Connect with us

China

တရုတ်-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးညှိနှိုင်းမှုယန္တရား တတိယအကြိမ်အစည်းအဝေး ကျင်းပ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တရုတ်-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးညှိနှိုင်းမှုယန္တရား တတိယအကြိမ်အစည်းအဝေး ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီ ၂၄ ရက်က တရုတ်-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးညှိနှိုင်းမှုယန္တရား တတိယအကြိမ်အစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဝမ်ရိက ယမန်နှစ်တွင် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်နှင့် “တရုတ်-ထိုင်း ချစ်ကြည်ရေး ရွှေရောင် နှစ် ၅၀” အား အတူတကွဂုဏ်ပြုခဲ့ကြောင်း၊ ဘုရင် မဟာဝဇီရာလောင်ကွန်းက တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်လာရောက်ခဲ့ရာ သမ္မတ ရှီကျင့်ဖိန်က ၎င်းနှင့်အတူ တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်ဝန်း တည်ဆောက်မှုအား တွန်းအားပေးရန်အတွက် အရေးကြီး သဘောတူညီချက်ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံဌာနအသီးသီး ဒေသန္တရဌာနအသီးသီးက ထိရောက်စွာချိတ်ဆက်ပြီး အစွမ်းကုန်အကောင်အထည်ဖော်ခဲ့ရာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ အရည်အသွေးမြင့် အဆင့်မြင့်တက်စေရန် တွန်းအားပေးလိုက်သလို “တရုတ်-ထိုင်းမိသားစုပမာချစ်ကြည်ရင်းနှီးမှု” ၏ အခြေခံအုတ်မြစ်သည်လည်း ပိုမိုခိုင်မြဲလာကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အဖွင့်နှစ်ဖြစ်သလို ထိုင်းနိုင်ငံအစိုးရသစ် စတင်အုပ်ချုပ်သည့်နှစ်လည်းဖြစ်ကြောင်း၊ ပြောင်းလဲရှုပ်ထွေးမှုများ ရောယှက်နေသည့် နိုင်ငံတကာအခြေအနေအား ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့်အတူ စိတ်တူကိုယ်တူ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားလိုကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာ သဘောတူညီချက်ကို လမ်းညွှန်ချက်အဖြစ်ထားရှိကာ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးညှိနှိုင်းမှုယန္တရား၏ စုစည်းစီမံခန့်ခွဲညှိနှိုင်းမှုအခန်းကဏ္ဍကို အသုံးပြုရမည်ဖြစ်ကြောင်း၊ အတူလက်တွဲ၍ ကိုယ်စီ၏ ခေတ်မီအသွင်ပြောင်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးပြီး စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို အတူတကွလက်တွေ့ကျင့်သုံးကာ တရုတ်-ထိုင်း ဆက်ဆံရေး၏ ရွှေရောင် နှစ် ၅၀ အသစ်အားဖွင့်လှစ်၍ ကမ္ဘာ့တောင်ဘက်ခြမ်းက ပူးတွဲကာ မိမိကိုယ်တိုင် အင်အားကောင်းစွာ ရပ်တည်မှုနှင့် ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှု မြှင့်တင်ရေးအတွက် အကျိုးဆောင်မှုအသစ်များ ထမ်းဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံကို အိမ်နီးချင်း သံတမန်ဆက်ဆံရေး၏ အရေးကြီးနေရာ၌ အစဉ်အမြဲထားရှိကာ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှဆက်ဆံမှု၊ အပြန်အလှန်ဖေးမကူညီမှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကိုယ်စီ၏စီးပွားရေးတည်ဆောက်မှုကို မြှင့်တင်ကာ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ထိုင်းနိုင်ငံ၏ ယုံကြည်အားကိုးရသော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အနေဖြင့် ထိုင်းနိုင်ငံအစိုးရသစ်က