China
ရှီကျင့်ဖိန်က အီရတ်သမ္မတသစ် Nizar Amidi ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Nizar Amidi ထံသို့ အီရတ်နိုင်ငံ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ဧပြီ ၂၄ ရက်က ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် အီရတ်နိုင်ငံသည် အစဉ်အလာချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
ယခုနှစ်များတွင် နှစ်နိုင်ငံ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု စဉ်ဆက်မပြတ် အားကောင်းလာကြောင်း၊ နှစ်ဖက်အနေဖြင့် ကိုယ်စီ ပင်မအကျိုးစီးပွား၊ အရေးကြီးဂရုပြုမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစဉ်တစိုက် အပြန်အလှန်အားပေးထောက်ခံကြရာ စွမ်းအင်၊ ကုန်သွယ်စီးပွား စသည့် ပူးပေါင်းဆောင်ရွက်မှုများတွင် အားတက်ဖွယ် အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း၊ မိမိအနေဖြင့် တရုတ်-အီရတ် ဆက်ဆံရေး တိုးတက်စေရန် အထူးအလေးထားရာ သမ္မတ Nizar Amidi နှင့်အတူ ကြိုးပမ်းကာ တရုတ်-အီရတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်သို့ စဉ်ဆက်မပြတ် တက်လှမ်းရေး တွန်းအားပေးရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ချမ်းသာသုခကို ဖန်တီးပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
习近平向伊拉克新任总统阿米迪致贺电
新华社北京4月24日电 4月24日,国家主席习近平致电尼扎尔·阿米迪,祝贺他就任伊拉克共和国总统。
习近平指出,中国和伊拉克传统友谊深厚。近年来,两国政治互信不断增强,双方始终在涉及彼此核心利益和重大关切问题上相互支持,能源、经贸等合作取得积极成果。我高度重视中伊关系发展,愿同阿米迪总统一道努力,推动中伊战略伙伴关系不断迈上新台阶,更好造福两国人民。(完)
