Connect with us

Politics, Law & Military

အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ လမ်းညွှန်စာအုပ် ထွက်မည်

အသင်းအဖွဲ့  မှတ်ပုံတင် ဥပဒေ အကျိုးသက်ရောက်မှု လေ့လာခြင်းဖိုရမ်၌ ဒေါက်တာ ပြည့်ဖြိုး အဖွင့်အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ – ၂၀၁၄ (Association Registering Law – 2014) အား အကျိုးထိရောက်စွာ အကောင်အထည် ဖော်နိုင်၊ အသုံးပြုနိုင်ရေးအတွက် အဆိုပါ ဥပဒေဆိုင်ရာ လမ်းညွှန် စာအုပ် (Guide book) ထုတ်ဝေရန် စီစဉ်လျက်ရှိပြီး လာမည့် ဧပြီလအတွင်း ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့ LRC (Local Resource Center)၊ ကွန်ယက် ဆက်သွယ် ခြင်းနှင့် အသိပေးခြင်း စီမံကိန်းဒါရိုက်တာ ဦး ညီညီအောင်က ပြောသည်။

“ဒီဥပဒေ အပြည့်အ၀ အသက်ဝင်လာဖို့အတွက် ဒီဥပဒေကို အဓိက အကောင်အထည်ဖော် လုပ်ကိုင် နေရတဲ့ အဖွဲ့အစည်းတွေကိုရော ပြည်သူလူထုကိုပါ ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့ လိုအပ်ပါ တယ်၊ ဒါကြောင့် ဒီဥပဒေဆိုင်ရာ Guide Book ကို လာမယ့် ဧပြီလထဲမှာထွက်နိုင်ဖို့ စီစဉ်နေပါတယ်” ဟု နေပြည်တော် Horizon Lake View Hotel တွင် ယနေ့ပြုလုပ်သော ‘အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ အကျိုးသက်ရောက်မှုများ ဆန်းစစ်လေ့လာခြင်း သုတေသန ရလဒ်အား ပြည်ထောင်စု အဆင့် တင်ပြ ဆွေးနွေးပွဲ’ ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

EU Programme Officer Ms. Anouk VAN NECK အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

အသင်းအဖွဲ့ မှတ်ပုံတင် ဥပဒေ အကျိုးသက်ရောက်မှု လေ့လာခြင်းဖိုရမ်ကျင်းပနေစဉ်။(ဆင်ဟွာ)

Gender Equality Network National Advisor ဦးအောင်ထွန်းခိုင် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးစဉ်။(ဆင်ဟွာ)

စီမံကိန်း ဒါရိုက်တာ ဦးညီညီအောင် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

My Justice, British Council နှင့် ICNL (International Center for Not-for-Profit Law)နှင့် LRC9LocalResource Center) တို့ ပူးပေါင်းကျင်းပသည့် အဆိုပါ ပြည်ထောင်စု အဆင့် ဖိုရမ်သို့ အမျိုးသား လွှတ်တော် NGO ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ပြည့်ဖြိုး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အရာရှိများ၊ သက်ဆိုင်ရာ INGO, NGOs နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ CSOs များ ၏ တာဝန်ခံများတက်ရောက်ခဲ့ကြပြီး အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ အပေါ် အကျိုး သက် ရောက်မှု ဆန်းစစ် လေ့လာချက်များအား တင်ပြ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ထိုသို့ တင်ပြ ဆွေးနွေး နိုင်ရန် ကြိုတင် အစည်းအဝေးများကို ၂၀၁၈ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် မန္တလေး၌လည်းကောင်း၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရန်ကုန်၌လည်းကောင်း ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ ရလဒ်များအား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် အရပ်ဘက် အဖွဲ့ အစည်းများ ပူးပေါင်းလျက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.