China
တိုကျိုရုံးတင်စီရင်မှု တရားရုံးမှတ်တမ်း အပြည့်အစုံဘာသာပြန်ဆိုမှုကို ထုတ်ဝေခြင်းက ဂျပန်စစ်ဝါဒီ၏ ကျူးကျော်သည့်ပြစ်မှုသည် ဖော်ပြ၍မကုန်ဆုံးနိုင်ကြောင်းကို ထပ်မံဖော်ပြလိုက်ခြင်းဖြစ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)
ဂျပန်စစ်ဝါဒီ၏ ကျူးကျော်သည့်ပြစ်မှုသည် ဖော်ပြ၍မကုန်ဆုံးနိုင်ဘဲ သက်သေများမှာ သံမဏိပမာ ခိုင်မြဲကြောင်းကို “အရှေ့ဖျား နိုင်ငံတကာ စစ်ရေးခုံရုံး တရားရုံးမှတ်တမ်း- အပြည့်အစုံဘာသာပြန်ဆိုမှု” ကို ထုတ်ဝေခြင်းနှင့် တိုကျိုရုံးတင်စီရင်မှု (Tokyo Trial) တွင် ပါဝင်ခဲ့သည့် အမေရိကန် လက်ထောက်အစိုးရရှေ့နေ David Nelson Sutton ၏ ဒိုင်ယာရီအား ထုတ်ဖော်ပြသမှုက ထပ်မံဖော်ပြနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မေ ၈ ရက်တွင် ပြောကြားခဲ့သည်။
တိုကျိုရုံးတင်စီရင်မှု စတင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်နေ့ အခါသမယတွင် “အရှေ့ဖျား နိုင်ငံတကာ စစ်ခုံရုံး တရားရုံးမှတ်တမ်း- အပြည့်အစုံဘာသာပြန်ဆိုမှု” စာအုပ်ကို တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ကြောင်း၊ သက်ဆိုင်ရာ တရားရုံးမှတ်တမ်းသည် တိုကျိုရုံးတင်စီရင်မှု၏ အဓိကသမိုင်းစာရွက်စာတမ်းဖြစ်ကာ တရားရုံး၏ နှစ်နှစ်ကျော်ကြာ စီရင်မှုဖြစ်စဉ်အားလုံးကို အပြည့်အဝ မှတ်တမ်းတင်ထားကြောင်း၊ တိုကျိုရုံးတင်စီရင်မှုတွင် ပါဝင်ခဲ့သည့် အမေရိကန် လက်ထောက်အစိုးရရှေ့နေ David Nelson Sutton ၏ ကိုယ်တိုင်ရေးသားသော ဒိုင်ယာရီကိုလည်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု ထိုနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်က မေးမြန်းခဲ့သည်။
လျင်ကျန့်က တိုကျိုရုံးတင်စီရင်မှုသည် ခုံရုံးဖွင့်စီရင်မှု ၈၁၈ ကြိမ်ရှိခဲ့ပြီး လူသက်သေ ၄၁၉ ဦး တရားရုံးသို့ လာရောက်ခဲ့ကာ သက်သေစုစုပေါင်းအရေအတွက် ၄,၃၃၆ ခုနှင့် အင်္ဂလိပ်ဘာသာဖြင့် တရားရုံးမှတ်တမ်း စာမျက်နှာ ၅၀,၀၀၀ နီးပါးရှိကြောင်း၊ ယင်းသည် ဂျပန်စစ်ဝါဒီက အာရှတိုက်နိုင်ငံများစွာတွင် စစ်ပွဲအကြမ်းဖက်လုပ်ရပ် ကျူးလွန်ခဲ့ခြင်းကို ဖော်ပြလိုက်ပြီး ဂျပန်စစ်ဝါဒီက ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့သည်ဟု စီရင်ချက်ချကာ ဖက်ဆစ် စစ်ရာဇဝတ်သားများကို လူသားမျိုးနွယ်သမိုင်း၏ ရှက်ရွံ့ဖွယ်စာရင်းတွင် ရာသက်ပန်ခတ်နှိပ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဂျပန်စစ်ဝါဒီတွေ ကျူးကျော်တဲ့ပြစ်မှုဟာ ဖော်ပြ၍မကုန်ဆုံးနိုင်ဘဲ သက်သေတွေဟာ သံမဏိပမာ ခိုင်မြဲကြောင်းကို တရားရုံးမှတ်တမ်း အပြည့်အစုံဘာသာပြန်ထုတ်ဝေမှုနဲ့ David Nelson Sutton ရဲ့ ဒိုင်ယာရီ ထုတ်ဖော်ပြသမှုက ထပ်မံဖော်ပြနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
