Connect with us

North America

တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲမှတစ်ဆင့် ဈေးကွက်တိုးချဲ့ရန် ကနေဒါ စီးပွားရေးလောက မျှော်လင့်နေ

၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကျင်းပသော တရုတ်နိုင်ငံ အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) အနောက်ဘက်ဝင်ပေါက်ရှိ လူကူးခုံးကျော်တံတားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗန်ကူးဗား (ကနေဒါ) ၊ မေ ၂ ရက် (ဆင်ဟွာ)

၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲအခမ်းအနားကို ဧပြီ ၃၀ ရက်တွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့၌ကျင်းပခဲ့ရာ ဒေသတွင်း နိုင်ငံရေးနှင့် စီးပွားရေးလောက ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ် Prince George မြို့ မြို့တော်ဝန် ယွီရှင်းယိုက ၉ ကြိမ်မြောက် CIIE တွင် ဗြိတိသျှ ကိုလံဘီယာပြည်နယ် မြောက်ပိုင်းပြခန်းထားရှိကာ ဒေသတွင်း သစ်တောလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း စသည့် လုပ်ငန်းများ၏ အရည်အသွေးမြင့်ထုတ်ကုန်များကို တရုတ်ဈေးကွက်အတွင်းမိတ်ဆက်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ကဒေါနိုင်ငံ တင်ပို့မှုမြှင့်တင်ရေးဌာန (EDC) ကိုယ်စားလှယ် Ran Carter ကမူ စိုက်ပျိုးရေးထုတ်ကုန် စားသောက်ကုန်နှင့် သန့်ရှင်းနည်းပညာ စသည့်ကဏ္ဍများအပေါ် အပြုသဘောအမြင်ရှိကာ ပြပွဲ၌ ပါဝင်ပြသလိုသည့် ကုန်သည်များအနေဖြင့် ထုတ်ကုန်နမူနာပစ္စည်း အများအပြားသယ်ဆောင်ကာ Qr Code ပြင်ဆင်ထားရန် အကြံပြုကြောင်း၊ အဘယ်ကြောင့်ဆိုသော် “အဲဒီနမူနာပစ္စည်းတွေ ဘယ်လောက်မြန်မြန်ရောင်းရလဲဆိုတာ သင်လုံးဝမျှော်မှန်းထားလို့ မရလို့ပါပဲ” ဟု ပြောကြားခဲ့သည်။
ဗန်ကူးဗားမြို့အခြေစိုက် တရုတ်နိုင်ငံ ယာယီကောင်စစ်ဝန်ချုပ် ကျန်းကျစ်က အမှာစကားပြောကြားရာ၌ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တရုတ်ဈေးကွက်အပေါ် ယုံကြည်ချက်သည် အစဉ်အမြဲ မမှိတ်မသုန်ခိုင်မာလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် လက်ရှိတွင် မိမိ၏သေချာရေရာမှုဖြင့် ပြင်ပပတ်ဝန်းကျင်၏ မသေချာမရေရာမှုများကို တုံ့ပြန်လုပ်ဆောင်လျက်ရှိကြောင်း၊ CIIE ၌ ပါဝင်ပြသခြင်းသည် တစ်ကမ္ဘာလုံးစီးပွားရေးတွင် အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော သေချာရေရာမှုတစ်ခုကို ရှာဖွေခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ တရုတ်ကုန်သည်များအသင်း ဥက္ကဋ္ဌ၊ Bank of China (ကနေဒါ) ဥက္ကဋ္ဌ တိန့်ကျွင်းက လတ်တလောနှစ်ပိုင်းတွင် CIIE ၌ ပါဝင်ပြသသည့် ကနေဒါလုပ်ငန်းကုမ္ပဏီများ အရေအတွက်သည် တည်ငြိမ်စွာ တိုးတက်လျက်ရှိရာ ၎င်းတို့က တရုတ်ဈေးကွက်အပေါ် ယုံကြည်ချက်များ အဆက်မပြတ် တိုးမြင့်လာသည်ကို ထင်ဟပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မိတ်ဆက်ပွဲအခမ်းအနားတွင် “လက်ရှိ ကမ္ဘာစီးပွားရေး၌ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ခြင်းဆိုင်ရာ လက်တွေ့နည်းဗျူဟာ” ခေါင်းစဉ်ဖြင့်ဖိုရမ်လည်း ကျင်းပခဲ့သည်။ အခမ်းအနားပြင်ပ၌ အခမ်းအနားတက်ရောက်သူများ ကြည့်ရှုလေ့လာရန်အတွက် ယခင်အကြိမ် CIIE ပြပွဲများ၏ ဓာတ်ပုံပြပွဲကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

#China #Canada #CIIE #တရုတ် #ကနေဒါ #တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ
——————————–
(Chinese Version)
加拿大商界期待借进博会拓展市场
新华社加拿大温哥华4月30日电(记者林威)第九届中国国际进口博览会(进博会)推介会4月30日在加拿大温哥华举行,当地政商界代表200余人出席。
不列颠哥伦比亚省乔治王子城市长余星友表示,希望在第九届进博会上设立不列颠哥伦比亚省北方展厅,把当地林业、矿业、农业等行业的优质产品推广到中国市场。
加拿大出口发展局代表兰·卡特看好农业食品与清洁技术等领域,建议参展商多带样品并备好二维码,因为“你无法想象这些样品卖得有多快”。
中国驻温哥华代总领事曾智在致辞中说,国际社会对中国市场的信心始终坚定不移。中国正以自身确定性对冲外部环境的不确定性。参加进博会即是在全球经济中找寻一份互利共赢的确定性。
加拿大中国商会会长、中国银行(加拿大)行长邓军表示,近年来参与进博会的加拿大企业数量稳步增长,反映出它们对中国市场的信心不断增强。
推介会上还举行了“在当今全球经济中拓展与中国合作的务实策略”主题论坛。会场外设有往届进博会图片展,供与会者参观。(完)
图说:2025年11月10日拍摄的国家会展中心(上海)西入口天桥。新华社记者 蔡湘鑫 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.