Connect with us

Europe

နိုင်ငံတကာစည်းစနစ် ယုံကြည်မှုအကျပ်အတည်းကို တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ အစီအမံများဖြင့် စီမံကိုင်တွယ်လျက်ရှိကြောင်း ဂျာမနီ မီဒီယာ ဖော်ပြ

တရုတ်နိုင်ငံ ချင်းသောင်မြို့ရှိ လွတ်လပ်သောကုန်သွယ်ရေးဇုန်တွင် ကုန်ချနေသော ကုန်တင်သင်္ဘောအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ အစီအမံများကို အဆိုပြုပြီး နိုင်ငံတကာစည်းစနစ် ယုံကြည်မှုအကျပ်အတည်းကို စီမံကိုင်တွယ်ရာတွင် ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုကို ရရှိခဲ့ကြောင်း မကြာမီရက်ပိုင်းအတွင်း ဂျာမနီနိုင်ငံ Handelsblatt သတင်းစာက ထုတ်ပြန်သည့် မြူးနစ်လုံခြုံရေးညီလာခံ သုတေသနနှင့် ပုံနှိပ်ထုတ်ဝေရေးဌာန တာဝန်ခံ၊ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ ပညာရှင် Sophie Eisentraut ၏ သုံးသပ်ချက်ဆောင်းပါးတွင် ဖော်ပြခဲ့သည်။ ဆောင်းပါး အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။ယခုကာလများတွင် အမေရိကန်နိုင်ငံသည် နိုင်ငံတကာရေးရာများမှ ဆက်တိုက် မှေးမှိန်စွာ နုတ်ထွက်ရုံသာမကာ တောင်အာဖရိက၌ ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးကိုပင် တက်ရောက်ရန် ပျက်ကွက်ခဲ့သည်။ သို့သော် ယင်းထိပ်သီးအစည်းအဝေး၏ အဓိကဆွေးနွေးမှုအကြောင်းအရာမှာ နိုင်ငံတကာစည်းစနစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကတိကဝတ်များကို ဖော်ဆောင်နိုင်မည်လောနှင့် ယုံကြည်အားထားဖွယ် ကမ္ဘာ့ပြည်သူ့ထုတ်ကုန်ကို မည်သို့ရရှိမည်နည်းပင် ဖြစ်ရာ ယင်းအရေးကိစ္စများသည်လည်း ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ အဓိကအာရုံစိုက်ကြသည့် အကြောင်းအရာများပင်ဖြစ်သည်။ “ထရမ့် ၂.၀ ဗားရှင်း” မစတင်မီအစောပိုင်းကပင် ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို တွန်းအားပေးဆောင်ရွက်မှုသည် ရပ်ဆိုင်းခဲ့ရပြီဖြစ်ပြီး အစွန်းရောက် ရာသီဥတုလက္ခဏာများ တိုးပွားလာမှုက နိုင်ငံတကာအသိုက်အဝန်း၏ ကိုင်တွယ်စီမံနိုင်စွမ်း လိုအပ်ချက်ကို ပို၍ ပေါ်လွင်စေခဲ့သည်။ ယင်းကိစ္စရပ်များကြောင့် လက်ရှိနိုင်ငံတကာစည်းစနစ်အပေါ် ကမ္ဘာတစ်ဝန်း၏ ယုံကြည်မှု အကျပ်အတည်း ပို၍ ဆိုးရွားသွားခဲ့ရာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများတွင် အထူးသဖြင့် သိသာပေါ်လွင်ခဲ့သည်။

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ဟယ်ထောက်ရေနက်ဆိပ်ကမ်းရှိ သိပ္ပံနည်းပညာဆန်းသစ်ဖန်တီးရေး ပူးပေါင်းဆောင်ရွက်မှုဇုန်အား ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့သော နောက်ခံအခြေအနေတွင် တရုတ်နိုင်ငံသည် အပြုသဘောနည်းလမ်း အဆိုပြုသူဖြစ်ခဲ့သည်။ ယခုနှစ်များတွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အစီအမံများကို စတင်အဆိုပြုပြီး ၎င်းတို့ကို နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၏ “တရုတ်နိုင်ငံနည်းလမ်း” အဖြစ် တိတိပပ အတည်ပြုခဲ့ရာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ လိုအပ်ချက်၊ အကျိုးစီးပွားနှင့် ပို၍ ကိုက်ညီသော စည်းစနစ်သစ် မျှော်မှန်းချက်ကို ပြသခဲ့သည်။ ယခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံ အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် နိုင်ငံတကာအဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေးကို ပို၍ အာရုံစူးစိုက်ထားသည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာဘုံအကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးသည့် လှုပ်ရှားသူ ဖြစ်လာလျက်ရှိရာ ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်အာဖရိကနှင့် တူကီယဲ စသည့် အဓိကထွန်းသစ်စ စီးပွားရေးအစုအဖွဲ့များ၏ စစ်တမ်းဖြေကြားသူအများစုက တရုတ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒမှ ဆောင်ကြဉ်းလာသည့် လက်တွေ့အကျိုးကျေးဇူးကို အသိအမှတ်ပြုကြကြောင်း မြူးနစ်လုံခြုံရေးညီလာခံက တာဝန်ပေးအပ်သည့် ပြည်သူ့သဘောထားစစ်တမ်းတွင် ဖော်ပြထားသည်။ (Xinhua)
#Germany #China #Economy #GGI #ဂျာမနီ #တရုတ် #စီးပွားရေး #ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ

————————————————————————————–
(Chinese Version)
全球瞭望丨德国媒体:中国以全球性倡议应对国际秩序信任危机
新华社柏林12月14日电(记者李函林)德国《商报》日前发表慕尼黑安全会议研究与出版部负责人、外交与安全政策专家索菲·艾森特劳特的评论文章说,中国提出一系列全球性倡议,应对国际秩序信任危机,赢得全球南方广泛认可。文章摘要如下:
近来,美国持续淡出国际事务,甚至缺席在南非举行的二十国集团(G20)峰会,而该峰会的核心议题正是国际秩序能否兑现长期发展承诺以及全球公共产品如何得到可靠供给,这些问题也正是全球南方国家的核心关注焦点。早在“特朗普2.0”启动前,联合国可持续发展目标的推进就已陷入停滞,而极端气候现象增多越发暴露国际社会应对能力不足,这些问题加剧了全球对现有国际秩序的信任危机,在全球南方国家尤为明显。
在此背景下,中国成为积极的方案提出者。中国近年来发起多项全球性倡议,并明确将其定位为国际发展的“中国方案”,展现了更契合全球南方国家需求与利益的新秩序愿景。今年9月,中国提出的全球治理倡议更加聚焦国际组织改革。慕尼黑安全会议委托的民调显示,中国正在成为服务全球共同利益的行动者,巴西、印度、印尼、南非和土耳其等主要新兴经济体的多数受访者认可中国对外政策带来的实际益处。(完)
1. 货轮在青岛自贸片区装卸货物(2025年11月5日摄,无人机照片)。新华社发(张进刚摄)
2. 这是深圳河套深港科技创新合作区(2025年4月24日摄,无人机照片)。 (配本社同题文字稿) 新华社记者 梁旭 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.