Connect with us

North America

အမေရိကန်စားသုံးသူယုံကြည်မှုညွှန်းကိန်း ဆက်လက်ကျဆင်း၊ ငွေကြေးဖောင်းပွမှု ခန့်မှန်းချက် အမြင့်တွင် ဆက်လက်ရပ်တည်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စတိုးဆိုင်တစ်ဆိုင်တွင် ကုန်ပစ္စည်း ရွေးချယ်ဝယ်ယူနေသူအား ၂၀၂၆ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မေ ၉ ရက် (ဆင်ဟွာ)

အီရန်စစ်ရေးကြောင့် ဓာတ်ဆီဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာကာ မေလ၏ အမေရိကန်စားသုံးသူယုံကြည်မှုသည် သုံးလဆက်တိုက် ကျဆင်းသွားကြောင်း အမေရိကန် မီချီဂန်တက္ကသိုလ်၏ မေ ၈ ရက်က ထုတ်ပြန်သော ကနဦးစစ်တမ်းအချက်အလက်များတွင် ပြသထားသည်။
၂၀၂၆ ခုနှစ် မေလ၏ အမေရိကန်စားသုံးသူယုံကြည်မှုညွှန်းကိန်း ကနဦးတန်ဖိုးမှာ ၄၈.၂ ဖြစ်ရာ ဧပြီလ၏ နောက်ဆုံးတန်ဖိုး ၄၉.၈ ထက် နိမ့်ကျသွားသလို ၂၀၂၅ ခုနှစ် မေလရှိ နောက်ဆုံးတန်ဖိုး ၅၂.၂ ထက် နိမ့်ကျသွားကြောင်း စစ်တမ်းတွင် ပြသနေသည်။
မီချီဂန်တက္ကသိုလ်က ထုတ်ပြန်သော မေလ လက်ရှိစီးပွားရေးအခြေအနေညွှန်းကိန်း၏ ကနဦးတန်ဖိုးမှာ ၄၇.၈ ရှိပြီး ဧပြီလ၏ နောက်ဆုံးတန်ဖိုး ၅၂.၅ ထက် နိမ့်ကျသွားသလို ယမန်နှစ် မေလ နောက်ဆုံးတန်ဖိုး ၅၈.၉ ထက် နိမ့်ကျခဲ့သည်။ စားသုံးသူ မျှော်လင့်ချက်ညွှန်းကိန်း ကနဦးတန်ဖိုးမှာ ၄၈.၅ ရှိပြီး ဧပြီလ နောက်ဆုံးတန်ဖိုး ၄၈.၁ ထက် မြင့်မားပြီး ယမန်နှစ် မေလ နောက်ဆုံးတန်ဖိုး ၄၇.၉ ထက် မြင့်မားကြောင်း သိရသည်။
ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်မှုများသည် စားသုံးသူယုံကြည်မှုအား ဆက်တိုက်ကျဆင်းစေသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ ငွေကြေးဖောင်းပွမှုအား မြှင့်တင်ပေးသည့် အကြောင်းရင်းများနှင့် စပ်လျဉ်း၍ စားသုံးသူ သုံးပုံတစ်ပုံခန့်က ဓာတ်ဆီဈေးနှုန်းဟု ဖော်ပြခဲ့ပြီး အခြား ၃၀ ရာခိုင်နှုန်းခန့်ကမူ စည်းကြပ်ခွန်ဟု ဖော်ပြခဲ့ကြသည်။ ခြုံငုံပြောရလျှင် စားသုံးသူများသည် ကုန်ကျစရိတ်ဖိအားများ ရိုက်ခတ်မှုကို ဆက်လက်ခံစားနေရဆဲဖြစ်ကြောင်း၊ ယင်းအနက် ရေနံဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းသည် သိသာထင်ရှားဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
စားသုံးသူများ၏ လာမည့်တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်သည် ဧပြီလ၏ ၄.၇ ရာခိုင်နှုန်းမှ ၄.၅ ရာခိုင်နှုန်းသို့ အနည်းငယ် ကျဆင်းသွားသော်လည်း ဤကိန်းဂဏန်းမှာ ဖေဖော်ဝါရီလ၏ ခန့်မှန်းချက်၊ အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများ မစတင်မီ ထုတ်ပြန်ခဲ့သော ၃.၄ ရာခိုင်နှုန်းထက် လွန်စွာ မြင့်မားနေသေးကြောင်း သိရသည်။
ထောက်ပံ့မှု ပြတ်တောက်သည့်ကိစ္စရပ်များ အပြည့်အဝ ဖြေရှင်းမှု ရရှိခြင်း၊ စွမ်းအင်ဈေးနှုန်းများ ကျဆင်းသွားခြင်း မရှိသေးသရွေ့ ဈေးကွက်သဘောတရားကို သိသိသာသာ မြှင့်တင်ရန် ခက်ခဲကြောင်း သုံးသပ်သူများက ယူဆကြသည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စတိုးဆိုင်တစ်ဆိုင်တွင် ဈေးနှုန်းကြည့်ရှုနေသော ဈေးဝယ်သူအား ၂၀၂၆ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(Chinese Version)
美国消费者信心指数继续下滑 通胀预期保持高位
新华社纽约5月8日电(记者徐静)美国密歇根大学8日发布的初步调查数据显示,由于伊朗战事导致汽油价格飙升,通胀担忧上升,5月份美国消费者信心连续第三个月下滑。
调查显示,美国2026年5月份消费者信心指数初值为48.2,环比低于4月份的终值49.8,同比低于2025年5月份的终值52.2。
密歇根大学发布的5月份当前经济状况指数初值为47.8,环比低于4月份的终值52.5,同比低于去年5月份的终值58.9。消费者预期指数初值为48.5,环比高于4月份的终值48.1,同比高于去年5月份的终值47.9。
调查显示,通胀担忧是导致消费者信心持续下滑的主要原因。至于通胀推手,约三分之一消费者提到汽油价格,另有约30%的消费者提到关税。总而言之,消费者仍然感受到成本压力的冲击,其中,油价飙升尤为突出。
尽管消费者未来一年通胀预期从4月份的4.7%小幅回落至4.5%,这一数字仍远高于2月时的预期、即美国对伊朗发起军事行动前公布的3.4%。
分析人士认为,在供应中断问题得到完全解决、能源价格下降之前,市场情绪很难得到显著提振。(完)
图说1:5月8日,顾客在美国纽约一家商店选购商品。新华社记者张凤国摄
图说2:5月8日,顾客在美国纽约一家商店查看价签。新华社记者张凤国摄