ပြည်သူများကို ဦးဆောင်၍ မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းလျှောက်လှမ်းမှုကို ထောက်ခံအားပေးပြီး ပိုမိုတည်ငြိမ်သော၊ ပိုမိုစည်ပင်ဝပြောသော၊ ပိုမိုစဉ်ဆက်မပြတ်ဖြစ်သော တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးသွားလိုကြောင်း‌ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံဘက်က တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ နိုင်ငံတော်ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းကြီးကို ဆက်လက်ပြတ်သားစွာ ထောက်ခံအားပေးမည်ဟု ယုံကြည်ကြောင်း၊ နှစ်ဖက်အနေဖြင့် အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို ထိန်းသိမ်းထားပြီး နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချိတ်ဆက်မှုကို မြှင့်တင်၍ ငါးနှစ်လှုပ်ရှားမှုအစီအစဉ် ဗားရှင်းအသစ် ချမှတ်မှုကို စတင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုအား တိုက်ဖျက်ရေးကို မြှင့်တင်၍ လောင်းကစားနှင့် လိမ်လည်မှု အဆိပ်မြစ်ပွားများကို အပြည့်အဝ အမြစ်ဖြတ်ရှင်းလင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံစုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို နီးကပ်စွာလုပ်ဆောင်၍ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို အတူတကွ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအချင်းအချင်း ကွဲလွဲမှုကို လက်နက်အင်အားမသုံးဘဲ တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းရန် အစဉ်အမြဲ လက်ကိုင်ထားကြောင်း၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည်လည်း ထိန်းထိန်းသိမ်းသိမ်းဖြင့် အားလုံးလက်ခံနိုင်မှုကို ဖော်ပြကာ တွေ့ဆုံဆွေးနွေးမှုပတ်ဝန်းကျင် ဖန်တီးခြင်း၊ အပစ်ရပ်မှုအခြေအနေကို ခိုင်မြဲစေခြင်း၊ နှစ်ဖက်ထိတွေ့ဆက်ဆံမှု ပြန်လည်လုပ်ဆောင်ခြင်းတို့ဖြင့် နယ်စပ်အငြင်းပွားမှုကို ဆောလျင်စွာဖြေရှင်းကာ ငြိမ်းချမ်းတည်ငြိမ်သောပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း၊ ထိုင်းနှင့် ကမ္ဘောဒီးယား၏ ဘုံမိတ်ဆွေအနေဖြင့် တရုတ်နိုင်ငံသည် နှစ်ဖက်က အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်၊ ဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်လာရန်အတွက် ဆက်လက်ပြီး ပလက်ဖောင်းတည်ဆောက်ပေးလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Sihasak Phuangketkeow က ထိုင်း-တရုတ်ဆက်ဆံရေးသည် သမိုင်းကြောင်းကြာရှည်သလို နိုင်ငံတကာမိုးဒဏ်လေဒဏ် စမ်းသပ်မှုများကို ကျော်ဖြတ်နိုင်ခဲ့ကာ အစဉ်အမြဲ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား၍ အတူတကွဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အချိန်ကာလကြာရှည်လာသည်နှင့်အမျှ ဆက်ဆံရေးခိုင်မြဲလျက်ရှိကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် တစ်နေ့တခြားနီးကပ်လာပြီး ကဏ္ဍစုံ အပြန်အလှန်အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