နှစ်ပေါင်း ၈၀ ကျော်လွန်လာသော်လည်း ဂျပန်လက်ယာယိမ်းအင်အားစုများက သမိုင်းကို နက်နက်ရှိုင်းရှိုင်း ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းမရှိသေးဘဲ ကျူးကျော်သည့်ပြစ်မှုကို အစွမ်းကုန်တန်ဆာဆင်ကာ ဂျပန်လူမှုအသိုက်အဝန်းထံ မှားယွင်းသော သမိုင်းအမြင်များ သွတ်သွင်းလျက်ရှိကြောင်း၊ အချို့သော နိုင်ငံရေးပုဂ္ဂိုလ်များသည် A အဆင့် စစ်ရာဇဝတ်သားများကို ဂုဏ်ပြုထားသည့် “ယာဆူကူနီဂူဗိမာန်” သို့ မကြာခဏ သွားရောက်ဂုဏ်ပြုနေကြောင်း၊ “ဒါကအခြေခံအားဖြင့် တိုကျိုရုံးတင်စီရင်မှု သမိုင်းအတည်ပြုချက်ကို ငြင်းပယ်ဖို့၊ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို စိန်ခေါ်ဖို့ ကြိုးပမ်းမှုပဲဖြစ်ပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က လတ်တလောရက်ပိုင်းတွင် တိုကျိုရုံးတင်စီရင်မှုက တရားဥပဒေနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအလွှာတွင် အရေးကြီး အနက်အဓိပ္ပာယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံ အကြီးအကဲဟောင်းကလည်း ဂျပန်အနေဖြင့် အဘယ်ကြောင့် စစ်ပွဲဆီသို့ ဦးတည်ခဲ့သည်ကို ပြန်လည်မဆန်းစစ်ပါက သမိုင်းအခြေအနေမှာ မလွဲမသွေ တစ်ကျော့ပြန်ဖြစ်ပွားမည်သာဖြစ်သဖြင့် ကြေကွဲဖွယ်ဖြစ်ရပ် ထပ်မံဖြစ်ပွားခြင်းကို လုံးဝခွင့်ပြု၍မရကြောင်း၊ စစ်ရှုံးသည်မှာ နှစ်ပေါင်း ၈၀ ကြာပြီဖြစ်ပြီး စစ်ပွဲထပ်မံစတင်၍မရသလို ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို ကျူးကျော်မှုအတွက် ကိရိယာအဖြစ်လည်း လုံးဝအသုံးပြု၍မရဟု တရားဝင်ထုတ်ဖော်ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။
“သမိုင်းဖြစ်ရပ်မှန်ကို ဖျောက်ဖျက်လို့မရသလို တရားမျှတမှုရဲ့နောက်ဆုံးစည်းမျဉ်းကိုလည်း ဝေဝါးသွားအောင် လုပ်ဆောင်လို့မရပါဘူး၊ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို ပို၍စိန်ခေါ်လို့မရပါဘူး” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ “ကမ္ဘာပေါ်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတိုင်းက ကျူးကျော်မှုအပြစ်အပေါ် ပြောင်းပြန်လှန်ဖို့ကြိုးပမ်းတာကို လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး။ ဂျပန် ‘စစ်ရေးဝါဒပုံစံအသစ်’ ရဲ့ဆင်ခြင်မဲ့လုပ်ရပ်ကို ခိုင်ခိုင်မာမာ ဖယ်ကြဉ်တားဆီးရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部:东京审判庭审记录全译本的出版再次说明日本军国主义侵略罪行罄竹难书
新华社北京5月8日电(记者董雪、王宾)外交部发言人林剑8日表示,《远东国际军事法庭庭审记录·全译本》的出版和参与东京审判的美国副检察官萨顿日记的披露再次说明,日本军国主义侵略罪行罄竹难书、铁证如山。
当日例行记者会上,有记者问:在东京审判开庭80周年纪念日之际,《远东国际军事法庭庭审记录·全译本》在中国首发,有关庭审记录是东京审判的核心历史文献,完整记载了法庭长达两年多的全部审理过程。参与东京审判的美国副检察官萨顿的亲笔日记也首次披露。请问中方对此有何评论?
林剑表示,东京审判历经818次开庭,419名证人出庭,证据总数4336件,英文庭审记录近5万页,揭露日本军国主义在亚洲多国犯下的战争暴行,判定日本军国主义发动侵略战争,把法西斯战犯永远钉在人类历史的耻辱柱上。
“庭审记录全译本的出版和萨顿日记的披露再次说明,日本军国主义侵略罪行罄竹难书、铁证如山。”他说。
林剑表示,80年过去了,日本右翼势力却始终未能深刻反省历史,极力美化侵略罪行,向日本社会灌输错误的历史观,一些政客还频繁参拜供奉甲级战犯的所谓“靖国神社”。“这实质是企图否定东京审判历史定论,挑战战后国际秩序。”
他说,俄罗斯外交部发言人近日表示,东京审判在法律和全人类层面都具有重要意义。日本前领导人也公开表示,如果不检视日本为何走向战争,历史必定会重演,绝不能让悲剧再次发生;战败已过去八十年,绝不能再次发动战争,也绝对不能将自卫队用作侵略的工具。
“历史真相不容抹杀,正义底线不容模糊,战后国际秩序不容挑战。”林剑说,“世界上一切爱好和平的人士绝不允许有人为侵略罪行翻案,坚决抵制遏制日本‘新型军国主义’的妄动。”(完)
