Africa & Middle East
အမေရိကန်၏ ဖိအားကို ကြံ့ကြံ့ခံလျက် G20 ဂျိုဟန်နက်စ်ဘာ့ခ်ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက် အတည်ပြုခဲ့
ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
၂၀ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော ဘက်အသီးသီးသည် အစည်းအဝေး၏ အဓိကကျသော လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သဘောတူညီချက်များရရှိခဲ့ပြီး “G20 ခေါင်းဆောင်များ ဂျိုဟန်နက်စ်ဘာ့ခ်မြို့ထိပ်သီးအစည်းအဝေး ကြေညာချက်”ကို အတည်ပြုခဲ့ကြောင်း တောင်အာဖရိကနိုင်ငံ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Ronald Lamola က အဆိုပါနေ့ ညနေပိုင်းတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ယင်းမှာ G20 ထိပ်သီးအစည်းအဝေး၏ ပထမအကြိမ် ဖွင့်ပွဲအခမ်းအနားကျင်းပရာနေ့တွင် ပူးတွဲကြေညာချက် အတည်ပြုခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးမကျင်းပမီ တောင်အာဖရိကဆိုင်ရာ အမေရိကန်သံရုံးက အမေရိကန်အနေဖြင့် ထိပ်သီးအစည်းအဝေးတွင် ပါဝင်မည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အမေရိကန်၏ သဘောတူညီချက်မရှိဘဲ “G20 သဘောတူညီချက်ကို အခြေခံ၍ ထိပ်သီးအစည်းအဝေးဆိုင်ရာ ရလဒ်စာရွက်စာတမ်းများ ထုတ်ပြန်ခြင်း” ကို ကန့်ကွက်ကြောင်း ပြောကြားထားသည့် စာတစ်စောင် တောင်အာဖရိကအစိုးရထံ ပေးပို့ခဲ့သည်။ ယင်းနောက် တောင်အာဖရိကအစိုးရက အမေရိကန်သည် ထိပ်သီးအစည်းအဝေးကို ဖယ်ကြဉ်ခြင်းကြောင့် ၎င်း၏ “ထုတ်ဖော်ပြောကြားခွင့်” ဆုံးရှုံးသွားကြောင်းနှင့် တောင်အာဖရိကအနေဖြင့် အမေရိကန်၏ အတင်းအကျပ်ဖိအားပေးမှုတွင် အညံ့ခံမည်မဟုတ်ကြောင်း ချက်ချင်းတုံ့ပြန်ခဲ့သည်။
ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် အကြောင်းအရာ ၁၂၂ ချက်ပါဝင်ကာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်ရန် အလေးထားဖော်ပြခဲ့ပြီး အားလုံးပါဝင်သော တိုးတက်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် ဖွံ့ဖြိုးဆဲနိုင်ငံများအား ထောက်ခံမှုကို အားကောင်းစေရန် တိုက်တွန်းခဲ့သည်။
ကြေညာချက်ကို အောင်မြင်စွာ အတည်ပြုနိုင်ခဲ့ခြင်းက နိုင်ငံအသီးသီးသည် လက်တွေ့ကျသော လှုပ်ရှားမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေ၍ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒကို ထောက်ခံရန် လုပ်ဆောင်လျက်ရှိသည်ကို ပြသခဲ့ကြောင်း တောင်အာဖရိက သမ္မတ ပြောရေးဆိုခွင့်ရှိသူ Vincent Magwenya က အဆိုပါနေ့ ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ ကမ္ဘာကြီးသည် ဆိုးတူကောင်းဖက်ဖြစ်သော မိသားစုကြီးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ကြိုးပမ်းရာတွင် မည်သည့်နိုင်ငံမျှ တစ်ဦးတည်း လျှောက်လှမ်း၍မရကြောင်း၊ ယခုအကြိမ် ထိပ်သီးအစည်းအဝေးသည် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ၏ အရေးပါမှုကိုလည်း ထပ်မံထင်ဟပ်စေကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