မတည်မငြိမ်လှုပ်ခတ်နေသည့် နိုင်ငံတကာအခင်းအကျင်းအား ရင်ဆိုင်ရာတွင် ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား အစဉ်အမြဲ များစွာအလေးထားပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မာစွာကျင့်သုံးကာ ထိုင်း-တရုတ်ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို ခိုင်မြဲစေခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို မြှင့်တင်ပြီး အပြန်အလှန်ချိတ်ဆက်မှု၊ ကုန်သွယ်စီပွား၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး စသည့်ကဏ္ဍစုံတွင် ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှုကို ထဲထဲဝင်ဝင် လုပ်ဆောင်သွားကာ ထိုင်း-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အဆက်မပြတ်ရှေ့သို့တိုးတက်လာစေရန် တွန်းအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို များစွာ ချီးကျူးတန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံညှိနှိုင်းပူးပေါင်းမှုကို မြှင့်တင်ကာ အာရှဉာဏ်ပညာဖြင့် ကမ္ဘာကြီးငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဆောင်ပေးလိုကြောင်း၊ တရုတ်နိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးမှုကို တက်တက်ကြွကြွ မြှင့်တင်ကာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အငြင်းပွားမှုကို ကြားဝင်ညှိနှိုင်းပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားရန် မျှော်လင့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဦးနှစ်ဖက်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၊ အရှေ့အာရှပူးပေါင်းဆောင်ရွက်မှု စသည်တို့နှင့် စပ်လျဉ်း၍ သဘောထားအမြင်ချင်းဖလှယ်ခဲ့ကြရာ ညှိနှိုင်းတွဲဖက်လုပ်ဆောင်မှုကိုမြှင့်တင်ရန်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀ ဗားရှင်းကို တက်ကြွစွာဖန်တီးရန်၊ အပြန်အလှန်ချိတ်ဆက်မှု၊ ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ် စသည့်ကဏ္ဍများတွင် ပိုမိုခိုင်မာသောရလဒ်များ ဖန်တီးရန်၊ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အဆင့်သစ်သို့ တက်လှမ်းရေး တွန်းအားပေးရန် တစ်ပြေးညီသဘောတူညီခဲ့ကြသည်။ (Xinhua)

——————
(Chinese Version)
中泰外长磋商机制举行第三次会议
新华社曼谷4月24日电(记者常天童 刘杨)中共中央政治局委员、外交部长王毅24日在曼谷同泰国副总理兼外长西哈萨举行中泰外长磋商机制第三次会议。
王毅表示,去年中泰共同纪念建交50周年暨“中泰友谊金色50年”,哇集拉隆功国王陛下对华进行首次国事访问,习近平主席同他就推进中泰命运共同体建设达成重要共识,两国各部门各地方高效对接,全力落实,推动各领域合作提质升级,“中泰一家亲”根基更加牢固。今年是中国“十五五”开局之年,也是泰新政府施政起步之年。面对变乱交织的国际形势,中方愿同泰方相向而行,乘势而上,以两国元首战略共识为指引,发挥外长磋商机制统筹协调作用,携手推进各自现代化进程,共同践行真正的多边主义,开创中泰关系新的金色50年,为促进全球南方联合自强和地区和平稳定作出新贡献。
王毅说,中方始终把泰国置于周边外交重要位置,相互尊重,平等相待,守望相助,共同发展,促进各自经济建设,维护地区和平稳定。我们愿继续作泰可信赖的战略合作伙伴,支持泰新一届政府带领人民走好符合自身国情的发展道路,推动构建更为稳定、更加繁荣、更可持续的中泰命运共同体。相信泰方将继续旗帜鲜明支持中国和平统一大业。双方要保持高层交往,增进政治互信;加强发展战略对接,启动制定新版五年行动计划;加大打击跨国犯罪力度,彻底铲除赌诈毒瘤;密切多边协作,共同落实四大全球倡议。
王毅表示,中方历来主张通过对话而非武力解决国与国分歧,希望泰方与柬埔寨展现克制包容,营造对话环境,巩固停火态势,恢复双边接触,尽早解决边境争端,维护和平稳定环境。作为泰柬共同的朋友,中方愿继续为双方重建互信、改善关系搭建平台。
西哈萨表示,泰中关系源远流长,历经国际风云考验,始终同舟共济,共同发展,日久弥坚。近年来两国全面战略合作伙伴关系日益紧密,各领域互利合作深入推进。面对动荡国际格局,泰方将一如既往高度重视对华关系,坚定奉行一个中国政策,夯实泰中关系政治基础。泰方愿同中方加强高层交往,深化互联互通、经贸、打击网赌电诈等各领域全方位合作,推动泰中命运共同体建设不断向前发展。泰方高度赞赏习近平主席提出的四大全球倡议,愿同中方加强多边协调,以亚洲智慧为世界和平发展贡献力量。感谢中方积极劝和促谈,调停泰柬边境争端,期待中方继续发挥建设性作用。
双方还就澜湄合作、东亚合作等交换意见,一致同意加强协调配合,积极打造澜湄合作2.0版,在互联互通、产供链合作、水资源等领域打造更多务实成果,推动澜湄国家命运共同体建设迈上新台阶。(完)
图说:中共中央政治局委员、外交部长王毅4月24日在曼谷同泰国副总理兼外长西哈萨举行中泰外长磋商机制第三次会议。 新华社记者 孙玮彤 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.