World
၁၅၈ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်မှု တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများ စတင်

ကူမင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၅၃၁၀၆၊ ၅၃၁၀၇ နှင့် ၅၃၁၀၈ ရေယာဉ်၊ လာအိုနိုင်ငံ၏ ၀၀၂ ၊ ၀၀၃ နှင့် ၀၀၄ ရေယာဉ်များသည် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟား ရဲဘက်ဆိုင်ရာဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့ပြီး အစီအစဉ်အတိုင်း မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးရေယာဉ်နှစ်စင်းနှင့် ပေါင်းစည်းကာ ၁၅၈ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်မှု တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုနှင့် ဆက်စပ်သော တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကူးလူးဖလှယ်ရေး လှုပ်ရှားမှုအစီအစဉ်များကို အတူတကွ ဆောင်ရွက်ခဲ့သည်။
အဆိုပါလှုပ်ရှားမှုမတိုင်မီ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံမှ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနများက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်ဟုန်မြို့၌ ကွပ်ကဲရေးမှူး ပူးတွဲအစည်းအဝေးနှင့် သတင်းအချက်အလက် ဖလှယ်မှုအစည်းအဝေး ကျင်းပခဲ့ပြီး လတ်တလောကာလအတွင်း မဲခေါင်မြစ်ဝှမ်းဒေသ လုံခြုံရေးအခြေအနေနှင့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှု အခြေအနေအား အတူတကွ လေ့လာသုံးသပ်ကာ ပူးတွဲစီမံခန့်ခွဲမှုအစီအမံအား ဆွေးနွေးညှိနှိုင်းခဲ့ပြီး မြစ်ဝှမ်းဒေသ လုံခြုံရေးကာကွယ်မှုမျဉ်းအား ခိုင်မြဲစွာ တည်ဆောက်ရေး၊ မြစ်ကြောင်းလမ်း တည်ငြိမ်မှုအား ထိန်းသိမ်းရေးအတွက် သဘောတူညီချက်များ ရရှိခဲ့သည်။
လှုပ်ရှားမှုကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်မှု တရားဥပဒေစိုးမိုးရေးဆိုင်ရာ လာအိုနိုင်ငံ မောင်မိုနှင့် ပန်ရှန်ကော် ဆက်သွယ်ရေးစခန်းရှိ တရုတ်နိုင်ငံမှ တာဝန်ထမ်းဆောင်နေသော တပ်ခွဲများ တာဝန်အလှည့်ကျ လဲလှယ်မှုများလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။
ယခုအကြိမ် လှုပ်ရှားမှု၌ ပါဝင်သည့် လာအိုနိုင်ငံ တရားဥပဒေစိုးမိုးရေးယာဉ် ၃ စင်းသည် ထိုမတိုင်မီ စက်တင်ဘာ ၃၀ ရက်တွင် တရုတ်နိုင်ငံ ရှစ်ဆောင်ပဏ္ဏားဒေသသို့ ရောက်ရှိခဲ့ပြီး ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ရေပေါ်ကင်းလှည့်တပ်ဖွဲ့ချုပ်သို့ ချစ်ကြည်ရေး ခရီးစဉ် လာရောက်ခဲ့သည်။ နှစ်ဖက်အနေဖြင့် တရားဥပဒေစိုးမိုးရေးယာဉ်များအား စနစ်တကျတည်ဆောက်ရေး၊ ကျွမ်းကျင်စွမ်းရည်များ လေ့ကျင့်ရေး၊ တရားဥပဒေစိုးမိုးရေးစွမ်းရည် မြှင့်တင်ရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး စသည့် ကဏ္ဍများနှင့် စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ ဖလှယ်ခဲ့ကြရာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ချစ်ကြည်ရေးကို တစ်ဆင့်တိုး နက်ရှိုင်းစေခဲ့ပြီး နှစ်ဖက်၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကျွမ်းကျင်စွမ်းရည်များကို မြှင့်တင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
第158次中老缅泰湄公河联合巡逻执法行动启动
新华社昆明10月21日电(记者王研、胡了然)10月21日上午,中方53106艇、53107艇、53108艇与老方002艇、003艇、004艇从云南省西双版纳傣族自治州景哈警务码头起航,按计划与缅方2艘执法艇会合,共同开展第158次中老缅泰湄公河联合巡逻执法行动及系列执法交流活动。
行动前,中老缅泰四国有关执法部门在景洪召开指挥官联席会及信息交流会,共同研判近期湄公河流域治安形势与跨境犯罪态势,磋商联合治理措施,就筑牢流域安全防线、维护航道稳定达成共识。行动期间,中方还将对中老缅泰湄公河联合巡逻执法驻老挝孟莫、班相果联络点的中方驻勤分队进行轮换。
据悉,参与本次行动的3艘老方执法艇此前于9月30日抵达西双版纳,对云南省公安厅水上巡逻总队开展友好访问,双方围绕执法船艇规范化建设、专业技能培训、执法能力提升及文化交流等方面开展友好交流,进一步深化执法合作友谊,提升双方执法专业能力。(完)
图说:10月21日,参加此次联合巡逻执法行动的中方执法艇靠泊景哈警务码头,等待起航。(云南省公安厅水上巡逻总队供图)