Connect with us

Africa & Middle East

အီရန်၏ ဆွေးနွေးညှိနှိုင်းမှုအဆိုပြုချက်အသစ် အမေရိကန် လက်ခံရရှိ

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်ရှိ Serena ဟိုတယ်၏ ပြင်ပမြင်ကွင်းအား ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်အရာရှိတစ်ဦးနှင့် အကြောင်းအရာ သိရှိနားလည်သူ နှစ်ဦးက အီရန်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံမှတစ်ဆင့် ပေးပို့လာသော ဆွေးနွေးညှိနှိုင်းမှုအဆိုပြုချက်အသစ်ကို အမေရိကန်ဘက်မှ လက်ခံရရှိထားကြောင်း အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဧပြီ ၂၆ ရက် သတင်းအရ သိရသည်။
Axios သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အီရန်၏ ဆွေးနွေးညှိနှိုင်းမှုအဆိုပြုချက်အသစ်သည် လက်ဘနွန် Al Mayadeen ရုပ်သံမှ အစောပိုင်းက ထုတ်လွှင့်ခဲ့သည့် အဆင့် (၃) ဆင့်ပါ အီရန်၏ ဆွေးနွေးညှိနှိုင်းမှုမူဘောင်နှင့် ယေဘုယျအားဖြင့် အလားတူကြောင်း၊ အဆိုပါ အဆင့် (၃) ဆင့်ပါ ဆွေးနွေးညှိနှိုင်းမှု၏ အဓိကဦးစားပေးချက် အစီအစဉ်အလိုက်မှာ စစ်ပွဲအဆုံးသတ်ရေး၊ ဟော်မုဇ်ရေလက်ကြားဆိုင်ရာကိစ္စရပ်များနှင့် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများ ပါဝင်ကြောင်း သိရသည်။

အီရန်၏ ဆွေးနွေးညှိနှိုင်းမှုအဆိုပြုချက်အသစ်သည် ပထမဦးစွာ ဟော်မုဇ်ရေလက်ကြားအကျပ်အတည်းနှင့် အမေရိကန်၏ ပိတ်ဆို့ထားမှုအရေးကိစ္စကို ဖြေရှင်းရန် အာရုံစိုက်ထားကြောင်း သတင်းအရင်းအမြစ်နှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
ယင်း အဆိုပြုချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အပစ်ရပ်ရေးကို ရေရှည်သက်တမ်းတိုးသွားမည် သို့မဟုတ် ဘက်ပေါင်းစုံမှ စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ရန် သဘောတူကြရမည်ဖြစ်ပြီး နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများကိုမူ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ခြင်းနှင့် အမေရိကန်၏ ပိတ်ဆို့မှုများ ဖယ်ရှားခြင်း ပြုပြီးမှသာ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်၌ ပါကစ္စတန်ဘက်နှင့် ယင်းအဆိုပြုချက်အသစ်ကို ဆွေးနွေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယူရေနီယံသန့်စင်မှုများကို ကာလရှည်ရပ်တန့်ရန်နှင့် သန့်စင်ပြီး ယူရေနီယံများကို အီရန်နိုင်ငံပြင်ပသို့ ပို့ဆောင်ရန် ဟူသော အီရန်အပေါ် အမေရိကန်၏ တောင်းဆိုချက်များကို မည်သို့တုံ့ပြန်မည်နည်းနှင့်စပ်လျဉ်း၍ အီရန်ခေါင်းဆောင်ပိုင်းအတွင်း၌ ဘုံသဘောတူညီချက် မရရှိသေးကြောင်း အာရက်ဂ်ချီက ပါကစ္စတန်၊ အီဂျစ်၊ တူကီယဲနှင့် ကာတာနိုင်ငံတို့ထံ လွန်ခဲ့သည့်သီတင်းပတ်ကုန်က အတိအလင်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်က ဧပြီ ၂၇ ရက်တွင် ၎င်း၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာအဖွဲ့နှင့် တွေ့ဆုံကာ အီရန်အရေးဆွေးနွေးရန် ရှိကြောင်း သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ၌ ဖြစ်ပေါ်နေသော လိပ်ခဲတည်းလည်း အခြေအနေများနှင့် အီရန်စစ်ပွဲ၏ နောက်တစ်ဆင့်အလားအလာ တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များကို ဆွေးနွေးသွားဖွယ်ရှိကြောင်း ၎င်းတို့အနက် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အကယ်၍ အီရန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် စစ်ပွဲကို ညှိနှိုင်းဆွေးနွေးမှုဖြင့် အဆုံးသတ်လိုပါက အမေရိကန်ထံသို့ စတင်ဆက်သွယ်နိုင်ကြောင်း ထရမ့်က ဧပြီ ၂၆ ရက်အစောပိုင်းတွင် ပြောကြားခဲ့သည်။
“သူတို့ ဆွေးနွေးချင်တယ်ဆိုရင် ကျုပ်တို့ကို လာရှာလို့ရတယ်။ ဒါမှမဟုတ် ဖုန်းဆက်လို့လည်း ရပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
——————-
(Chinese Version)
美国已收到伊朗谈判新方案
新华社华盛顿4月26日电 据美国阿克西奥斯新闻网站26日报道,一名美国官员和两名知情人士表示,美国已收到伊朗通过巴基斯坦转交的谈判新方案。
阿克西奥斯新闻网站报道的伊朗谈判新方案与黎巴嫩“广场”电视台稍早前披露的伊朗三阶段谈判框架大体类似。三阶段谈判重点依次是结束战争、霍尔木兹海峡事宜、核谈判。
阿克西奥斯新闻网站报道援引两名消息人士的话称,伊朗谈判新方案首先聚焦于解决霍尔木兹海峡危机和美国封锁问题。作为该方案的一部分,停火将被长期延长或各方将同意永久结束战事。核谈判只会在霍尔木兹海峡重新开放、美国封锁解除后才开始举行。
报道说,伊朗外长阿拉格齐在巴基斯坦首都伊斯兰堡同巴方讨论了这一新方案。阿拉格齐周末向巴基斯坦、埃及、土耳其和卡塔尔明确表示,就如何回应美国提出的长期停止铀浓缩活动及将浓缩铀运出伊朗的要求,伊朗领导层尚未达成共识。
报道还援引相关人士的话称,预计美国总统特朗普将于27日与其国家安全和外交政策团队就伊朗问题开会。其中一名官员表示,预计此次会议将讨论当前与伊朗谈判的僵局,以及伊朗战事下一阶段的潜在应对方案。
特朗普26日早些时候表示,如果伊朗希望通过谈判结束两国之间的战事,可以主动联系美国。“如果他们想谈,可以来找我们,或者给我们打电话。”(完)

1. 这是4月11日在巴基斯坦首都伊斯兰堡拍摄的塞雷纳酒店外景。新华社发(王申摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.