代表团全体成员一同观看演出。(完)
图说:9月24日晚,庆祝新疆维吾尔自治区成立70周年文艺晚会《美丽新疆》在乌鲁木齐文化中心大剧院举行。中共中央总书记、国家主席、中央军委主席习近平观看演出。这是习近平向观看演出的新疆各族干部群众挥手致意。 新华社记者 丁林 摄