Politics, Law & Military
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဝန်ကြီးဌာန တစ်ခုကို ပြန်လည် ပြင်ဆင် ဖွဲ့စည်း
ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ကို ပူးပေါင်း၍ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အဖြစ် ရှမ်းပြည်နယ်လွှတ်တော်၏ သဘောတူညီချက်အရ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၉၇ / ၂၀၁၈ အား ထုတ်ပြန်ခဲ့သည်။
ထို့အတူ ရှမ်းပြည်နယ်ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်းများ အဖြစ် ဦးစိုင်းရှဲန်တစ်လုံ ကို လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှု ဝန်ကြီးဌာနတွင် လည်းကောင်း ၊ ဦးစိုးညွန့်လွင် ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန တွင် လည်းကောင်း ပြောင်းလဲ တာဝန် ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့် အမှတ် ၄၆ / ၂၀၁၈ အား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။(Xinhua)