Connect with us

Asia

အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဟု ထိုင်းဝန်ကြီးချုပ် ဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် (အလယ်) အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မေ ၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်က မေ ၇ ရက်တွင် မီဒီယာမေးမြန်းမှုအား ဖြေကြားရာ၌ ၎င်းအနေဖြင့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် တွေ့ဆုံသွားမည်ဟု ပြောကြားခဲ့သည်။ ထိုင်း-ကမ္ဘောဒီးယားဆက်ဆံရေး အရေးကိစ္စအား ကိုင်တွယ်စီမံရာတွင် ထိုင်းနိုင်ငံ အချုပ်အခြာအာဏာနှင့် ထိုင်းပြည်သူများ၏ အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းရေးကို အစဉ်အမြဲ ဦးစားပေးအကြောင်းအရာအဖြစ်ထားရှိကြောင်း ၎င်းက တစ်ချိန်တည်းတွင် ထပ်လောင်းပြောကြားခဲ့သည်။
အနူတင်သည် ထိုနေ့တွင် ကိုယ်စားလှယ်အဖွဲ့အားဦးဆောင်၍ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ပြီး ယခုသီတင်းပတ်အတွင်း ကျင်းပမည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအား တက်ရောက်မည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်လောဟု သတင်းထောက်က မေးမြန်းရာတွင် အနူတင်က “သေချာပေါက် တွေ့ဆုံမှာပါ။ ဒါပေမဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတော့ မဟုတ်လောက်ပါဘူး” ၊ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်နိုင်ငံအနေဖြင့် အုပ်စုငယ်ဆွေးနွေးမှု စီစဉ်နိုင်ကြောင်း ပြောကြားခဲ့သည်။ မည်သည့်ဆွေးနွေးမှုမဆို ထိုင်းနိုင်ငံအတွက် အကျိုးပြုရမည်ဖြစ်ပြီး ထိုင်းနိုင်ငံ အချုပ်အခြာအာဏာနှင့် ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း ၎င်းက တစ်ချိန်တည်းတွင် ထောက်ပြခဲ့သည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ ကန်ဒယ်ပြည်နယ်ရှိ တက်ဟိုအပြည်ပြည်ဆိုင်ရာလေဆိပ် ပန္နက်တင်အခမ်းအနား၌ အမှာစကားပြောကြားနေသော ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
泰国总理:将与柬埔寨首相在东盟峰会期间会面
新华社曼谷5月7日电(记者常天童 陈倩慈)泰国总理阿努廷7日接受媒体采访时表示,他将在第48届东盟峰会期间与柬埔寨首相洪玛奈会面。他同时重申,处理泰柬关系问题时将始终以维护泰国主权和泰国人民利益为首要条件。
阿努廷当天率代表团启程前往菲律宾,参加定于本周举行的第48届东盟峰会。在被记者问及是否会与柬埔寨首相会面,阿努廷表示,“肯定会会面,但可能并非双边会晤”,菲律宾作为东道主,可能会安排小组讨论。他同时指出,任何讨论都必须有益于泰国,维护泰国主权和人民利益。(完)
Caption 1:Thailand’s Prime Minister Anutin Charnvirakul (C) attends a press conference in Bangkok, Thailand, Jan. 15, 2026.
Caption 2:Cambodian Prime Minister Hun Manet speaks during the inauguration ceremony of the Techo International Airport (TIA) in Kandal Province, Cambodia, Oct. 20, 2025.