China
တရုတ်-ထိုင်းအကြား ပထမဆုံး အဝေးထိန်း စက်ရုပ်ဖြင့် ခွဲစိတ်ကုသမှု အောင်မြင်စွာ လုပ်ဆောင်
ဘန်ကောက်/ချိန်တူး၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ဧပြီ ၂၁ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Nopparat Rajathanee ဆေးရုံ၌ တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် ခွဲစိတ်ကုသရေးစက်ရုပ်သည် ဆရာဝန်၏ အဝေးမှ ထိန်းချုပ်မှုဖြင့် လူနာ သည်းခြေကျောက်တည်ခြင်း ခွဲစိတ်ကုသမှုကို အောင်မြင်စွာလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကီလိုမီတာ ၂,၀၀၀ ခန့်ကွာဝေးသည့် တရုတ်နိုင်ငံ စီချွမ်းတက္ကသိုလ် တရုတ်အနောက်ပိုင်းဆေးရုံတွင် အဓိကခွဲစိတ်ဆရာဝန်ဖြစ်သည့် ထိုင်းနိုင်ငံမှ Bhattrabhorn Petposri သည် အဝေးရောက်ဆက်သွယ်ရေး နည်းပညာဖြင့် ခွဲစိတ်ကုသမှုစက်ရုပ်ကို ထိန်းချုပ်ကာ အဆိုပါ တရုတ်-ထိုင်း ပထမဆုံး အဝေးထိန်းစက်ရုပ်ဖြင့် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။
Bhattrabhorn Petposri က ခွဲစိတ်ကုသမှုဖြစ်စဉ်တစ်ခုလုံးအတွင်း နှောင့်နှေးမှု စိုးစဉ်းမျှမခံစားရဘဲ စက်ရုပ်မှတစ်ဆင့် တွေ့မြင်ရသည့်မြင်ကွင်းနှင့် ခွဲစိတ်ခန်းအတွင်း လက်တွေ့လုပ်ဆောင်ချက်များသည် ခံစားချက်နှင့် တစ်ပြေးညီဖြစ်သလို လုပ်ဆောင်မှုများမှာလည်း သွက်လက်တိကျမှုရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါခွဲစိတ်ကုသမှုခံယူသည့်လူနာမှာ အသက် ၅၁ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး သည်းခြေကျောက်တည်မှုကြောင့် ယာဘက်အထက်ဝမ်းဗိုက်တွင် ဆက်တိုက်နာကျင်မှု ခံစားနေရသည်။ တစ်ချိန်တည်းတွင် သွေးတိုး၊ ဆီးချို စသည့်ရောဂါအခံလည်းရှိသဖြင့် ရောဂါအခြေအနေမှာ အတန်အသင့် ရှုပ်ထွေးလှသည်။ တရုတ်-ထိုင်း နှစ်ဖက်ဆေးကုသရေးအဖွဲ့က ဘက်စုံအကဲဖြတ်မှုလုပ်ဆောင်ပြီးနောက် နောက်ဆုံးတွင် အဝေးထိန်းစက်ရုပ်ဖြင့် ခွဲစိတ်ကုသမည့်နည်းလမ်းကို အသုံးပြုရန် အတည်ပြုခဲ့သည်။
ထိုနေ့တွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဆေးကုသရေးဝန်ဆောင်မှုဌာန ညွှန်ကြားရေးမှူးချုပ် Nutthapong Wongwiwat သည် Nopparat Rajathanee ဆေးရုံသို့ လာရောက်၍ အဆိုပါ တရုတ်-ထိုင်း ဆေးကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ ထိုးဖောက်မှုကို သက်သေထူခဲ့သည်။
ယခုအကြိမ် ခွဲစိတ်ကုသမှု အောင်မြင်ခြင်းသည် ထိုင်း-တရုတ် နှစ်နိုင်ငံ ဆေးကုသရေးအဖွဲ့၏ နီးကပ်သည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ ဟန်ချက်ညီညီတွဲဖက်လုပ်ဆောင်ခြင်းနှင့် ကင်းကွာ၍မရကြောင်း၊ အဝေးထိန်း ခွဲစိတ်ကုသမှုစက်ရုပ်အား လက်တွေ့အသုံးချမှုသည် ဆေးကုသရေးဝန်ဆောင်မှု ကွာဟချက်ကို လျှော့ချပေးနိုင်ပြီး အထူးသဖြင့် ဝေးလံသောဒေသမှ လူနာများအတွက် သတင်းကောင်းဖြစ်ကာ ပိုမိုအဆင့်မြင့်မားသော နိုင်ငံဖြတ်ကျော် ဆေးကုသမှု ပူးတွဲလုပ်ဆောင်ခြင်းကို ဖော်ဆောင်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးက Pattana Promphat သည် ဆေးရုံက ဧပြီ ၂၁ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဗီဒီယိုအမှာစကားပြောကြားခဲ့ရာ ယခုအကြိမ် ထိုင်း-တရုတ် ညှိနှိုင်းပူးပေါင်း၍ အဝေးထိန်းခွဲစိတ်ကုသမှုစက်ရုပ်ဖြင့် သည်းခြေကျောက်တည်မှု ဟူသည့် အဖြစ်များသောရောဂါအား ကုသခြင်းသည် ထိုင်းနိုင်ငံ ဆေးကုသရေးစံနှုန်းကို နိုင်ငံတကာအဆင့်အထိ မြှင့်တင်နိုင်ခြေရှိပြီး အနာဂတ်တွင် အဝေးထိန်းစက်ရုပ်ဖြင့် ခွဲစိတ်ကုသမှုအား ထိုင်းနိုင်ငံ၌ လက်တွေ့အသုံးချမှုအတွက် အရေးကြီးမှီငြမ်းစရာအဖြစ် ပံ့ပိုးပေးကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ်ခွဲစိတ်ကုသမှုတွင် ရှန်ဟိုင်း MicroPort MedBot Group မှ သုတေသနပြုထုတ်လုပ်သော ခွဲစိတ်ကုသရေးစက်ရုပ် Toumai အသုံးပြုထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ Tangming Medtech ကုမ္ပဏီမှ ထိုင်းနိုင်ငံသို့ တင်သွင်းထားခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါစက်ရုပ်ကို ထိုင်းနိုင်ငံ ဆေးရုံ ၄ ရုံတွင် အသုံးပြုနေပြီဖြစ်ရာ နောက်တစ်ဆင့်အစီအစဉ်အနေဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်း စသည့်ဒေသများတွင် ခွဲစိတ်ကုသမှုစက်ရုပ်နှင့် တွဲဖက်စနစ်များ ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် ဘန်ကောက်နှင့် ချင်းမိုင်၊ ဆောင်ခလာ စသည့်ဒေသများ၌ အဝေးရောက်ခွဲစိတ်ကုသမှုဆိုင်ရာ ချိတ်ဆက်မှုများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ အထွေထွေမန်နေဂျာ ဟူယန်၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။ (Xinhua)
——————
(Chinese Version)
中泰之间成功实施首例远程机器人手术
新华社曼谷/成都4月22日电(记者刘杨 董小红)4月21日,在泰国曼谷的诺巴拉拉乍他尼医院,来自中国的手术机器人在医生的远程操控下为患者成功实施了胆囊结石手术。
在约2000公里外的中国四川大学华西医院,主刀医生、来自泰国的帕德拉蓬·贝博西通过远程通信技术操控着手术机器人,成功完成这台中泰首例远程机器人手术。帕德拉蓬表示,整个手术过程中几乎感受不到延迟,机器人提供的视野与在手术室现场操作的体验完全一致,操作流畅且精准。
这台手术的患者是一名51岁的泰国女性,因胆系结石引发右上腹持续性疼痛,同时合并高血压、糖尿病等疾病,病情较为复杂。中泰双方医疗团队经过全面评估,最终确定采用远程机器人手术方案。
当天,泰国公共卫生部医疗服务司司长努他蓬·翁威瓦也来到诺巴拉拉乍他尼医院,见证中泰医疗合作的这项突破。他表示,此次手术的成功离不开泰中两国医疗团队的紧密协作与默契配合。远程手术机器人的应用有望缩小医疗服务差距,尤其能为偏远地区患者带来福音,实现更高水平的跨国医疗联动。
在医院21日举行的新闻发布会上,泰国公共卫生部长巴达那·蓬帕在视频发言中表示,通过此次泰中协同应用远程手术机器人治疗胆囊结石这一常见疾病,有望将泰国医疗标准提升至国际水平,为未来远程机器人手术在泰国的应用提供重要借鉴。
本次手术使用的是上海微创医疗机器人(集团)股份有限公司研发的手术机器人“图迈”,由泰国唐明医疗科技有限公司引入泰国。该公司总经理虎炎介绍,目前这款手术机器人已被泰国4家医院采用,下一步计划在泰国北部、南部等地区布局手术机器人及配套系统,届时可以实现曼谷与清迈、宋卡等地的远程手术对接。(完)
图说:4月19日,天津医科大学肿瘤医院的医护人员在给病人做手术。新华社记者 李然 摄
