China
ဗီဇာကင်းလွတ်ဝင်ရောက်မှုများ မြင့်တက်လာသဖြင့် တရုတ်နိုင်ငံ၏ အားလပ်ရက်ခရီးသွားလာမှုများပြား
ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် မေဒေးအားလပ်ရက်ကာလအတွင်း နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုမှာ ခရီးစဉ်ပေါင်း ၁၁.၃ သန်း နီးပါးဖြင့် စံချိန်တင်မြင့်တက်လာခဲ့ပြီး ဗီဇာကင်းလွတ်ခွင့်ဖြင့်ဝင်ရောက်လာသူများ အပါအဝင် နိုင်ငံတကာခရီးသွားဧည့်သည်များလည်း အနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရသည်။
မေလ ၁ ရက်တွင် စတင်ခဲ့သည့် ငါးရက်ကြာ မေးဒေးအားလပ်ရက်ကာလအတွင်း တစ်ရက်လျှင် နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုမှာ ပျမ်းမျှအားဖြင့် ၂.၂၆ သန်းခန့် ရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး မေ ၂ ရက်တွင် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း အမျိုးသား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မေ ၆ ရက်၌ ပြောကြားခဲ့သည်။
ပြည်ပနိုင်ငံသားများက တရုတ်နိုင်ငံသို့ အဝင်အထွက်ခရီးစဉ်များအနေဖြင့် ထိုအားလပ်ရက်ကာလအတွင်း ၁.၂၆ သန်းထိ မြင့်တက်လာခဲ့ရာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၂.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံသို့ ဝင်ရောက်လာသည့်ခရီးစဉ်များအနက် ၄၃၆,၀၀၀ မှာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ရာ ၁၄.၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China’s holiday travel surges as visa-free arrivals rise
BEIJING, May 6 (Xinhua) — China saw a surge in cross-border travel during the May Day holiday, with nearly 11.3 million trips recorded, as an uptick in international visitors, including those entering visa-free, added to the increase.
Border crossings averaged about 2.26 million per day during the five-day holiday that began on May 1, up 3.5 percent from a year earlier and peaking on May 2, the National Immigration Administration said on Wednesday.
Trips by foreign nationals to and from China rose to 1.26 million during the holiday, a 12.5 percent increase from a year earlier. Among those entering China, 436,000 came visa-free, up 14.7 percent.
Phtotp: This drone photo shows tourists visiting Huishan ancient town in Wuxi City, east China’s Jiangsu Province May 3, 2026. (Photo by Zhou Shegen/Xinhua)
