Connect with us

China

ဟော်မုဇ်ရေလက်ကြားအခြေအနေနှင့်ပတ်သက် ၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်မှာ လွန်စွာရှင်းလင်းကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် မေ ၆ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)

ဟော်မုဇ်ရေလက်ကြားအခြေအနေနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်မှာ လွန်စွာရှင်းလင်းပြီး တရုတ်နိုင်ငံဘက်မှ အခြေအနေတင်းမာမှုလျှော့ချရေး၊ တရုတ်သင်္ဘောများနှင့် သင်္ဘောသားများ၏ ဘေးကင်းမှုနှင့် လုံခြုံမှုကို ကာကွယ်ရေးတို့ကို မြှင့်တင်ရန် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မေ ၆ ရက်၌ ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်ဦးဆောင်သော စစ်ရေးလှုပ်ရှားမှုကို တရုတ်နိုင်ငံက ထောက်ခံသင့်သည်ဟူသော အမေရိကန်အရာရှိအချို့၏ ပြောကြားချက်များအပေါ် မှတ်ချက်ပေးရန် ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မေးမြန်းခဲ့ရာ လျင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံးပြန်လည်ရရှိစေရန်အတွက် သက်ဆိုင်ရာ ဘက်အသီးသီးက သတိရှိရှိလုပ်ဆောင်ကြမည်ဟု တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်းလည်း လျင်က ပြောကြားခဲ့သည်။ (Xinhua)

…………….
(English Version)
China’s position on situation of Hormuz quite clear: spokesperson
BEIJING, May 6 (Xinhua) — China’s position on the situation of the Strait of Hormuz is quite clear, and the Chinese side will continue to make efforts to promote the deescalation of the situation and safeguard the safety and security of Chinese ships and crews, Chinese foreign ministry spokesperson Lin Jian said on Wednesday.
Lin made the remarks at a regular news briefing when asked to comment on some U.S. officials’ remarks that China should support the U.S.-led military operation in the Strait of Hormuz.
Lin said that China hopes all relevant parties will act prudently, avoid escalating the situation and resolve disputes through dialogue, in order to restore peace and tranquility in the strait as soon as possible. ■