China
ဂျပန်၏ ပြည်ပတွင် တိုက်စစ်ဆင်နိုင်သော ဒုံကျည်များ ပစ်လွှတ်မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်မေးမြန်းမှုအား ဖြေကြား
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)
ဂျပန်၏ Type 88 ဒုံးကျည်ကို ပထမအကြိမ် “Balikatan” စစ်ရေးလေ့ကျင့်မှုတွင် ပစ်လွှတ်ခဲ့ကြောင်း သတင်းအရ သိရသည်။ ယင်းမှာ ဂျပန်နိုင်ငံက ပြည်ပတွင် ပထမအကြိမ် တိုက်စစ်ဆင်နိုင်သော ဒုံးကျည်များ ပစ်လွှတ်ခြင်းဖြစ်သည်။
ဂျပန်စစ်ဝါဒသစ် အရှိန်မြင့်လာမှုအန္တရာယ်က ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် စစ်ဝါဒ ကျူးကျော်မှုသမိုင်းကို လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်ကာ စစ်ရေးလုံခြုံမှုကဏ္ဍတွင် ကတိကဝတ်ကို စောင့်ထိန်းရန်၊ သတိထား၍ ပြောဆိုပြုမှုရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မေ ၆ ရက် သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုများအား ဖြေကြားရာတွင် ပြောကြားခဲ့သည်။
“ဂျပန်နိုင်ငံက ဖိလစ်ပိုင် အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေအပေါ် ကျူးကျော်ကာ ကိုလိုနီပြုအုပ်ချုပ်ခဲ့ဖူးပြီး ပြင်းထန်တဲ့ သမိုင်းပြစ်မှုတွေရှိတယ်။ တိုကျိုရုံးတင်စီရင်မှု (Tokyo Trial) စတင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်တဲ့ ဒီထူးခြားတဲ့နှစ်မှာ တစ်ချိန်က ကျူးကျော်သူတွေက သမိုင်းပြစ်မှုတွေကို လေးလေးနက်နက်ပြန်လည်ဆင်ခြင်သုံးသပ်မှု မလုပ်နိုင်တဲ့အပြင် ‘လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှု’ လို့ အကြောင်းပြပြီး ပြည်ပကို စစ်ရေးအင်အား စေလွှတ်ပြီး တိုက်စစ်ဆင်နိုင်တဲ့ ဒုံကျည်တွေ ပစ်လွှတ်ခဲ့တယ်” ဟု လျင်ကျန့်က ဆိုခဲ့သည်။
ဤလုပ်ဆောင်ချက်သည် ဂျပန်လက်ယာယိမ်းအင်အားစုက ဂျပန် “ထပ်မံ၍ စစ်ရေးအသွင်ပြောင်းခြင်း” လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်ကို ထပ်မံဖော်ပြနေကြောင်း၊ “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း” နှင့် နိုင်ငံတကာဥပဒေ၊ ပြည်တွင်း ဥပဒေ သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို အဆက်မပြတ် ချိုးဖောက်ခဲ့ရာ အချို့သော မူဝါဒနှင့် လုပ်ဆောင်ချက်များသည် “မိမိကိုယ်ကို ကာကွယ်ခြင်း” အတိုင်းအတာကို များစွာ ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမိုင်းပညာပေးမှု အလွန်လစ်လပ်နေခြင်း၊ သမိုင်းအမြင်ဆိုင်ရာ အခြေခံကျသော မှားယွင်းမှုများရှိနေခြင်းနှင့် စစ်အင်အားတိုးချဲ့ပြင်ဆင်ရေး မဟာဗျူဟာမြောက် ကြံစည်မှု ထပ်လောင်းပေါင်းစပ်သည့်အခါ ဂျပန်နိုင်ငံ၏ စစ်ဝါဒသစ် အရှိန်မြင့်လာမှုအန္တရာယ်က ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို ခြိမ်းခြောက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ဂျပန်နိုင်ငံအနေနဲ့ စစ်ရေးဝါဒ ကျူးကျော်မှုသမိုင်းကို လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်ကာ စစ်ရေးလုံခြုံမှုကဏ္ဍတွင် ကတိကဝတ်စောင့်ထိန်းပြီး သတိရှိရှိဖြင့် ပြောဆိုပြုမူဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
外交部发言人就日本在海外发射进攻型导弹答记者问
新华社北京5月6日电(记者吴梦桐、董雪)据报道,5月6日,日本88式导弹首次在“肩并肩”军演中发射。这是日本首次在境外发射进攻型导弹。外交部发言人林剑6日在例行记者会上答问时表示,日本“新型军国主义”成势为患,威胁地区和平稳定。中方敦促日方深刻反省军国主义侵略历史,在军事安全领域恪守承诺、谨言慎行。
“日本曾对包括菲律宾在内的东南亚国家进行侵略和殖民统治,负有严重历史罪责。在东京审判开庭80周年这一特殊年份,曾经的侵略者不仅未能深刻反省历史罪行,反而打着所谓‘安全合作’幌子向海外派遣军事力量,发射进攻型导弹。”林剑说,这一动向再次说明,日本右翼势力正在推动日本加速“再军事化”进程,不断突破“专守防卫”和国际法、国内法相关规制,一些政策和行动已经远远超出了“自卫”范畴。
他表示,历史教育的严重欠账、历史观的根本性错误,叠加强军备战的战略图谋,日本“新型军国主义”成势为患,威胁地区和平稳定。“我们敦促日方深刻反省军国主义侵略历史,在军事安全领域恪守承诺、谨言慎行。”(完)
