Connect with us

Business

မြန်မာနိုင်ငံက ဧပြီလတွင် ဆန်တန်ချိန် ၁၆၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဆန်ပြာနေသည့် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမဆုံးလဖြစ်သော ဧပြီလတွင် ဆန်နှင့် ဆန်ကွဲ ၁၆၉,၅၅၉ တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မေလ ၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ၏ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “ဒီကာလအတွင်း ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၁ သန်းလောက် ရရှိခဲ့ပါတယ်” ဟု ဆင်ဟွာသို့ ပြောသည်။
ယခုဘဏ္ဍာနှစ် ဧပြီလ ဆန်တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပိုများခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းကာလအတွင်း မြန်မာနိုင်ငံက ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းတို့မှတစ်ဆင့် နိုင်ငံပေါင်း ၃၀ ကျော်သို့ ဆန်နှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသည် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၇၄ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)