Europe
နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ဥပဒေရေးရာကျွမ်းကျင်ပညာရှင်များ ဘဲလ်ဂရတ်မြို့တွင် တွေ့ဆုံဆွေးနွေး
ဘဲလ်ဂရိတ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တော်၌ ကျင်းပပြုလုပ်နေသည့် ပထမအကြိမ် ဘဲလ်ဂရိတ် ကမ္ဘာ့သိပ္ပံ ဆိုင်ရာညီလာခံ၏ သီတင်းပတ်ကုန်ရက်တစ်ခုလုံးတွင် နိုင်ငံတကာရာဇဝတ်မှု ဆိုင်ရာဥပဒေ၏အနာဂတ်ကို ဆွေးနွေးရန် နိုင်ငံပေါင်း ၅၀ ကျော်မှ ဥပဒေရေးရာကျွမ်းကျင်ပညာရှင်များကို စုစည်းဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါညီလာခံကို “နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာဥပဒေ၏ လမ်းဆုံလမ်းခွများ” ဟူသော ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃၀ ရက်က စတင်ဖွင့်လှစ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ညီလာခံသို့ တက်ရောက်လာကြသောပညာရှင်များနှင့် ဥပဒေရေးရာကျွမ်းကျင်သူများသည် လက်နက်ကိုင်ပဋိပက္ခများ၊ စစ်တပ်၏ ကြားဝင်စွက်ဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံတကာရာဇဝတ်မှု တရားရုံး (ICC) ၏ အခန်းကဏ္ဍ စသည်များကိုအာရုံစိုက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂအဖွဲ့ကြီးကို ပြန်လည်တည်ဆောက်ခြင်း၊ အနာဂတ်တွင် ပဋိပက္ခများကိုလျှော့ချခြင်းနှင့် ပိုမိုကောင်းမွန်သောကမ္ဘာကြီးကိုဖန်တီးခြင်းများအတွက် ယခုညီလာခံမှ ခိုင်မာသည့် အဆိုပြုချက်များထွက်ပေါ်လာစေရန်ရည်မှန်းထားကြောင်း အီတလီ လူမှုဗေဒပညာရှင်နှင့် ကုလသမဂ္ဂတားမြစ်ဆေးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး အမှုဆောင် ညွှန်ကြား ရေးမှူးဟောင်း ပီနိုအာလက်ချီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
နိုင်ငံတကာ ရာဇဝတ်မှုဥပဒေဆိုင်ရာ ဆားဘီးယားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ် ဆရီတိုနိုဂိုကလည်း ပိုမိုယိုယွင်းဆိုးရွားလာသော ကမ္ဘာလုံးဆိုင်ရာဖွဲ့စည်းပုံတစ်ခု၏အလယ်တွင် အင်အားကြီးမားသည့် နိုင်ငံရေးများက နိုင်ငံတကာဆက်ဆံရေးများ၌ ဩဇာလွှမ်းမိုးမှု ပိုမိုများပြားလာခြင်းကို မီးမောင်းထိုးပြောကြားခဲ့သလို အဓိပ္ပါယ်အနှစ်သာရပြည့်၀သော ကမ္ဘာလုံးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွင် တရုတ်နိုင်ငံ၏ပါဝင်ဆောင်ရွက်မှုလိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည့်အဆိုပါညီလာခံကို ပေကျင်းမြို့တော်အခြေစိုက် သိပ္ပံဆိုင်ရာပလက်ဖောင်းဖြစ်သော Global Era ရှိ ရာဇဝတ်မှုနှင့် ရာဇဝတ်မှုဥပဒေဆိုင်ရာ နိုင်ငံတကာဖိုရမ်နှင့် နိုင်ငံတကာရာဇဝတ်မှုဥပဒေဆိုင်ရာ ဆားဘီးယားအစည်းအရုံးက ပူးတွဲစီစဉ်ကျင်းပခြင်းဖြစ်သည်။ (Xinhua)
……………………….
(English Version)
Legal experts discuss int’l criminal law in Belgrade
BELGRADE, Oct. 31 (Xinhua)
The first Belgrade World Scientific Conference gathered legal experts from more than 50 countries to discuss the future of international criminal law over the weekend.
The conference was opened on Thursday under the theme “Crossroads of International Criminal Law.” Academics and legal experts attending the conference would focus on armed conflicts, military interventions, human rights violations, UN Security Council reform, and the role of the International Criminal Court.
Pino Arlacchi, Italian sociologist and former executive director of the UN Office on Drugs and Crime, told Xinhua that the conference aims to produce concrete proposals for “rebuilding the United Nations, reducing future conflicts, and creating a better world.”
Sreto Nogo, secretary-general of the Serbian Association for International Criminal Law, underlined that international relations are increasingly influenced by power politics amid a deteriorating global order, adding that meaningful global reform requires China’s participation.
The event, running through Nov. 2, is jointly organized by the International Forum on Crime and Criminal Law in the Global Era, a Beijing-based scientific platform, and the Serbian Association for International Criminal Law. ■
Photo:
A drone photo taken on April 29, 2024 shows a city view of Zemun in Belgrade, Serbia. (Photo by Wang Wei/Xinhua)
