Media
စို့ကွမ်း ဟင်းသီးဟင်းရွက်ပြပွဲတွင် အနာဂတ်ကာလတွင် လူလုပ်ဆောင်ရန်မလိုသော စိုက်ပျိုးရေးခြံအား ကြည့်ရှုခြင်း
ဝေဖန် (ဆန်းတုန်း)၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
၂၇ ကြိမ်မြောက် တရုတ် (စို့ကွမ်း) နိုင်ငံတကာ ဟင်းသီးဟင်းရွက် သိပ္ပံနှင့်နည်းပညာပြပွဲကို တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ဝေဖန်မြို့ စို့ကွမ်းခရိုင်အဆင့်မြို့ရှိ ဟင်းသီးဟင်းရွက် အဆင့်မြင့် သိပ္ပံနှင့်နည်းပညာသရုပ်ပြဥယျာဉ်တွင် ဧပြီ ၂၀ ရက်မှ မေ ၃၀ ရက်အထိ ကျင်းပလျက်ရှိသည်။
ယခုအကြိမ် ဟင်းသီးဟင်းရွက်ပြပွဲသည် ဒစ်ဂျစ်တယ်စိုက်ပျိုးရေးလုပ်ငန်းနမူနာပြခန်းကို ဖန်တီးခြင်းဖြင့် ပရိသတ်များထံ အနာဂတ်တွင် လူလုပ်ဆောင်ရန်မလိုသော စိုက်ပျိုးရေးခြံမြင်ကွင်းကို ဖော်ပြခဲ့သည်။
ဒစ်ဂျစ်တယ်စိုက်ပျိုးရေးလုပ်ငန်းနမူနာပြခန်းတွင် စိုက်ပျိုးရေးစက်ရုပ်စုစုပေါင်း ၅၀ ကျော် ပြသခဲ့သည်။ ၎င်းတို့သည် ဆေးဖျန်းခြင်း၊ ဝတ်မှုန်ကူးခြင်း၊ လှည့်ပတ်စစ်ဆေးခြင်း၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းစသည့် အလိုအလျောက်လုပ်ဆောင်ချက် အမျိုးမျိုးကို လုပ်ဆောင်နိုင်ကြသည်။
ဤစက်ရုပ်များသည် AI စိုက်ပျိုးရေးဆိုင်ရာ ဆုံးဖြတ်ချက်ချသည့် မော်ဒယ်၊ အချိန်အခါမရွေး လယ်ကွင်းပတ်ဝန်းကျင် ထိန်းညှိရေးကိရိယာ၊ စမတ်အသွင် ပိုးမွှားရောဂါ စစ်ဆေးဖော်ထုတ်ရေးကိရိယာ စသည့်စနစ်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အနာဂတ် စိုက်ပျိုးရေးခြံများ စမတ်အသွင်၊ စံချိန်မီ လူမလိုဘဲ အလိုအလျောက်စနစ်အသွင်ဖြင့် လည်ပတ်နိုင်မှုကို အတူတကွ ဖော်ဆောင်ပေးမည် ဖြစ်သည်။ (Xinhua)
………………………
(Chinese Version)
经济大省调研行|来寿光菜博会看未来无人农场
新华社照片,潍坊(山东),2026年4月23日
4月20日至5月30日,第二十七届中国(寿光)国际蔬菜科技博览会在山东潍坊寿光市蔬菜高科技示范园举行。
本届菜博会通过打造数字农业样板间,向观众展示了未来无人农场的图景。
共有50多种农用机器人在数字农业样板间展示,它们能实现喷雾、授粉、巡检、种植、收获等多种自动功能,这些机器人在AI种植决策模型、全天候田间环境调控设备、智能化病虫害溯源识别设备等系统的配合下,共同实现未来农场智能化、标准化、无人化运行。
