Connect with us

International Organizations

၂၀၂၆ ခုနှစ်အတွင်း ကြီးမားသည့်အခိုက်အတန့်များအတွက် ဘိုင်ယန် အဆင်သင့်ဖြစ်နေပြီဟု နည်းပြကွန်ပနီ ပြောကြား

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့လယ်တွင် ပြုလုပ်ခဲ့သည့် ဂျာမန်ပထမတန်းဘွန်ဒက်စ်လီဂါချန်ပီယံ ဆုဖလားရရှိခြင်းအောင်ပွဲခံမှုအတွင်း ချန်ပီယံဆုဖလားကိုင်ထားသည့် ဘိုင်ယန်မြူးနစ်အသင်း နည်းပြချုပ် ဗင်းဆင့်ကွန်ပနီကို ၂၀၂၅ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဘာလင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

စိန့်ပေါ်လီအသင်းကို ဘွန်ဒက်စ်လီဂါပွဲတွင် ၃-၁ ဂိုးရလဒ်ဖြင့် အနိုင်ရအောင် ခက်ခဲစွာ ကစားခဲ့ရပြီးနောက် တိုးတက်မှုရလာသည့် ယူနီယံဘာလင်အသင်းနှင့် ဒီဇင်ဘာ ၃ ရက်တွင် ကစားရမည့် ဂျာမန် ဖလားပွဲအတွက်ပြင်ဆင်နေခြင်းနှင့်အတူ များပြားသည့် ပွဲစဥ်များ ရှိနေသော်လည်း ဘိုင်ယန်မြူးနစ်အသင်းမှာ ရေရှည်ရည်မှန်းချက်များအတွက် ဆက်လက်အာရုံစိုက်ထားကြောင်း နည်းပြချုပ် ဗင်းဆင့် ကွန်ပနီက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ နိုဝင်ဘာလထဲရောက်ခဲ့ပါပြီ။ ဒါက ကြီးမားတဲ့အခိုက်အတန့်တွေအတွက် ပြင်ဆင်နေတဲ့ ကာလတစ်ခုရဲ့အလယ်ကို ရောက်နေပြီဆိုတာကို မဖြစ်မနေ အမှန်တကယ် နားလည်သဘောပေါက်ရတော့မှာဖြစ်ပါတယ်” ဟု ယူအီးအက်ဖ်အေချန်ပီယံလိဂ်ဖလား ရယူနိုင်ရေးရည်မှန်းနေခြင်းကို ကိုးကား လျက် အသက် ၃၉ နှစ်အရွယ်ရှိ ကွန်ပနီက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က အာဆင်နယ်အသင်းကို ၃-၁ ဂိုးရလဒ်ဖြင့်ရှုံးခဲ့ရခြင်းကိုလည်း “ရှုံးပွဲတစ်ခု အဖြစ်သာ ထားလိုက်ပါတော့”ဟု ကွန်ပနီကပြောခဲ့သလို ဘိုင်ယန်မြူးနစ်အသင်း၏ ဒူပေနာပေ ခံနိုင် စွမ်းရှိမှုကိုလည်း ၎င်းကအလေးထားပြောကြားခဲ့သည်။

