Connect with us

China

တရုတ်နိုင်ငံက Shiyan-31 စမ်းသပ်ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

ကျိုချွမ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီ ၀၀ မိနစ်တွင် ကျိုချွမ် ဂြိုဟ်တု လွှတ်တင်ရေးစင်တာ၌ Long March-2D သယ်ဆောင်ရေးဒုံးပျံကို အသုံးပြုကာ Shiyan-31 စမ်းသပ်ဂြိုဟ်တုအား ဝေဟင်သို့ အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ ဂြိုဟ်တုသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်သွားခဲ့ပြီး လွှတ်တင်မှုမစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့သည်။
Shiyan-31 စမ်းသပ်ဂြိုဟ်တုအား အဓိကအားဖြင့် အလင်းပညာရပ်နှင့်ဆိုင်သော ပုံရိပ်ဖော်နည်းပညာအသစ် စမ်းသပ်အတည်ပြုရန် အသုံးပြုမည်ဖြစ်သည်။
ယခုအကြိမ်မစ်ရှင်သည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၅၉၉ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်သည်။ (Xinhua)


…………………….
(Chinese Version)
我国成功发射试验三十一号卫星
新华社酒泉10月13日电(李国利、王晨宇)10月13日18时00分,我国在酒泉卫星发射中心使用长征二号丁运载火箭,成功将试验三十一号卫星发射升空,卫星顺利进入预定轨道,发射任务获得圆满成功。
试验三十一号卫星主要用于开展新型光学成像技术验证。
这次任务是长征系列运载火箭的第599次飞行。(完)