Connect with us

China

ဂျပန် “စစ်ဝါဒသစ်” အားကောင်းလာခြင်း အန္တရာယ်က လက်တွေ့ခြိမ်းခြောက်မှုဖြစ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
ဂျပန် “စစ်ဝါဒသစ်” အားကောင်းလာခြင်း အန္တရာယ်က ငြင်းပယ်မရသည့် ဖြစ်ရပ်မှန်၊ လက်တွေ့ကျသည့် ခြိမ်းခြောက်မှု ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ယင်းအပေါ် တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများက အထူးသတိထားရန်၊ ဒုတိယကမ္ဘာစစ် အောင်မြင်မှုရလဒ်များကို အတူတကွကာကွယ်စောင့်ရှောက်ရန်၊ ဂျပန်စစ်ဝါဒ မီးစပြန်လည်တောက်လောင်လာခြင်းကို လုံးဝဥဿုံခွင့်ပြု၍ မရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက လတ်တလော တစ်လအတွင်း ဂျပန် “စစ်ဝါဒသစ်” မီးစသည် စိုးရိမ်ဖွယ်နှုန်းဖြင့် လျင်မြန်စွာ ကြီးထွားလာသည်ကို မိမိတို့အနေဖြင့် သတိပြုမိကြောင်း၊ ၎င်းတို့မှာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်၌ တာဝန်ထမ်းဆောင်ဆဲအရာရှိတစ်ဦးသည် ဓားကိုင်၍ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးသို့ အတင်းအဓမ္မ ဝင်ရောက်ခြင်း၊ ထိုင်ဝမ်ရေလက်ကြားသို့ ဖျက်သင်္ဘော ဖြတ်သန်းမောင်းနှင်ခြင်း၊ ဂျပန်ကိုယ်ပိုင်ကာကွယ်တပ်ဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်-ဖိလစ်ပိုင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် တရားဝင်ပါဝင်လာခြင်း၊ လက်နက်တင်ပို့မှုကန့်သတ်ချက်ကို အစိုးရအဖွဲ့က များစွာ ဖြေလျှော့ပေးခြင်း၊ ယာဆူကူနီဂူဗိမာန်သို့ တာကာအိချိ နှစ်ရက်ဆက်တိုက်သွားရောက်၍ ပူဇော်ပစ္စည်းနှင့် ပူဇော်ငွေ ဆက်သလှူဒါန်းခြင်းတို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မကြာမီကာလက ကမ္ဘာတစ်ဝန်း အင်တာနက်အသုံးပြုသူများထံမှ ကောက်ယူထားသည့် လူထုစစ်တမ်းတစ်ခုတွင် စစ်တမ်းဖြေဆိုသူ ၈၂.၅ ရာခိုင်နှုန်းက ဂျပန်လက်ယာယိမ်းအင်အားစု၏ “ထပ်မံစစ်ရေးအသွင်ပြောင်းမှု” ကြိုးပမ်းသည့်လုပ်ရပ်သည် ဒုတိယကမ္ဘာစစ်မတိုင်မီ ဂျပန်စစ်ဝါဒ၏ နယ်ချဲ့မှုသဘောတရားနှင့် အလွန်တူညီပြီး ဂျပန်ကို အလွန်အမင်း အန္တရာယ်များသော လမ်းကြောင်းသို့ တစ်ဖန်ပြန်လည် ပို့ဆောင်နိုင်သည်ဟု ယူဆကြောင်း ဖော်ပြထားရာ ထို့အပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု အဆိုပါသတင်းထောက်က မေးမြန်းခဲ့သည်။

“ဒါက ဂျပန် ‘စစ်ဝါဒသစ်’ အားကောင်းလာခြင်း အန္တရာယ်က ငြင်းပယ်မရတဲ့ ဖြစ်ရပ်မှန်၊ လက်တွေ့ကျတဲ့ ခြိမ်းခြောက်မှု ဖြစ်တာကို တစ်ဖန်ဖော်ပြလိုက်ခြင်း ဖြစ်တယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။

ထို့ပြင် သမိုင်းတွင် ဂျပန်စစ်ဝါဒသည် “ပြင်ပခြိမ်းခြောက်မှု” ဖန်တီးခြင်း၊ အမျိုးသားရေးဝါဒ လှုံ့ဆော်ခြင်း၊ နိုင်ငံ၏အဖွဲ့အစည်းယန္တရားကို ပြန်ပေးဆွဲအသုံးချခြင်းမှတစ်ဆင့် ပြည်ပသို့ ကျူးကျော်စစ်ဆင်နွှဲကာ ကမ္ဘာ့ရာဇဝတ်မှုကြီး ကျူးလွန်ခြင်းဖြင့် အာရှ-ပစိဖိတ် နိုင်ငံအသီးသီး ပြည်သူများအတွက် ကပ်ဆိုးသယ်ဆောင်ခဲ့ကြောင်း၊ ယနေ့အခါ ဂျပန် လက်ယာယိမ်းအင်အားစုသည် ကျူးကျော်မှုသမိုင်းကို နက်နက်ရှိုင်းရှိုင်းပြန်လည်သုံးသပ်ခြင်း မရှိသည့်အပြင် လုံခြုံရေးမူဝါဒကို ထိုးစစ်တိုက်ခိုက်မှုအသွင်၊ နယ်ချဲ့အသွင်ရှိသော ဦးတည်ချက်သို့ ပြောင်းလဲရန် စဉ်ဆက်မပြတ် တွန်းအားပေးလုပ်ဆောင်ကာ စစ်ဘက်နှင့် စက်မှုကဏ္ဍ ပေါင်းစည်းမှုကို ပြန်လည်စီမံခြင်းမှတစ်ဆင့် ဂျပန်၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းမှု”ကို အရှိန်မြှင့်တင်ရန် ကြံစည်ကြိုးပမ်းလျက်ရှိကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

