Connect with us

Australia / Oceania

ဖီဂျီ-တရုတ် ဆက်ဆံရေးက မရှိစဖူးသော အဆင့်မြင့် နေရာတွင် ရပ်တည်လျက်ရှိကြောင်း ဖီဂျီယာယီဝန်ကြီးချုပ် ဆို

ဖီဂျီနိုင်ငံ စူဗာမြို့တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံထူထောင်ခြင်း ၇၆ နှစ်ပြည့်နှင့် တရုတ်-ဖီဂျီ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့် အခမ်းအနားအား စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စူဗာ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ဖီဂျီနိုင်ငံ ယာယီဝန်ကြီးချုပ်၊ ဘဏ္ဍာရေး၊ မဟာဗျူဟာ စီမံကိန်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာရင်းအင်းရေးရာ ဝန်ကြီး Biman Prasad က နှစ်နိုင်ငံချစ်ကြည်ရေးသည် ကြာရှည်စမ်းသပ်မှု ခံနိုင်စွမ်းရှိကာ အချိန်ကာလကြာလာသည်နှင့်အမျှ ပို၍ခိုင်မာမြဲမြံလျက်ရှိပြီး ဖီဂျီ-တရုတ် ဆက်ဆံရေးသည် မရှိစဖူးသော အဆင့်မြင့် နေရာတွင် ရပ်တည်လျက်ရှိကြောင်း စက်တင်ဘာ ၂၇ ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်ပြည့်နှင့် တရုတ်-ဖီဂျီ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့် အခမ်းအနား၌ ပြောကြားခဲ့သည်။
လက်ရှိတွင် ဖီဂျီ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ထိန်းသိမ်းထားနိုင်ပြီး နှစ်ဖက်သည် အပြန်အလှန် လေးစားမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုရှိသော ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြောင်း၊ နှစ်ပေါင်းများစွာတစ်လျှောက်တွင် ဖီဂျီပြည်သူလူထုသည် အခြေခံအဆောက်အအုံ၊ ပညာရေးနှင့် ဆေးကုသရေးစသည့် ကဏ္ဍများတွင် တရုတ်နိုင်ငံအစိုးရ၏ စဉ်ဆက်မပြတ် ထောက်ပံ့ပေးမှုအပေါ် အကျိုးခံစားခဲ့ရပြီး ၎င်းအနေဖြင့် ယင်းအပေါ် အထူးပင် ကျေးဇူးတင်ရှိကြောင်း Prasad က ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်နွယ်ဖွားများ ဖီဂျီသို့ လာရောက်ခြင်း ၁၇၀ ပြည့်နှစ်လည်းဖြစ်သည်။ “တရုတ်နွယ်ဖွားအစုအဖွဲ့သည် အစဉ်အမြဲလိုပင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပြီး ဖီဂျီရဲ့ လူ့အဖွဲ့အစည်း၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးခဲ့သလို ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ကြွယ်ဝစေခဲ့တယ်” ဟု Prasad က ပြောကြားခဲ့သည်။
အပြန်အလှန် လေးစားမှုသည် တရုတ်-ဖီဂျီဆက်ဆံရေး တည်ငြိမ်စွာ လမ်းလျှောက်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ကာ အပြန်အလှန်အကျိုးပြု၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုသည် တရုတ်-ဖီဂျီက ကိုယ်စီဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးတွင် အရေးပါသော တွန်းအားဖြစ်ပြီး တရားမျှတမှုကို အခိုင်အမာထိန်းသိမ်းထားခြင်းသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအဖြစ် တရုတ်နှင့် ဖီဂျီ၏ ဘုံတာဝန်ယူမှုဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ယင်းအား လမ်းညွှန်မှုအဖြစ်ထားရှိကာ တရုတ်-ဖီဂျီ ဆက်ဆံရေး သာယာလှပသော နောက်ထပ်နှစ် ၅၀ ဆီသို့ အတူတကွ လျှောက်လှမ်းသွားရန် မျှော်လင့်ကြောင်း ဖီဂျီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျိုးကျန့်က အမှာစကားတွင် ပြောကြားခဲ့သည်။
အဆိုပါနေ့ ဂုဏ်ပြုအခမ်းအနားတွင် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် အရပ်ဘက် အနုပညာအဖွဲ့မှ သရုပ်ဆောင်များနှင့် ဖီဂျီပြည်တွင်း အကအဖွဲ့ ပူးတွဲဖျော်ဖြေတင်ဆက်ကာ ပရိသတ်များထံ စိတ်ဝင်စားဖွယ် သိုင်းပညာ၊ ကျွမ်းဘားအားကစား၊ ရုပ်သေးဇာတ်၊ ကွမ်တုန်း အော်ပရာ၊ အဆိုအက တင်ဆက်မှုများ ဖျော်ဖြေခဲ့သည်။ (Xinhua)

ဖီဂျီနိုင်ငံ စူဗာမြို့တွင် ကျင်းပသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်ပြည့်နှင့် တရုတ်-ဖီဂျီ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့် အခမ်းအနား၌ အမှာစကား ပြောကြားနေသော ဖီဂျီ ယာယီဝန်ကြီးချုပ်၊ ဘဏ္ဍာရေး၊ မဟာဗျူဟာ စီမံကိန်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာရင်းအင်းရေးရာ ဝန်ကြီး Biman Prasad အား စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
斐济代总理:斐中关系处于前所未有的高水平
新华社苏瓦9月28日电(记者郭鑫惠)斐济代总理兼财政、战略规划、国家发展和统计部长比曼•普拉萨德27日在庆祝中华人民共和国成立76周年暨中斐建交50周年活动上说,两国友谊久经考验、历久弥坚,斐中关系正处于前所未有的高水平。
普拉萨德说,当前,斐中两国关系保持良好发展势头,双方建立了相互尊重、共同发展的全面战略伙伴关系。多年来,斐济民众受益于中国政府在基础设施、教育和医疗等领域提供的持续支持,他对此表示由衷感谢。
今年也是华人来斐170周年。普拉萨德说:“华人群体一直是我们社会的重要组成部分,为斐济的社会经济发展作出巨大贡献,并丰富了我们的文化遗产。”
中国驻斐济大使周剑在致辞中说,相互尊重是中斐关系行稳致远的根本基石,互利共赢是中斐实现各自发展的重要动力,坚守正义是中斐作为全球南方国家的共同担当。希望双方以此为指引,共同迈向中斐关系的下一个光辉50年。
当天的庆祝活动上,来自广东省民间艺术团的演员们与斐济本土舞蹈团联合演出,为观众献上精彩的武术、杂技、木偶戏、粤剧以及歌舞表演。(完)
图说1:这是9月27日在斐济苏瓦拍摄的庆祝中华人民共和国成立76周年暨中斐建交50周年活动现场。新华社发(高鑫摄)
图说2:9月27日,斐济代总理兼财政、战略规划、国家发展和统计部长比曼•普拉萨德在苏瓦举行的庆祝中华人民共和国成立76周年暨中斐建交50周年活动上致辞。新华社发(高鑫摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.