မြန်မာ-ENG
ပေကျင်း နန်းတော်ပြတိုက် တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အခမ်းအနား ပြပွဲ ကျင်းပ

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ယခုနှစ်သည် နန်းတော်ပြတိုက်တည်ထောင်ခြင်းနှစ် ၁၀၀ ပြည့်ဖြစ်သည်။ စက်တင်ဘာ ၂၉ ရက်၌ “ရာစုနှစ် ကြီးကြပ်အုပ်ချုပ်မှု တားမြစ်မြို့တော်မှ နန်းတော်ပြတိုက်သို့” ခေါင်းစဥ်ဖြင့် ပြပွဲဖွင့်လှစ်ခြင်းအခမ်းအနားကို ပေကျင်းမြို့ နန်းတော်ပြတိုက်တွင် ကျင်းပခဲ့သည်။
ပြပွဲတွင် ယဥ်ကျေးမှုအမွေအနှစ် လက်ရာ ၂၀၀ ခု (အစုံလိုက်များ) တင်ဆက်ပြသထားပြီး တရုတ်ယဥ်ကျေးမှုနှင့် နန်းတော်ပြတိုက်၏ ဆင့်ကဲပြောင်းလဲခြင်းကို ရှုထောင့်စုံမှ အနက်ဖွင့် ဖော်ပြထားကြောင်းသိရသည်။
အများပြည်သူလာရောက်ကြည့်ရှုနိုင်ရန် ဝူမန်မုခ်ဦး ပြပွဲခန်းမတွင် စက်တင်ဘာ ၃၀ ရက်၌ တရားဝင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

တရုတ်နိုင်ငံမြို့တော်ပေကျင်းရှိ နန်းတော်ပြတိုက်တွင် “ချင်းမင်ပွဲတော်ကာလ မြစ်ကမ်းတစ်လျှောက်” ဟူသည့် မြောက်စုန့်မင်းဆက်( ၉၆၀-၁၁၂၇ အေဒီ) က လက်ရာပန်းချီကား ပြသထားသည်ကို စက်တင်ဘာ ၂၉ ရက် မိုဘိုင်းဖုန်းဖြင့်ရိုက်ကူးထားသောပုံ၌ တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံမြို့တော် ပေကျင်းရှိ နန်းတော်ပြတိုက်ရှိ သရီးဒီဒစ်ဂျစ်တယ်ပြခန်းတစ်ခုတွင် လာရောက်လည်ပတ်သူတစ်ဦးကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
…………………..
(English Version)
Exhibition held to mark 100th anniversary of founding of Palace Museum in Beijing
This year marks the 100th anniversary of the founding of the Palace Museum. On Monday, the opening ceremony of the exhibition “A Century of Stewardship: From the Forbidden City to the Palace Museum” was held at the Palace Museum in Beijing.
The exhibition features 200 pieces (sets) of cultural relics, offering a multidimensional interpretation of the Chinese civilization and the evolution of the Palace Museum.
It will officially open to the public on Sept. 30 at the Wumen Gate Exhibition Hall.
Photo 1: Invited visitors view an exhibit at the Palace Museum in Beijing, capital of China, Sept. 29, 2025. (Xinhua/Jin Liangkuai)
Photo 2 : This photo taken with a mobile phone on Sept. 29, 2025 shows a part of the Northern Song Dynasty (960-1127 AD) painting “Along the River During the Qingming Festival” at the Palace Museum in Beijing, capital of China. (Xinhua/Jin Liangkuai)
Photo 3: An invited visitor visits a 3D digital exhibition at the Palace Museum in Beijing, capital of China, Sept. 29, 2025.