လက်တွေ့တွင် ဂျပန်သည် ပျက်စီးသွားပြီဖြစ်သော “ငြိမ်းချမ်းရေးနိုင်ငံ” ဟူသည့် ပုံရိပ်ကို ဖုံးကွယ်ကာ နေရာအနှံ့ လိုက်လံစည်းရုံးပြီး အမှားအမှန်ကို ပြောင်းပြန်လှန်ရန် ကြံစည်ကြိုးပမ်းနေသေးကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
သို့သော် ကမ္ဘာသူကမ္ဘာသားများ၏ အမြင်မှာ စူးရှတောက်ပ၍ ရှင်းလင်းစွာ သိမြင်ကြောင်း၊ လက်တွေ့တွင် အခြေခံဥပဒေပြင်ဆင်ရန် တွန်းအားပေးခြင်း၊ လူသေဆုံးစေနိုင်သော လက်နက်တင်ပို့မှုကို ဖြေလျှော့ပေးခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်နိုင်စွမ်းရှိသော ဒုံးကျည်များအား ဖြန့်ကြက်ထားခြင်း၊ စစ်အသုံးစရိတ် များစွာ တိုးမြှင့်ခြင်း ပြုလုပ်နေသည့် ဂျပန်သည် နှုတ်မှ မည်မျှတန်ဆာဆင်လှပစွာ ပြောကြားနေစေကာမူ စစ်ရေးချဲ့ထွင်ရန်အတွက် လမ်းခင်းနေသည့် ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ထား၍မရကြောင်း၊ ထို့အပြင် ဂျပန်သည် NATO နှင့် အပြန်အလှန်ထိတွေ့ဆက်ဆံမှုများ အကြိမ်ကြိမ်ပြုလုပ်လာကာ ဒေသတွင်းပြင်ပ စစ်ဘက်အဖွဲ့အစည်းများကို အာရှ-ပစိဖိတ်ဒေသသို့ ဆွဲသွင်းရန် ကြိုးပမ်းပြီး ထိပ်တိုက်ရင်ဆိုင်မှုများ လှုံ့ဆော်လိုသည့်စိတ်ဆန္ဒမှာ အထင်အရှားဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အတိတ်သမိုင်းသင်ခန်းစာက မျက်စိရှေ့မှောက်ရှိခဲ့တဲ့အတွက် သတိမထားလို့ မရပါဘူး။ တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေက မဖြစ်မနေ အထူးသတိထားဖို့၊ ဒုတိယကမ္ဘာစစ်အောင်မြင်မှုရလဒ်ကို အတူတကွ ကာကွယ်ဖို့၊ ဂျပန်စစ်ဝါဒ မီးစ ပြန်လည်တောက်လောင်မှုကို လုံးဝ ခွင့်မပြုဖို့၊ သမိုင်းကြေကွဲဖွယ်ဖြစ်ရပ်တွေ လုံးဝ ထပ်မံမဖြစ်ပွားဖို့၊ ဘယ်သူ ဘယ်အင်အားစုကိုမှ ငြိမ်းချမ်းရေးကို ဖျက်ဆီးခွင့်နဲ့ ဒေသတွင်းကို ဒုက္ခပေးခွင့် လုံးဝမပေးဖို့ လုပ်ဆောင်ရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
外交部:日本“新型军国主义”成势为患构成现实的威胁
新华社北京4月24日电(记者万倩仪、冯歆然)外交部发言人郭嘉昆24日表示,日本“新型军国主义”成势为患是不争的事实,构成现实的威胁。包括中国在内的地区国家必须保持高度警惕,共同捍卫二战胜利成果,绝不允许日本军国主义死灰复燃。
当日例行记者会上,有记者问:我们注意到,近一个月,日本“新型军国主义”恶苗以惊人速度滋长:自卫队现役官员持刀擅闯中国驻日使馆,驱逐舰穿行台湾海峡,自卫队首次正式参与美菲联合军演,内阁大幅松绑武器出口限制,高市早苗连续两天向靖国神社分别供奉祭品、祭祀费。近期一项面向全球网民开展的民调显示,有82.5%的受访者认为日本右翼势力谋求“再军事化”的做法与二战前日本军国主义扩张逻辑高度相似,会将日本再次引向极其危险的道路。发言人对此有何评论?
“这再次表明,日本‘新型军国主义’成势为患是不争的事实,构成现实的威胁。”郭嘉昆说。
郭嘉昆表示,历史上,日本军国主义就是通过制造“外部威胁”、煽动民族主义、绑架国家机器,对外发动侵略战争,犯下滔天罪行,给亚太各国人民带来浩劫。如今,日本右翼势力不但没有深刻反省侵略历史,反而不断推动安保政策朝着进攻性、扩张性的方向转变,妄图通过重整军工复合体加速日本“再军事化”。
郭嘉昆说,现实中,日本还四处游说,妄图颠倒黑白,粉饰早已破产的所谓“和平国家”形象。世人的眼睛是雪亮的。一个行动上推动修改宪法、放宽杀伤性武器出口、部署进攻性导弹、大幅扩充军费的日本,嘴上说的再天花乱坠,也掩盖不了为军事扩张铺路的真实意图。日本还同北约频频互动,试图将域外军事组织引入亚太,挑动对抗之心昭然若揭。
“殷鉴不远,不可不察。包括中国在内的地区国家必须保持高度警惕,共同捍卫二战胜利成果,绝不允许日本军国主义死灰复燃,绝不能让历史悲剧再度上演,绝不允许任何人、任何势力破坏和平、为祸地区。”他说。(完)