အမေရိကန်သည် လာမည့် G20 အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖြစ်သည်။ ယင်းမတိုင်မီ မီဒီယာများ၏ သတင်းဖော်ပြချက်အရ အမေရိကန်သည် တောင်အာဖရိကရှိ ၎င်းသံရုံး ယာယီတာဝန်ခံကိုသာ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် လွှဲပြောင်းပေးအပ်ပွဲသို့ စေလွှတ်ရန် စီစဉ်ထားရာ တောင်အာဖရိကအစိုးရ၏ ငြင်းပယ်ခြင်းခံခဲ့ရကြောင်း သိရသည်။ ဤအစီအစဉ်ကို တောင်အာဖရိက “လက်မခံနိုင်” ကြောင်း Magwenya က ဖော်ပြခဲ့သည်။
အမေရိကန်၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် လွှဲပြောင်းပေးအပ်မှုဆိုင်ရာ အစီအစဉ်နှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် Lamola က သံတမန်ရေးရာလုပ်ထုံးလုပ်နည်းအရ သင့်လျော်သောအဆင့်ရှိသော ကိုယ်စားလှယ်တစ်ဦး အစည်းအဝေးတက်ရောက်ရန် အမေရိကန်ဘက်က စေလွှတ်ခဲ့ခြင်း မရှိသောကြောင့် တောင်အာဖရိကသည် ထိပ်သီးအစည်းအဝေးကျင်းပရာနေရာတွင် အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပမည်မဟုတ်ကြောင်း ထောက်ပြခဲ့သည်။ G20 အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် အမေရိကန်သည် နိုင်ငံအကြီးအကဲ သို့မဟုတ် ဝန်ကြီးအဆင့်အရာရှိက ထိပ်သီးအစည်းအဝေးတက်ရောက်သင့်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
တောင်အာဖရိကသည် တံခါးဖွင့်လှစ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော သဘောထား အစဉ်အမြဲ လက်ကိုင်ထားပြီး အမေရိကန်ဘက်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားလိုကြောင်း၊ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ထိပ်သီးအစည်းအဝေး ပြီးဆုံးပြီးနောက် တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတွင် ကျင်းပမည်ဖြစ်သလို အမေရိကန်ဘက်က တောင်းဆိုမှုပြုပြီးနောက် တောင်အာဖရိက ပြည်တွင်း အခြားသင့်လျော်သောနေရာ၌လည်း ပြုလုပ်နိုင်ကြောင်း Lamola က ပြောကြားခဲ့သည်။ (Xinhua)

…………………..
(Chinese Version)
顶住美国压力 G20约堡峰会通过联合宣言
新华社约翰内斯堡11月22日电(记者白舸 靳博文)二十国集团(G20)领导人第二十次峰会22日在南非约翰内斯堡开幕。南非国际关系与合作部长罗纳德·拉莫拉在当天下午召开的记者发布会上表示,与会各方已就会议核心议程达成共识,并通过《二十国集团领导人约翰内斯堡峰会宣言》。
这是G20峰会首次于开幕当日通过联合宣言。会议前夕,美国驻南非大使馆照会南非政府,重申美方不会参加此次峰会,并反对在未经美方同意下“以二十国集团共识为前提发表任何峰会成果文件”。南非政府随即表示,美方已因抵制峰会而失去“发言”资格,南非不会屈服于美方胁迫。
峰会宣言共包含122条内容,强调通过多边合作应对全球挑战,并呼吁加强对发展中国家的支持,以推动包容性增长与可持续发展。
南非总统发言人文森特·马格韦尼亚当天在接受新华社记者采访时表示,宣言的顺利通过表明各国正以实际行动加强协作、支持多边主义。他强调,世界是休戚与共的大家庭,任何国家在追求发展目标的进程中都不可能独行。此次峰会也再次彰显了多边主义的重要性。
美国是下一任G20轮值主席国。此前据媒体报道,美方计划仅派驻南非大使馆临时代办出席轮值主席国交接仪式,遭到南非政府拒绝。马格韦尼亚表示,这一安排对于南非来说“不可接受”。
在被问及与美国的轮值主席国交接安排时,拉莫拉指出,鉴于美方未按外交惯例派出相应级别代表参会,南非不会在峰会现场举行轮值主席国交接仪式。他强调,美国作为G20成员,理应由国家元首或部长级官员参加峰会。
拉莫拉表示,南非始终秉持开放与友好态度,愿与美方继续保持合作。交接仪式将于峰会结束后在南非国际关系与合作部举行,也可在美方提出请求后,于南非境内其他适当地点进行。(完)
图说:11月22日,在南非约翰内斯堡,南非国际关系与合作部长罗纳德·拉莫拉在记者会上发言。 新华社记者 陈为 摄