“နိုဝင်ဘာလအတွင်းမှာ ဥရောပရဲ့အကောင်းဆုံးအသင်းဖြစ်ချင်တာက ဘယ်သူလဲဗျာ”ဟု ကွန်ပနီက ပြောခဲ့သလို “အာဆင်နယ်နဲ့ နောက်တစ်ကြိမ် ထပ်ပြီးကစားရသလို ကျွန်တော် ခံစားရပါတယ်” ဟု လည်း ထပ်လောင်းပြောကြားခဲ့သည်။
“ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါမှာ ၈ မှတ်ဖြတ်ပြီး ဦးဆောင်နေတယ်ဆိုတာက သတင်းကောင်း ပါပဲ” ဟု ကွန်ပနီက အသင်း၏ စိတ်ဓါတ်ကိုထင်ဟပ်ကာ အလေးအနက်ပြောကြားခဲ့သည်။
ကွန်ပနီ၏ ရှုထောင့်မှသုံးသပ်မှုအရ အာဆင်နယ်နှင့်ကစားခဲ့ရသည့်ပွဲက ဘူဒါပတ်စ်မြို့တွင် ကျင်းပ ပြုလုပ်မည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ကစားနိုင်ရေးအတွက် စံချိန်ရည်ညွှန်းအမှတ်တစ်ခုကို စောစီးစွာပေးခဲ့သည်ဟု ဆိုသည်။
ခိုင်မာသည့် လျှောက်လှမ်းနေမှုက မရှိမဖြစ်လိုအပ်သကဲ့သို့ လက်ရှိပုံစံကောင်း ရနေမှုကို ထိန်းသိမ်းရန် လည်း မန်ချက်စတာစီးတီးနောက်ခံလူဟောင်းက ထပ်လောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ ကောင်းကောင်းဖြတ်သန်းနေပြီး လုပ်ဆောင်မှုတွေကလည်း ကောင်းမွန်နေတာဆိုတော့ ဒီလိုအခိုက်အတန့်တွေကို သဘောကျမြတ်နိုးသင့်တာပေါ့ဗျာ” ဟု ကွန်ပနီက ပြောခဲ့သည်။
ဘောလုံးရာသီ၏ အဆုံးအဖြတ်ပွဲများ ကစားရန်ရှိနေခြင်းနှင့်အတူ ၂၀၂၅ ခုနှစ်ကို ကျေနပ်စရာကောင်းသည့် မှတ်တမ်းတစ်ခုအဖြစ် အဆုံးသတ်ကုန်ဆုံးရေးက ဦးစားပေးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း ကွန်ပနီက ပြောခဲ့သည်။
ဂိုးသမားမန်နျူရယ်နူယာကလည်း ဘိုင်ယန်မြူးနစ်အသင်း၏တိုးတက်မှုကို အသားပေးပြောကြားခဲ့သလို လာမည့်မတ်လအတွင်း၌ စာချုပ်သက်တမ်းတိုးရေးအတွက် ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ဖွယ်ရှိသည် ဟု ပြောခဲ့သည်။ ” ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်မှာ ကျွန်တော် ဘယ်လို ခံစားရတယ်ဆိုတာကို ကျွန်တော် သိမှာပါ” ဟု အသက် ၃၉ နှစ်အရွယ်ရှိ နျူယာက ပြောခဲ့သည်။
ဂျမယ်မူဆီယာလာနှင့် အဲလ်ဖွန်ဆိုဒေးဗီးစ်တို့၏ ဒဏ်ရာမှ ပြန်လည်သက်သာလာမှုက အသင်းကို ပိုမိုတောင့်တင်းလာစေမည်ဟုလည်း ဘိုင်ယန်မြူးနစ်အသင်းကမျှော်လင့်နေသည်။ အဆိုပါ ကစားသမား နှစ်ဦး ပြန်လည်ကစားနိုင်မည့် အဖြစ်က ဘိုင်ယန်မြူးနစ်အတွက် ဆောင်းရာသီကစားသမားခေါ်ယူမှု သဖွယ်ဖြစ်လာစေမည်ဟု ကွန်ပနီက ရည်ညွှန်းခဲ့သလို စိတ်ရှည်သီးခံပေးကြရန်လည်း တိုက်တွန်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဘယ်လောက်ကြီးပဲ စိတ်မရှည်နိုင်အောင် ဖြစ်နေကြပါစေ၊ ကိစ္စမရှိပါဘူး။ လက်ရှိ အခြေအနေကို လက်ခံဖို့နဲ့ လာမယ့်နှစ်အတွင်း အရေးကြီးတဲ့အချိန်တွေအထိ ပုံစံကောင်းနဲ့ဆက်ကစားသွားနိုင် ဖို့ကသာ အရေးကြီးပါတယ်” ဟု ကွန်ပနီက ပြောခဲ့သည်။ (Xinhua)
……………………….
(English Version)
Bayern is getting ready for big moments in 2026, says coach Kompany
BERLIN, Nov. 30 (Xinhua)
Bayern Munich coach Vincent Kompany said his side remains focused on long-term goals despite a congested schedule, as the Bavarians prepare to face an improved Union Berlin in the German Cup on Wednesday following a hard-fought 3-1 league win over St. Pauli.
“We are in November and must realize that it’s in the middle of a phase preparing for the big moments,” the 39-year-old said, referring to the club’s UEFA Champions League ambitions.
While the 3-1 defeat against Arsenal last week “left its mark,” Kompany highlighted his team’s resilience. “Who wants to be the best team in Europe in November?” he said, adding, “I feel like playing against them again right away.”
Kompany noted that “us having gained an eight-point lead in the league, which is good news,” reflects the squad’s spirit. From his perspective, the Arsenal game offered an early benchmark on the path toward the Champions League final in Budapest.
Taking the current run as a stepping stone is essential, the former Manchester City defender added. “We ought to cherish these moments as we are in a flow and things work well.”
With the season’s decisive fixtures still ahead, Kompany said ending 2025 “on a satisfying note” remains a priority.
Goalkeeper Manuel Neuer underlined the team’s progress and said a decision on a possible contract extension will come next March. “I will see how I feel in the second half of the season,” the 39-year-old said.
Bayern also expects to be boosted by the returns of Jamal Musiala and Alphonso Davies. Kompany referred to the pair as the club’s “winter-transfers” and urged patience. “It’s important to accept the current phase and stay tuned until next year’s crunch time, no matter how impatient we might be.” ■
Photo:
Bayern Munich’s head coach Vincent Kompany holds the trophy during the celebration for winning the title of German first division Bundesliga at downtown Munich, Germany, May 18, 2025. (Photo by Philippe Ruiz/Xinhua)