Connect with us

Europe

တူကီယဲက ဗြိတိန်ထံမှ ယူရိုဖိုက်တာ တိုင်ဖွန်း ဂျက်တိုက်လေယာဉ် အစင်း ၂၀ အား အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီမှုရရှိ

တူကီယဲနိုင်ငံ အန်ကာရာမြို့တွင် လက်မှတ်ရေးထိုးထားသော သဘောတူညီချက်ကို ပြသနေသည့် တူကီယဲသမ္မတ ရီဆပ် တေယစ် အာဒိုဂန် (ယာ) နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာတို့အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Mustafa Kaya/Handout via Xinhua)

အန်ကာရာ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ဒေသတွင်း အခင်းအကျင်း မတည်ငြိမ်မှုများကြား ၎င်းတို့၏ ကာကွယ်ရေးစွမ်းရည်များကို အားဖြည့်ရန် ကြိုးပမ်းနေသည့် တူကီယဲနိုင်ငံက ဗြိတိန်နိုင်ငံမှ ယူရိုဖိုက်တာ တိုင်ဖွန်း ဂျက်တိုက်လေယာဉ် အစင်း ၂၀ အား ပေါင် ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၆၄ ဘီလီယံ) ဖြင့် ဝယ်ယူမည့် သဘောတူစာချုပ်ကို အောက်တိုဘာ ၂၇ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

တူကီယဲသို့ ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာလည်း တက်ရောက်ခဲ့သည့် အန်ကာရာ‌တွင် ပြုလုပ်သော ၁၀ နှစ်သက်တမ်းရှိ သဘောတူညီချက်အား လက်မှတ်ရေးထိုးသည့် အခမ်းအနားအပြီးတွင် တူကီယဲသမ္မတ ရီဆပ် တေယစ် အာဒိုဂန်က ယင်းသဘောတူညီချက်မှာ ရင်းနှီးသော မဟာမိတ်နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆက်ဆံရေး၏ အမှတ်သင်္ကေတသစ် ဖြစ်သကဲ့သို့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးနယ်ပယ်၌ ပူးတွဲစီမံကိန်းများကိုလည်း တံခါးဖွင့်ပေးမည်ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။
ထို့အတူ စတားမာကလည်း နှစ်နိုင်ငံအနေဖြင့် ခိုင်မြဲသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဦးတည်၍ ခြေတစ်လှမ်း အစပြုလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ ပထမဆုံးခြေလှမ်းနှင့်အတူ ဗြိတိန်အနေဖြင့် တူကီယဲအား ယူရိုဖိုက်တာ တိုင်ဖွန်း ဂျက်တိုက်လေယာဉ် အစင်း ၂၀ ရောင်းချသွားမည်ဖြစ်ကာ အနာဂတ်တွင်လည်း ထပ်မံရောင်းချခွင့်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသည် စတားမာအနေဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူပြီးနောက် တူကီယဲသို့ ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးသည် အန်ကာရာမြို့ရှိ သမ္မတအိမ်တော်၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကာ ယင်းနောက် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့အချင်းချင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တူကီယဲအနေဖြင့် ယူရိုဖိုက်တာ တိုင်ဖွန်း ဂျက်တိုက်လေယာဉ် စုစုပေါင်း ၄၄ စင်း ဝယ်ယူရန် စီစဉ်ထားကာ ကာတာနိုင်ငံမှ ၁၂ စင်း၊ အိုမန်နိုင်ငံမှ ၁၂ စင်းနှင့် ဗြိတိန်နိုင်ငံမှ အစင်း ၂၀ ဝယ်ယူမည်ဖြစ်ပြီး လာမည့်နှစ် အစောပိုင်းတွင် စတင်လက်ခံရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ယင်းနေ့အစောပိုင်းတွင် တူကီယဲ ကာကွယ်ရေးဝန်ကြီး ယာဆာ ဂူလာက သတင်းထောက်များအား ပြောကြားခဲ့သည်။ (Xinhua)

တူကီယဲနိုင်ငံ အန်ကာရာမြို့၌ သဘောတူညီချက်အား လက်မှတ်ရေးထိုးပွဲအပြီးတွင် တူကီယဲသမ္မတ ရီဆပ် တေယစ် အာဒိုဂန်နှင့်အတူ ရှင်းလင်းပြောကြားနေသည့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာ (ဝဲ) အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Mustafa Kaya/Handout via Xinhua)

တူကီယဲနိုင်ငံ အန်ကာရာမြို့တွင် ပြုလုပ်သော ကြိုဆိုပွဲအခမ်းအနား၌ ဧည့်သည်တော် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာနှင့် လက်ဆွဲနှုတ်ဆက်နေသည့် တူကီယဲသမ္မတ ရီဆပ် တေယစ် အာဒိုဂန်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Mustafa Kaya/Handout via Xinhua)

………………..
(English Version)
Türkiye seals 10-bln-USD deal for 20 Eurofighter Typhoon jets from Britain
ANKARA, Oct. 27 (Xinhua) — Türkiye signed a deal on Monday to buy 20 Eurofighter Typhoon fighter jets from Britain for 8 billion pounds (10.64 billion U.S. dollars), as Ankara seeks to bolster its defense capabilities amid a turbulent regional landscape.
Following the signing ceremony of the 10-year deal in Ankara, attended by visiting British Prime Minister Keir Starmer, Turkish President Recep Tayyip Erdogan hailed the agreement as “a new symbol of the strategic relations between our two close allies” and said it “will also open the door to joint projects in the defense industry.”
Starmer, for his part, said the two countries were taking a step toward “a strengthened strategic partnership.”
With the first step of this cooperation between the two countries, Britain will supply Türkiye with 20 Eurofighter Typhoon jets, with the option to provide more in the future, he said.
This marks Starmer’s first visit to Türkiye since taking office as British prime minister in July 2024. During the trip, the two leaders held one-on-one talks at the Presidential Complex in Ankara, followed by inter-delegation meetings.
Earlier in the day, Turkish Defense Minister Yasar Guler told reporters that the country plans to purchase a total of 44 Eurofighter Typhoon jets — 12 from Qatar, 12 from Oman, and 20 from Britain — with deliveries expected to begin early next year.
English Caption 1
Turkish President Recep Tayyip Erdogan (R) and British Prime Minister Keir Starmer display the signed agreement in Ankara, Türkiye, Oct. 27, 2025. (Mustafa Kaya/Handout via Xinhua)
English Caption 2
British Prime Minister Keir Starmer (L) delivers statements following the signing ceremony with Turkish President Recep Tayyip Erdogan in Ankara, Türkiye, Oct. 27, 2025. (Mustafa Kaya/Handout via Xinhua)
English Caption 3
Turkish President Recep Tayyip Erdogan (R) shakes hands with visiting British Prime Minister Keir Starmer during a welcoming ceremony, in Ankara, Türkiye, Oct. 27, 2025. (Mustafa Kaya/Handout via Xinhua)