China
ဝမ်ရိနှင့် အီတလီနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani တွေ့ဆုံဆွေးနွေး

ရောမ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီတလီနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani နှင့် အီတလီနိုင်ငံ ရောမမြို့တွင် ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက ယခုနှစ်သည် တရုတ်-အီတလီ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၅၅ နှစ်ပြည့် ဖြစ်ကြောင်း၊ ရာစုနှစ်ဝက်ကြာကာလတွင် တရုတ်-အီတလီသည် အဆင့်မြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ကာ အရည်အသွေးမြင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးကို တွန်းအားပေးဆောင်ရွက်ပြီး ရလဒ်ကြွယ်ဝသော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ ကြိုးပမ်းမှုများသည် နှစ်ဖက်အနေဖြင့် ယဉ်ကျေးမှုဗီဇနှင့် လက်တွေ့လိုအပ်ချက်ပေါ်တွင် အခြေခံသည့် မှန်ကန်သော ရွေးချယ်မှုဖြစ်ပြီး နှစ်ဖက်အခြေခံ၊ ရေရှည်အကျိုးစီးပွားနှင့်ကိုက်ညီမှု ရှိသလို နှစ်နိုင်ငံပြည်သူများ၏ဘုံဆန္ဒနှင့်လျော်ညီသည်ကို တရုတ်-အီတလီ ဆက်ဆံရေး သမိုင်းက အပြည့်အဝ သက်သေပြခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီတလီနိုင်ငံနှင့်အတူ ယုံကြည်ချက်အခိုင်အမာထားရှိကာ အတားအဆီးများကို ဖယ်ရှားရန်၊ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်သည့် လှုပ်ရှားမှုအစီအစဉ်ကို တက်ကြွစွာ ဖော်ဆောင်ရန်၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွင် ပို၍များပြားသော အောင်မြင်မှုရလဒ် ရရှိစေရေး တွန်းအားပေးဆောင်ရွက်ကာ နှစ်နိုင်ငံ စီးပွားရေးတိုးတက်ရေးကို ထောက်ပံ့အားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-အီတလီသည် အပြန်အလှန်အားဖြင့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်များဖြစ်ရာ နီးကပ်သည့် ဖလှယ်မှုများကို ထိန်းသိမ်းသင့်ကြောင်း၊ အပြန်အလှန်ယုံကြည်၍ အပြန်အလှန်အားပေးထောက်ခံပြီး အပြန်အလှန် အဓိကအလေးထားမှုများကို စောင့်ရှောက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အီတလီဘက်က ဆက်လက်လိုက်နာစောင့်ထိန်းကာ တရုတ်-အီတလီဆက်ဆံရေး ရင့်ကျက်တည်ငြိမ်စွာ တိုးတက်ရေးအတွက် နိုင်ငံရေးအခြေခံကို ခိုင်မာအောင် ဆောင်ရွက်သွားမည်ဟု မျှော်လင့်သလို ယုံကြည်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်ကို နှစ်ဖက်အနေဖြင့် ဆက်လက်၍ အသေးစိတ်လှုပ်ရှားမှုဖြင့် ဖော်ဆောင်သွားရမည် ဖြစ်သလို ကောင်းမွန်သည့် နိုင်ငံရေးသဘောဆန္ဒကို တရုတ်-အီတလီဆက်ဆံရေး တိုးတက်မှု တွန်းအားအဖြစ်အသွင်ပြောင်းရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အီတလီနိုင်ငံနှင့်အတူ အစိမ်းရောင်၊ ဒစ်ဂျစ်တယ်၊ အာကာသ၊ ဉာဏ်ရည်တု စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအလားအလာများကို တက်ကြွစွာ ဖော်ဆောင်သွားလိုကြောင်း၊ နှစ်နိုင်ငံကုမ္ပဏီလုပ်ငန်းများ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကို အားပေးရန်အတွက် တရားမျှတသော၊ ပွင့်လင်းသော၊ ခွဲခြားဆက်ဆံမှုမရှိသော၊ ခန့်မှန်း၍ရသော စီးပွားရေးလည်ပတ်သည့်ပတ်ဝန်းကျင်ကို ပံ့ပိုးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယနေ့ကမ္ဘာသည် ရှုပ်ထွေးပြောင်းလဲလျက်ရှိရာ တရုတ်-အီတလီသည် အရှေ့တိုင်းနှင့် အနောက်တိုင်း ရှေးဟောင်းယဉ်ကျေးမှု၏ ထူးချွန်သည့် ကိုယ်စားပြုအနေဖြင့် သမိုင်းအမွေအနှစ်များမှ ဉာဏ်ပညာနှင့် ဉာဏ်စကို ရယူနိုင်စွမ်း ပို၍ရှိသင့်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်စိန်ခေါ်မှုများကို ကိုင်တွယ်စီမံရာတွင် ဓမ္မဓိဋ္ဌာန်ကျသည့် တရုတ်-အီတလီ နည်းလမ်းကို ပံ့ပိုးရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေး၏အင်အား၊ တည်ငြိမ်ရေး၏အင်အားအဖြစ် လက်တွဲလုပ်ဆောင်ကာ ပို၍ တရားမျှတပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးကို တွန်းအားပေးရန်အတွက် အတူတကွ မဆုတ်မနစ် ကြိုးပမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Antonio Tajani က အီတလီ-တရုတ် ဆက်ဆံရေးသည် အလွန်အရေးကြီးလှကြောင်း၊ နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက်မိတ်ဖက် မူဘောင်အတွင်းရှိ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်သည့် အောင်မြင်မှုရလဒ်များမှာ သိသာထင်ရှားရာ အပြုသဘောဆောင်သော အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုသည် အီတလီ-တရုတ် ဆက်ဆံရေး တိုးတက်မှု၏ အဓိကတွန်းအားဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် အီတလီ-တရုတ် အစိုးရ ကော်မတီ၊ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင် စသည့် နှစ်ဖက်ယန္တရားမှတစ်ဆင့် တွေ့ဆုံဆွေးနွေးဖလှယ်ရေးကို မြှင့်တင်ရန်၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ သုံးနှစ်လှုပ်ရှားမှုစီမံကိန်းအား ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်သွားရန်၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် နက်ရှိုင်းကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ အီတလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အစဉ်အလာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍများ၌ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ဆောင်ရွက်သွားလိုကြောင်း၊ သိပ္ပံနည်းပညာ၊ ဆေးကုသရေး၊ ခရီးသွားလာရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍပူးပေါင်းဖလှယ်မှုများကို ချဲ့ထွင်သွားလိုကြောင်း၊ တိုက်ရိုက်လေကြောင်းလိုင်းများ ပို၍ဖွင့်လှစ်ရန်၊ လာမည့်နှစ် အီတလီ၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို အခွင့်အလမ်းအဖြစ် ကောင်းမွန်စွာ အသုံးချကာ အပြန်အလှန် ထောက်ခံအားပေးမှုကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ အီတလီနိုင်ငံအနေဖြင့် ပိုမိုများပြားသော တရုတ်ကုမ္ပဏီလုပ်ငန်းများ အီတလီ၌ ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ရန် ကြိုဆိုကြောင်း၊ ထို့အတွက်ကောင်းမွန်သော ပတ်ဝန်းကျင်တည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီတလီနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားကျင့်သုံးသွားမည် ဖြစ်ရာ ယင်းမှာ မည်သို့ ယိမ်းယိုင်မှုမျှ ရှိမည်မဟုတ်ကြောင်း Antonio Tajani က အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ရာ အီတလီအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုတွင် အားဖြည့်ကာ ပါလက်စတိုင်း-အစ္စရေး၊ ယူကရိန်း စသည့် အရေးကိစ္စများ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အတူတွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
王毅同意大利副总理兼外长塔亚尼会谈
新华社罗马10月8日电 当地时间2025年10月8日,中共中央政治局委员、外交部长王毅在罗马同意大利副总理兼外长塔亚尼举行会谈。
王毅说,今年是中意建交55周年。半个多世纪以来,中意开展高水平务实合作,推进高质量人文交流,打造了富有成果的全面战略伙伴关系。中意交往历史充分证明,开放合作、共谋发展是双方基于文化基因和现实需要的正确选择,符合双方根本和长远利益,顺应两国人民共同愿望。中方愿同意方一道,坚定信心、排除干扰,积极落实加强全面战略伙伴关系的行动计划,推动双边合作取得更多成果,助力两国经济发展。
王毅说,中意互为全面战略伙伴,应保持密切交流,相互信任、相互支持,照顾彼此重大关切。希望并相信意方继续恪守一个中国原则,为中意关系成熟稳定发展夯实政治基础。双方要继续以具体行动落实两国领导人重要共识,将良好政治意愿转化为中意关系发展动能。中方愿同意方积极发掘绿色、数字、航天、人工智能等领域合作潜力,为鼓励两国企业增加双向投资提供公平、透明、非歧视、可预期的营商环境。
王毅说,当今世界变乱交织,中意作为东西方古老文明的杰出代表,应当也更有能力从历史积淀中汲取智慧和启迪,为应对全球性紧迫挑战提供理性务实的中意方案,携手做世界和平的力量、稳定的力量,共同为推动构建更加公正合理的全球治理体系做出不懈努力。
塔亚尼表示,意中关系极为重要,双方在战略伙伴框架内各领域合作成果显著,构筑起建设性的互惠关系。经贸合作是意中关系发展的重要动力,希望双方通过意中政府委员会、经济合作混委会等双边机制加强对话交流,深化务实合作,落实好三年行动计划,推动两国全面战略伙伴关系不断向纵深发展。意方愿同中方扩大传统和创新领域相互投资,拓展科技、医疗、旅游、人文等领域交流合作,开通更多直航,用好明年意举办冬奥会契机加强相互支持。意方欢迎更多中国企业加大对意投资,愿为此营造良好环境。
塔亚尼强调,意方坚定奉行一个中国政策,对此决不会有任何动摇。中方作为联合国安理会常任理事国,为维护世界和平与发展发挥着举足轻重作用,意方愿同中方加强多边协作,共同推动和平解决巴以、乌克兰等问题。(完)
1. 当地时间2025年10月8日,中共中央政治局委员、外交部长王毅在罗马同意大利副总理兼外长塔亚尼举行会谈。 新华社记者 李京 摄